ဒီဘုရားကတော့ ရာဇာမဏီစူဠာ ကောင်းမှူ့တော်ဘုရားဖြစ်ပါတယ်။
ဒါကတော့ သနပ်ခါ: ကြိုက်တဲ့ မမများအတွက်ပါ။ ကျောက်ပြင် နဲ့ သနပ်ခါတုန်း ပါ ။
အားပေးသွားကြပါအုန်း ( Buy 1 Get 1 Free)
ဒါလေးတွေ ကအိမ် အသုံးအဆောင်လေးတွေပါ ။
ဒါလေးတွေက သားသား မီးမီးတို့အတွက် လက်ဆောင် အိုးပုတ်ဂျိုးရုပ် တွေပါ ။
ဒီရှူ့ခင်းကတော့ မြင်းမူသွားလမ်းဘေးမှာရှိပါတယ်။ ကောင်းမှူ့တော်ဘုရားပွဲတော်ဖြစ်တဲ့အတွက် လမ်းဘေးမှာတောင်းသည်တွေ ဖြစ်ပါတယ်။
ဒီ ကုက္ကိုပင်တွေ ကတော့ ကိုမျိုးတို့ ရွာအဝင်ကပေါ့။
အညာမှ
8 comments:
ဖြူတုတ်တော့ ပုံတွေကြည့်ပြီး အရမ်းလွမ်းသွားပြီ။
မင်္ဂလာပါ ခရေညို ရေ..
ကောင်းမှူတော် ဘုရား နှင့်အတူ ပွဲဈေးတန်းတွေကို ဖော်ပြပေးတာ ကျေးဇူးပါ။ လာရောက်သူအားလုံးလဲ ဘုရားဖူးရင်း ဈေးတန်းဝင်လို့ ရသွားတာပေါ့။
ဝယ်ချင်တာလေးတွေကိုလဲ ၀ယ်သွားကြအုံးနော်...ကောင်းမှုတော်က သနပ်ခါးတုန်းတွေက စစ်တယ်။ အညာသနပ်ခါး စစ်စစ်တွေ (ဟုတ်လား မသိဘူး ရမ်းပြောတာ.. ဟိ..)
အိမ်အသုံးအဆောင် ပစ္စည်းတွေကလဲ မြန်မာ့လက်ရာ စစ်စစ်တွေပါ။
ကျနော်တို့ရွာ အ၀င်နားက ကုက္ကိုပင်အောက်မှာ နားရင်း ထန်းရည်လေးလဲ သောက်လို့ရပါတယ်...
ကျေးဇူးပါ ခရေညိုရေ...
ခင်မင်စွာဖြင့်
ကိုမျိုး
ဓာတ်ပုံလေးတွေ လာကြည့်သွားတယ် အမရေ
မခရေရဲ့..ဓါတ်ပုံတွေက..ဘယ်တုန်းကရိုက်ခဲ့တာလဲ..လေးလေးတို့လဲ..
ငယ်ငယ်က..နန်းဦးမြို့သစ်မှာနေတာ...ဆင်များရှင်ဘုရားပုံ ရှိရင်လဲတင်ပေးပါအုန်း...
ဓါတ်ပုံလေးများ အရမ်းကို လက်ရာမြောက်ပါတယ်ဗျာ။ အနုပညာမျက်စီ အပြည့်ပါပဲ ဓါတ်ပုံတွေ ဒေါင်းသွားတယ်။ ကျေးဇူးတင်ပါသည်
စစ်ကိုင်းက ရွှေဟင်္သာကျောင်းမှာ ကိုရင်လာဝတ်တာလေး သတိရသွားတယ်ဗျာ။
အေးချမ်းတဲ့ မြို့ကလေး....
တခါတခေါက်တော့ အလည်လာဦးမယ်ဗျာ.. စစ်ကိုင်းကောင်းမှုတော် ဘုရားကြီးလဲ ဖူးချင်သေးတယ်..။
ကျွန်တော်မရောက်ခဲ့ဖူးတဲ့ဒေသက စေတီတွေကို ဖူးခွင့်ရတာ ကျေးဇူးပါခင်ဗျာ...။
Post a Comment