Thursday, February 25, 2010

အခုတလောနားထောင်ဖြစ်သော သီချင်း

အခုတလော Hoobastank ဆိုထားတဲ့ The Reason ဆိုတဲ့သီချင်းလေးကို နားထဲစွဲနေတယ်။ ခဏ ခဏနားထောင်ဖြစ်တယ်။ ရုံးလည်းဒီသီချင်း ၊ အိမ်မှာလည်း ဒီချင်းပဲနားထောင် ဖြစ်နေတယ်။ ဖုန်း Ringtone ကိုတောင် ဒီသီချင်းလေးပြောင်းထားတယ်။ ဒီသီချင်းရဲ့ အဓိပ္ပာယ် လေးက ကောင်းတယ်လို့ထင်မိတယ်။ ခရေညို က သီချင်းတစ်ပုဒ်ကို ကြိုက်မိပြီဆိုရင် ခဏခဏကို နားထောင်တော့ တာပဲ။ အခုဒီ The Reason ဆိုတဲ့သီချင်းကို သားကြီးတောင် အလွတ်နီးပါးရနေပြီ။ ကဲနားထောင်ကြည့်ကြပါအုန်းနော့။


I'm not a perfect person
There's many things I wish I didn't do
But I continue learning
I never meant to do those things to you
And so I have to say before I go
That I just want you to know

I've found a reason for me
To change who I used to be
A reason to start over new
and the reason is you

I'm sorry that I hurt you
It's something I must live with everyday
And all the pain I put you through
I wish that I could take it all away
And be the one who catches all your tears
Thats why i need you to hear

I've found a resaon for me
To change who I used to be
A reason to start over new
[and the reason is You ]x 4

I'm not a perfect person
I never meant to do those things to you
And so I have to say before I go
That I just want you to know

I've found a reason for me
To change who I used to be
A reason to start over new
and the reason is you

I've found a reason to show
A side of me you didn't know
A reason for all that I do
And the reason is you




ခင်မင်စွာဖြင့်
အညာမှ
ခရေညို

ကိုယ့်အကြိုက်များ

ခရေညို့ကို တိုရင်ချီသူ ဆိုတဲ့ ကြောင်ကလေးက Tag ထားတာ ကိုယ့်အကြိုက်တဲ့။သူရေးခိုင်းတာက အသုံးအဆောင် ဆိုတော့ အစားအသောက်တွေ ကိုတော့ ထည့်မရေးတော့ပါဘူး (တကယ်တော့ကိုယ့်အကြိုက် အစားအသောက် ကိုရေးချင်လို့းP )

ရေးမယ် ရေးမယ်နဲ့ အလုပ်များချင်ယောင်ဆောင်ပြီး မရေးဖြစ်တာ



ခရေညိုက တော့ မိန်းမပီပီ (ဒီနေရာမှာပဲ မိန်းမပီသတာ )အီလက်ထရောနစ်ပစ္စည်းတွေတော့မကြိုက်ဘူး။ ခရေညိုက မိန်းကလေးဆိုတော့
အလှပြင်တဲ့ ပစ္စည်းတွေကိုကြိုက်တယ် (အလှပြင်တာကိုပြောတာမဟုတ်ပါ ခွဲခြားပြီသိစေလိုပါသည် ) အထူးသဖြင့် နှုတ်ခမ်းနီ ဗူးတွေကိုကြိုက်တယ် တခါတလေဆို Expo မှာဈေးချ တယ်ဆိုရင် နှုတ်ခမ်းနီဗူးကိုအဲဒီအထိကိုသွားဝယ်သေးတာ။ အဲလောက်တောင် နှုတ်ခမ်းနီ ဗူးတွေကိုကြိုက်တာ။ပြီးတော့ ခရေညိုတို့ မိသားစုမှာက မိန်းကလေးဆို ခရေညို တယောက်တည်း။ အဲဒီတော့ နှုတ်ခမ်းနီ ဗူးသုံးတဲ့သူက တယောက်တည်း။ ကိုယ်ကလည်း ဆိုးလည်းသိပ်မဆိုးဖြစ်ပါဘူး ဝယ်ပြီးစုထားတာကို ကြိုက်တယ် ။



ပြီးတော့ ဖိနပ်ဆိုရင်လည်း ခရေစီဖြစ်တယ်၊ ဟောင်းပြီးစုတ်ပြတ်နေရင်

တောင် လွှင့်ပြစ်ရမှာနှမြောလို့ သိမ်းထားတာ ဖိနပ်စဉ်မလောက်လို့ အိမ်ကလူကြီးနဲ့ နှောင်ဂျိမ်ပလေးရတာ ခဏခဏပဲ ။ တစ်လကို နှစ်ရံနှုန်း

လောက်ကိုဝယ်လို့ စကားများရတာလဲ အခါပေါင်းမနဲတော့ဘူး။ ရုံးမှာစီးတဲ့ဖိနပ်ဆိုတာလဲ ၅ ရံရှိတယ် အဲလောက်ကိုဖိနပ်ကြိုက်တယ်။ ခရေညို ကိုယ့်အတွက်တင်မကဘူး သားတွေအတွက်ပါကြုံရင်ကြုံသလို ဖိနပ်ဝယ်ပေးလိုက်သေးတယ်။ ခရေညို တို့အမိမြေပြန်တော့ ဖိနပ်တွေကို အိတ်တစ်လုံးနဲ့အပြည့်ပဲ.ဟိုကလူတွေကရောင်းဖို့ လားလို့တောင်အမေးခံရတဲ့အထိပါပဲ။ ဟီး အဲဒီလောက်ကို ကြိုက်တာ။



နောက်အသုံးအဆောင်ကတော့ အိတ်တွေကိုလည်းရမ်းကြိုက်တယ်။ အိတ်ဆိုရင် အကြွေစေ့ ထည့်တဲ့အိတ်ကစပြီး ခရီးဆောင်အိတ်အဆုံးကိုကြိုက်တာ။
တခါတလေဆို ပလတ်စတစ် အိတ်တောင်လှရင် လွင့်မပြစ်ပဲသိမ်းထားတာ။ အဲလိုသိမ်းထားလွန်းလို့ အိမ်ကစတိုခန်းထဲမှာဆို ဖိနပ်တွေ အိတ်တွေနဲ့ ပြည့်နေတာ။ ပြီးတော့ မိန်းမ မပီသစွာနဲ့ပဲ ဖန်စီ ပစ္စည်းတွေဆို လုံးဝ(လုံးဝ) ကိုမကြိုက်ရေးချမကြိုက်။(ဘာမှမဆိုင်ဘူး) ရေးခိုင်းတဲ့သူက ကိုယ့်အကြိုက် ပါဆို :)



တိုရင်ချီတူ
ရေ ကျေနပ်မယ်လို့ထင်ပါတယ်။ နောက်ကျမှ ရေးတဲ့အတွက် ဆောရီးပါ။ အခုလို ခရေညို.ကို ခင်မင်စွာနဲ့ သတိတရ ရေးခိုင်း
တဲ့အတွက် ကျေးဇူးပါ။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Tuesday, February 23, 2010

တရုတ်နှစ်သစ်ကူး နေ့လည်စာ

သူများတကာတွေရုံးမှာဆို တရုတ်နှစ်သစ်ကူးပွဲတော် ညစာစားပွဲ ဒါမှမဟုတ် နေ့လည်စာကို ရုံးတွေမပိတ်ခင် ကျင်းပကြတယ်လို့သိရပါတယ်။

ခရေညို တို့ ရုံးကတော့ ရက်ရှည်ပိတ်ပြီးပြန်ဖွင့်မှကျင်းပလေ့ရှိပါတယ်။ ရုံးတွေပြန်ဖွင့်တော့ ရုံးကလူတွေကို သူဌေးကနေ့လည်စာလိုက်ကြွေးပါတယ်။

ဒါကတော့ တရုတ်နှစ်သစ်ကူးစာ ပေါ့ (ဘယ်လိုခေါ်ရမယ်မသိလို့)။
စားလို့တော့မဆိုးပါဘူး။

ဒါကတော့ ခရေညို့အတွက် ။

ကော်ပြန့်စိမ်းနဲ့တူတယ် အထဲကတော့ဘဲသားနဲ့။

ဒါကတော့ ငါးကင်ပေါ့။

တိုဟူးပြားကြော်။

ပုဇွန်ကြော်။

ဒါကတော့ မှိုနဲ့ အသီးအရွက်တဲ့။

ဒါလေးကခရေညို့အတွက် ဘဲသားနဲ့ ကိုက်လံကြော် ။

ဒီထမင်းနဲ့ ငါးမန်းတောင်ဟင်းချိုက ခရေညို့အတွက်ပေါ့။ ငါးမန်းတောင် ဟင်းချိုကတော့

အရမ်းကောင်းတယ်။

ရေနွေးကြမ်း။

ရေအေးအေးလေးကတော့ အကုန်လုံးစားပြီးမှသောက်ခဲ့တာ ရေအရင်သောက်ရင် အများကြီးမစားနိုင်မှာဆိုးလို့ :)

ဒါကအချိုပွဲတဲ့ အုန်းနို့တွေများလို့မစားခဲ့ပါ။ နောက်နှစ်လည်းဒီထက်မကကြွေးနိုင်ပါစေလို့ သူဌေးကိုဆုတောင်း ပေးခဲ့တယ်...............။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Tuesday, February 16, 2010

စားဖြစ်ခဲ့တဲ့ Chilli Crab

တရုတ်နှစ်သစ်ကူးရောက်တိုင်း ခရေညို ကတော့ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင်အရမ်းကို ပျော်တယ်။ ( ရုံးပိတ်ရက်ကရှည်တာကိုး............ ) အိမ် မှာတခုခု လုပ်စားကြသလို အပြင်လည်း သွားစားဖြစ်ကြတယ်။


ခရေညို ရဲ့ သူဌေးက တရုတ်လူမျိုးဆိုတော့ ဘောနပ် က
ို( ကားဘောနပ် မဟုတ်ပါ ) သူတို့ နှစ်သစ်ကူးမတိုင် ခင် ပေးလေ့ရှိတယ်။ အဲဒီတော့ ခရေညိုက အိမ်ကမိသားစုကို အပြင်မှာ ကြွေးဖို့တာဝန်ပေါ့။အပြင်သွားစားမယ်ဆိုတော့ ကိုယ်စားချင်တဲ့ဆိုင်ကဖွင့်ရဲ့လားဆိုတာ ပထမဆုံး စုံစမ်းရတာပေါ့။ ဂဏန်းစားဖို့ဆုံးဖြတ်ခဲ့ကြတယ် (ကိုယ်ကစားချင်တာကိုး ) အရင်သွားစားဖူးတဲ့ဆိုင်က ဂေလမ်း က ဆိုင် အဲဒီဆိုင်ကိုဖုန်း ခေါ်ကြည့်တော့ ပိတ်တယ်တဲ့။


တော်သေးတာပေါ့ တခြားဆိုင်ခွဲတွေက ဖွင့်လို့။ အဲဒါနဲ့ Vivo City က ၃ ထပ်မှာရှိတဲ့
No Singboard ဆိုတဲ့ဆိုင်ကိုသွားစားခဲ့ကြတယ်။ အစားအသောက်ကောင်းစားရရင် သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေကိုသတိရ တတ်ကြတယ်လေ။
ခရေညိုးလည်း အဲလိုပဲပေါ့ ။




ဒါကတော့ ခရေညို သောက်ခဲ့တဲ့ တရုတ်ရေနွေးကြမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးး



ဝက်သားကြော် စားလို့အရမ်းကောင်းတယ်.............:)







ဂဏန်းဟင်းကတော့ ခရေညို့ အကြိုက်ဆုံးပေါ့။


ဓာတ်ပုံတွေက သားအကြီးရိုက်တာလေ။ အပျော်တမ်းရိုက်ခဲ့တဲ့အတွက် ပုံတွေကသိပ်မကောင်းပါဘူးနော်။ ခရေညို ကအစားငမ်းနေတဲ့အတွက် ဓာတ်ပုံရိုက် ဖို့သတိမရပါ။


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Tuesday, February 9, 2010

ကလေးဘဝ အမှတ်တရများ

ကျမငယ်ငယ်ကဆို အရမ်းဆိုးခဲ့တယ်လို့ အမေကပြောတယ်။ ကျမဆိုးတာကလည်း မိဘမောင်နှမတွေ အပေါ် မဟုတ်ပဲနဲ့ ရွာထဲမှာပဲဆိုးတာတဲ့။ တနည်းအားဖြင့် ရွာ့အော်ကျောလံပေါ့။ အမေက ကျမ နဲ့ ကျမအထက်က အမကို ၆ နှစ်လောက် ခြားပြီးမှရခဲ့တာလေ။



ကျမကို မွေး
ပြီး တစ်နှစ် လောက်မှာ ကျမမောင်လေး ကိုယ်ဝန် ရလာတယ်။ မွေးလာတော့ ကျမနဲ့ ၂ နှစ် နီးပါးပဲကွာတယ်။ မောင်လေး နဲ့ ကျမကို အမွှာတွေလိုပဲ အမေက ပြင်ဆင်ပေးတယ်။ အဲဒီတော့ အဝတ်တွေက ယောက်ျားလေး ပုံ ဆံတွေပဲ ကျမကဝတ်ရတာပေါ့။



မောင်လေးက မိန်းကလေး ပုံတွေဝတ်လို့မှမ ဖြစ်တာ။ မောင်လေး မွေးခါစက အသားကနီနီ လေးမို့ "ဘိုနီ" လို့ပဲ အလွယ်တကူ ပေးလိုက်ကြတယ်။ ကျမက
လည်းမောင်လေးဘိုနီ ကိုအရမ်းချစ်တာ။ ကစားဖော်ကလည်းသူပဲပေါ့။မောင်လေးက လည်း ကျမကို အရမ်းချစ်တယ်။

အိမ်မှာ မုန့်တစ်ခု တည်းရှိလို့ ကျမကို ဖြစ်ဖြစ် မောင်လေးကိုဖြစ် တစ်ယောက်တည်းကိုကြွေးလို့မရဘူး။

အမကြီးက



"မောင်လေးဘိုနီ ရေ ရော့ ဒီမှာ မုန့်တစ်ခု တည်းရှိတာ နင်ပဲစားလိုက် နင့်အမကို

သွားမပြောနဲ့နော်" လို့



တစ်ယောက်တည်းကို ကြွေးရင် မောင်လေးကစားပြီးသွားရင် ကျမကိုလာပြောတယ်။ ကျမကလည်း အဲလိုပဲ ဆိုတော့ အမေနဲ့ အမတွေက တစ် ခုတည်းရှိရင် တစ်ဖဲ့ဆီပေးရ တာတို့နှစ် ခု ဝယ်ရတာတို့ အလေ့အကျင့် ဖြစ်သွားတယ်။



တစ်နေ့တော့ ကျမတော့ မောင်နှမ ရွာထဲမှာ သွားကစား ကျတာ ရန်ဖြစ်ပြီး ပြန်ခဲ့ကြတယ်။

ရန်ဖြစ်တဲ့ ကောင်လေးက နှစ်ယောက် ၊ ကျမတို့က နှစ်ယောက်ပေါ့ ဘာကြောင့် ရန်ဖြစ်တယ် ဆိုတာအတိအကျ မမှတ်မိပေပေမဲ့ သူတို့ကနိုင်သွားတယ်ဆိုတာ တော့ ကျမ မှတ်မိနေသေးတယ်။



အဲဒီကောင်လေးနာမည်က ဘိုဌေးနဲ့ အောင်မောင်းတဲ့။ သူတို့မှာ ကျောင်းနာမည်တော့ရှိပေမဲ့ ကျမတို့ကတော့ အဲလိုပဲခေါ်ကြတယ်။

ဘိုဌေးရဲ့ အဖိုးက ဦးဘိုနီတဲ့။ မောင်လေးနာမည်နဲ့အတူတူပဲ ကျမတို့ကတော့ ဘကြီးဘိုနီ လို့ခေါ်ကြတယ်။အောင်မောင်း ရဲ့အဖိုးနာမည်က တော့ ဦးမောင်လေး၊ ဘကြီးမောင်လေးပေါ့။

ကလေးတုန်းကတော့ ကစားရင်းရန်ဖြစ်တာမဆန်းပါဘူး။ ဒါပေမဲ့ ကျမ သူတို့ကို

အရမ်းစိတ်ဆိုးတယ် ။ သူတို့ကနိုင်သွားတာကိုး ကိုယ်ကနိုင်ရင်တော့ တမျိုးပေါ့ :)



အဲလိုရန်ဖြစ်ပြီး နှစ်ရက်လောက်ကြာတော့ ဘိုဌေး တို့အိမ်ရှေ့ကို ကျမကသွားပြီး မောင်လေးကို ပုံးခိုင်းလိုက်တယ်
ပြီးတော့မှ



" ဘိုနီ ရေ ဘိုနီရေ "



အာပြဲကြီးနဲ့ ခေါ်လိုက်တယ်။ ဒါပေမဲ့ မောင်လေးနဲ့က ဇာတ်တိုက်ထားတာဆိုတော့ သူကထွတ်မလာပါဘူး။
နောက်တစ်ခေါက်



" ဘိုနီ ရေ ဘိုနီရေ "



ထပ်ခေါ်လိုက်ပြန်တယ်။ ဒါလည်းဘိုနီက ထွတ်မလာပဲ ဘိုဌေး တို့ အမေကထွတ်လာပြီး



" ဟဲ့ ကောင်မလေး ညည်းကဘာလို့ လူကြီးကို မရိုမသေနဲ့ ဘိုနီလို့ အော်ခေါ်နေတာလဲ?"


" မဟုတ်ပါဘူး ကြီးတော် ရဲ့ ကျုပ်မောင်လေးကို ခေါ်တာလေ "


"ဘယ်မှာလည်း ညည်းမောင်က"



ကျမလည်းထပ်ခေါ်လိုက်တယ်



" ဘိုနီရေ "



မောင်လေးက ထွတ်လာတော့တာပေါ့။ ဘိုဌေးတို့အမေလည်း မကျေမနပ်နဲ့ပေါ့။

မပိုင်ဘူးလား?

အောင်မောင်းတော့အိမ်ရှေ့ရောက်တော့လည်း



"မောင်လေး ရေ မောင်လေးရေ"



လို့ခေါ်ပြီး ပြေးကြတာပေါ့ ။ နောက်နေ့ကျတော့ အမေကဆူပါလေရော။

မှတ်မှတ်ရရ မုန့်ဖိုး နှစ် ရက် အဖြတ်ခံလိုက်ရတယ်။



အခုနေ ပြန်တွေးကြည့်တော့ တော်တော်ဆိုးတဲ့ ငါပါလားလို့ တွေးမိပြီး ပြုံးမိတယ်။

အခုအချိန်ထိ အဲဒီအကြောင်းကို ဆက်မိတိုင်းပြော နေကြတုန်းပဲ။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Tuesday, February 2, 2010

နားထောင်ဖြစ်သော သီချင်း

အခုတလော ယုံလေး နဲ့ခွန်းဆင့်နေခြည် တို့သီဆိုထားတဲ့ " လက်ဆောင်" ဆိုတဲ့သီချင်းလေးကို ခဏခဏ နားထောင်ဖြစ်နေတယ်။
အမှန်အတိုင် ပြောရရင် ယုံလေး ဆိုထားတဲ့ သီချင်းကို နားထောင်ဖူးတာ ပထမဆုံးပဲ :P
ပြီးတော့ ခွန်းဆင့်နေခြည် ကိုလည်းကြိုက်လို့ ဟုတ်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒါပေမဲ့ ဒီသီချင်းလေးက နားထောင်လို့ ကောင်းတယ်လို့ ထင်မိတယ် :)



အားပေးကြပါအုန်းနော်

ခင်မင်စွာဖြင့်
အညာမှ
ခရေညို