ဖြစ်ပုံက ပြောကိုပြောချင်ပါဘူး။
မနေ့ က Sunday ဆိုတော့ အိမ်ကလူကြီး ရဲ့ဦးလေး အိမ်ကိုတစ်မိသားစုလုံး လည်လည်သွားကြတယ်လေ။ အိမ်ကိုမီးခိုးတိတ်ပေါ့။
ဦးလေးမိန်းမကလည်း အချက်အပြုတ် ကဘာကောင်းသလဲ မပြောပါနဲ့။
သူချက်သမျှ ခရေညို တို့အကုန်စားပဲ။ တိုတိုပြောရရင် အစားအသောက်တွေနင်းကန်စားပြီး အစာမကြေဖြစ်တာပေါ့။ Monday မနက်ကြတော့ အန်တော့တာပေါ့။
ဒါနဲ့ ဆေးခန်းသွားပြလိုက်တာ ဆရာဝန်က MC ၂ရက်ပေးလိုက်တယ်။ ကဲနားလိုက်အုန်းမယ်နော်။
ခင်မင်စွာဖြင့်
အညာမှ
ခရေညို
5 comments:
စပိုးနင့်အောင် စားတာကိုးဗျ.. ဟိ
ဖြစ်ရလေ ခရေ ရယ်..
ခင်မင်စွာဖြင့်
ကိုမျိုး
အစားအသောက် မီးလိုတောက်
း)
စပိုးနင့်လောက်အောင် အစားအသောက် မီးလိုတောက်မှတော့ ဖြစ်ရလေ ခရေရယ်...
(ကိုလူထွေးပြောတာ မဟုတ်ဘူးနော်... အပေါ်ကနေ ပြန်ကူးထားတာ...း)
နှစ်ရက်ရအောင် ဘယ်လိုပြောလိုက်လဲဟင်
ပြောပြပါလား။
Post a Comment