အတိုက်အခိုက်ဆိုတာလူတိုင်းမှာရှိကြတာပဲလေနော့ ။ ကိုယ်ကမှန်မှန် နေပါလျက် ကိုယ့်ကို ပေါ်တင်ကြီး သိသိသာသာ တိုက်ခိုက်ခံရတဲ့အခါ ဘယ်လိုတုန့် ပြန်မလဲ? အဲဒီအချက်ကို ကြိုပြီးစဉ်းစားမထားတဲ့အတွက် ဘာလုပ်ရမလဲဆိုတာကို မသိဘူးဖြစ်နေတယ်။
အခုခရေညို တို့ရုံးမှာဖြစ်နေတာနဲ့ပတ်သက်ပြီး ပြောပြချင်လိုပါ။ ခရေညို့ လိုမျိုး တိုက်ခံရတဲ့သူတွေ အများကြီးရှိမယ်ထင်ပါတယ်။ ခရေညိုတို့ ရုံးက အစကရုံးတစ်ခုတည်း ဆိုလိုတာက ရုံးခွဲတွေဘာတွေမရှိပါဘူး။ ဒါပေမဲ့ အခုတော့ သူဌေးက ရုံးခန်းတစ်ခုထပ်ဝယ်ပြီး ရုံးခွဲလိုမျိုးလုပ်လိုက်တယ်။
သူဌေးကတော့ ရုံးအဟောင်းမှာ လူတစ်ချို့နဲ့ နေခဲ့ပြီး နောက်၂ နှစ်လောက်နေမှ ပြောင်းလာကြမှာ။ ဖြစ်ချင်တော့ ရုံးသစ်ကို ပြောင်းရတဲ့ အထဲမှာ ခရေညိုပါပြောင်းရတယ်။ ခရေညိုနဲ့အတူ မန်နေဂျာ အပါအဝင် ၅ ယောက် ပြောင်းခဲ့ရတယ်။ ဪ မေ့နေလို့ ခရေညိုတို့ရုံးမှာ မန်နေဂျာကလွဲရင် ခရေညိုက လုပ်သက်အကြာဆုံးပဲ။
ဒီတော့ လုပ်ငန်းနဲ့ဆိုင်တဲ့ အားလုံးလိုလို ခရေညိုက သိနေတယ်။ မန်နေဂျာ ကလည်း ခရေညို့ အပေါ် တကယ်ကောင်းတယ်။ ဘယ်လောက်ကောင်းလည်းဆို ခရေညို အလုပ်ထွက်စာတင်တာ ၂ ခါရှိပြီ ၂ ခါစလုံး ခရေညို့ကို ပေးမထွက်ဘူး။ ဒီရုံးသစ်ကိုပြောင်းလာတဲ့အထဲမှာ အားလုံးက တရုတ်တွေချည်းပဲ ခရေညိုကလွဲရင်ပေါ့။
စားရင်းကိုင်၂ယောက် ဆိုကြပါစို့ မပြာနဲ့ မဝါပေါ့ သူတို့က ဒီမှာလုပ်တာလုပ်သက်က ခရေညို့ လုပ်သက်ရဲ့ လေးချိုးတစ်ချိုးပေါ့။ သူတို့တွေရောက်ခါစက လုပ်ငန်းနဲ့ ပတ်သတ်တဲ့ တစ်ချို့ကို ခရေညိုကပဲ ရှင်းပြခဲ့တာ။ အရင်တုန်းက ခရေညို လုပ်ရတာပေါ့။ နောက်တစ်ရောက်က ရောက်တာ လေး လလောက်ရှိပြီ ထားပါတော့ သူက မနီပေါ့
မနီကတော့ ခရေညို့ ရဲ့ လက်အောက်ကပေါ့ ။ သူတို့တွေက သိပ်စည်းလုံးတာ မန်နေဂျာ ရှိရင် ခရေညို့ကို ဆက်ဆံပုံကတစ်မျိုး ကွယ်ရာဆိုတစ်မျိုး။ ခရေညို ကလည်း လုံးဝကိုဂရုမစိုက်ဘူး။ ကိုယ်ကသူတို့ကို မေးစရာဘာမှမရှိဘူး လေ။ ဖြစ်ချင်တော့ မန်နေဂျာက ဂျပန်ကို ၁၂ ရက်ကြာအလည်သွားတယ်။အဲဒီအချိန်မှာ ကိုယ့်ကိုမခေါ်နိုင် မပြောနိုင်လောက်အောင်ပဲ ဖြစ်နေကြတယ်။ ကိုယ်ကဂရုမစိုက်ဘူးဆိုပေမဲ့ စိတ်ထဲမှာတော်တော့ကိုခံပြင်းမိတယ်။ ကိုယ်ကမှန်ပါလျက်နဲ့ အတိုက်ခံရတာတော့ အီလည်လည်ကြီး။
နောက်မှယောက်လာတဲ့သူ မနီပေါ့ သူကပိုဆိုးတယ် သူကစလုံးလေ အဲဒီတော့ ဖော်ရိန်နာ တစ်ယောက်ရဲ့ လက်အောက်မှာလုပ်ရတာကိုလုံးဝမနှစ်မြို့ ဘူးထင်တယ်။မေးစရာရှိတာကိုမမေးဘူး ပြီးရင်အမှားတွေလုပ် တစ်နေ့တော့ သူလုပ်တာ အတော်လေးမှားနေလို့ အသံမာမာနဲ့ပြောလိုက်တယ်။
အဲဒါကို သူကမကျေနပ်ဘူး။ ကျန်တဲ့ နှစ် ယောတ် နဲ့ပေါင်းပြီး ခရေညို့ကိုနည်းမျိုးစုံ နဲ့တိုက်တယ်။ အရင်က ဒါမျိုး မကြုံဘူးတော့ ကိုယ်ကတော့ ပုံမှန်ပဲ။ ခေါ်ခေါ်ပြောပြောပဲ။ ကိုယ်ကစကားပြောရင်တောင် သူတို့က မျက်နှာထား တင်းတင်းတွေနဲ့။ နောက်တော့ ခရေညိုလည်း ရိပ်မိလာတော့ ဘာမှမပြောပဲနေလိုက်တယ်။ မနီကိုလည်း ဘာမှလုပ်စရာမပေးပဲ ၂ ရက်လောက်ပြစ်ထားလိုက်တယ်။
မန်နေဂျာ ပြန်လာတဲ့နေ့ကြတော့ သူတို့ကပုံမှန်ပဲ။ မနီကလည်း သူကိုဘာခိုင်းမှာလဲ? ဘာလုပ်စရာရှိလဲ ? လာမေးတယ် ကိုယ်ကမပေးရင်လည်း ကိုယ့်အလွန်ဖြစ်တော့မယ်။ မန်နေဂျာကလည်းပြန်လာပြီလေ။ သူတို့စိတ်တွေက တော်တော်ကို မူမမှန်ကြပါလား တော်တော်ကို အဆင့်မရှိပါလားလို့ ပဲမှတ်လိုက်တယ်။စိတ်ထဲမှာ တော်တော်တော့ ခံရခက်တယ်။ပြီးတော့စိတ်လည်းပျက်မိတယ် တစ်ခါတစ်ခါ သူတို့နဲ့အပြိုင် စိတ်ယုတ် မွေးချင်မိတယ်။ ဒါပေမဲ့ မမွေးမိပါဘူး။ တော်တော့ကိုအာရုံနောက်တယ်။ အခုတော့ မန်နေဂျာက ရှိနေပြီဆိုတော့ သူတော့ကပုံမှန်ပဲ ခရေညိုကို ခေါ်ခေါ်ပြောပြောပဲ။
ကိုယ်မှာသာစိတ်အနှောက်အယှက်ဖြစ်ရတာ။ အဲဒီကစပြီးအလုပ်အကြောင်းကလွဲပြီး အပိုစကားတွေကို ခရေညိုမပြောတော့ဘူး။ သူတို့ကခရေညို့ကို အလုပ်ထွက် အောင်လုပ်နေကြတာ ဒါပေမဲ့ ခရေညိုကလွယ်လွယ်နဲ့ အရှုံးပေးတက်တဲ့သူမဟုတ်ဘူးလေ။ ကိုယ်ကသူတို့ အကူအညီမလို့ဘူး သူတို့ကပဲ လာမေးနေရတာ။ ကိုယ်ကအထက်စီးကပဲ လေနော့။ ဒါပေမဲ့ တော်တော့ကို စိတ်အနှောက်အယှက်ဖြစ်မိတယ်။
ခင်မင်စွာဖြင့်
အညာမှ
ခရေညို