သူကဓာတ်တော်ချိုင့် ရေတံခွန် ကို ဓာတ်ပုံ မြင်ဘူးထားတော့ အပြင်မှာလည်း မြင်ရဖို့စိတ်လှုပ်ရှားနေတယ်လေ။
သွားကြတဲ့ လူတွေထဲမှာ ခရေညို ကပဲ ရောက်ဖူးတာ ဘယ်သူမှလည်း သေခြာမသိကြပါဘူး။ ခရေညို ရောက်ဖူးတာကလည်း ၁၀ နှစ်ကျော်ကြာသွားပြီလေ။ခရေညိုတို့ ဓာတ်တော်ချိုင့်. ကိုဆင်းရမဲ့နေရာရောက်တော့ ၂ နာရီ လောက်ပေါ့။ ခရေညို့ တို့ဆင်းမယ်လုပ်တော့ ဈေးရောင်းမည့်
အဖွဲ့တဖွဲ့ တစ်ဖွဲ့ လိုက်လာတယ်။ သူတို့အဖွဲ့က လူ ၆ယောက်။ ဒါနဲ့သူတို့ကို ဘာလို့လိုက်တာလဲလို့ မေးကြည့်တော့ သူတို့ကဈေးရောင်းချင်လို့ဖြစ်ကြောင်း၊ သူတို့လို အဖွဲ့ ၇ဖွဲ့ရှိကြောင်း ၊ အလှည့်ကျ လိုက်ရကြောင်း စသည်ဖြင့် ခရေညိုတို့ကို ရှင်းပြပါတယ်။
ဒါနဲ့ခရေညိုက "ကျမတို့ကဝယ် မသောက်ရင်ရော"လို့ မေးလိုက်တော့ " ကံပေါ့ အမရယ်" တဲ့။ သူတို့ ဘာကိုဆိုလို မှန်း ခရေညို လည်း မသိပါဘူး။
ဒါနဲ့ ခရေညိုတို့ စဆင်းကြတယ်။ဆင်းဆင်း ခြင်းတော့ လမ်းကမဆိုးပါဘူး။ စဆင်းပြီး ၅မိနစ် လောက်နေတော့ လမ်းက ပိုဆိုးလာတယ်။ ပထမ
တော့ ခရေညိုခသားအငယ်လေးကို ပိုးပြီးဆင်းတယ် ( ရှမ်းမတွေ ကလေးပိုးသလို)။ ၁၀မိနစ် လောက်ဆင်းပြီးတော့ ခရေညိုကမပိုးနိုင် တော့လို့ ပထမဆုံး စခန်းမှာပဲ နား ကြပါတယ်။ ခရေညို တို့နားတော့ ဈေးရောင်းဖို့ လိုက်လာကြတဲ့သူတွေက ယပ်ခပ်ပေကြပါတယ်။
ခရေညို့ နောက်ကို တစ်ယောက်လိုက်ပြီး ထိန်းပါတယ်။ သူတို့ကဘောလုံးသမားတွေလိုပါပဲ တစ်ယောက်ချင်း စီကိုတစ်ယောက် လိုက်ပြီးလိုတာတွေ လုပ်ပေ:ကြတယ်။ အခုလိုစခန်းလေးတွေ ၄ခုရှိ ကြောင်း အကွာအဝေးအားဖြင့် အားလုံးပေါင်း နှစ်မိုင် ဝေးကြောင်း ပြောပြကြပါတယ်။ခရီးကတော်တော်လေးကို ကြမ်းပါတယ်။ လမ်းခရီး မှာ တက်လိုက်ဆင်းလိုက်နဲ့ ပြီတော့ ဂွေးလှားသီး(သတ်ပုံမှာ ရင် ခွင့်လွတ်နော်) ပင်တွေလည်း ရှိပါသေးတယ်။
ဒီလိုနဲ့နားလိုက် သွားလိုက်နဲ့ပေါ့။ နားရင် သူတို့ကယပ်ခပ်ပေးကြပါတယ်။ ၄၅မိနစ် လောက် ပင်ပန်း ကြီးစွာ ဆင်းခဲ့ပြီး ကြတော့ ရေတံခွန်ကို ရောက်ခဲ့ကြပါတယ်။ ၁၉၉၉ နဲ့ အခုနဲ့ တော်တော်လေးကို ကွာသွားပါပြီ။ တိုးတက်လာတာမဟုတ်ပါဘူး လမ်းခရီးက ပိုဆိုးလာပါတယ် ပြီရေတံခွန်ကိုရောက်တော့လည်းချောက်တီးချောက်ပေါက် ရောင်းတဲ့ဆိုင် တစ်ဆိုင် ကလွဲပြီးဘာမှမရှိပါဘူး။ ဈေးရောင်းတဲ့ အဖွဲ့က ခရေညိုတို့ကို အအေးဗူး တွေရောင်းပါတော့တယ်။
ဈေးကတော့ တော်တော့ ကိုကြီးပါတယ်အပြင်ကပေါက်ဈေးထက် ၃ဆလောက်ကိုကွာပါတယ်။ သူတို့အတွက် တော်တော်လေးကို ပင်ပန်းမှ ရောင်းရတာပါ။ ရေတံခွန် ရောက်တော့ ရေထဲမဆင်းဖို့ တင်းကြပ်စွာတာမြစ်ထားပါတယ်။ ရေတံခွန်ရဲ့ အမြင့်ကပေပေါင်း ၂၅၀၀ရှိတဲ့အတွက်အမြင့်ကကျလာတဲ့ရေတွေဟာ ဝဲလိုဖြစ်နေတဲ့ အတွက် ရေကူးတဲ့သူတိုင်း အန္တရာယ် ရှိတဲ့အတွက် ရေကူးခြင်းကို တာမြစ်ထားခြင်း ဖြစ်ပါတယ်တဲ့။
သားတော်မောင်ကစိတ်ကောက် ပြန်ပြီလေ။သူကိုအကျိုးအကြောင်း ရှင်းပြရတာပေါ့။ ခရေညိုတို့ အတက်ကို မနည်းကိုတက်ခဲ့ရပါတယ်။ ခရေညို အကြံပေးချင်တာ က တော့ မေမြို့ ရောက်ခဲ့ရင်တောင် ဓာတ်တော်ချိုင့် ရေတံခွန်ကို မသွားဖို့ ကိုယ့်အတွေ့အကြုံအရအကြံပေးချင်ပါတယ်။ လမ်းကလည်းကြမ်းလူကလည်းအရမ်းကိုပြတ် ပါတယ်။
ခင်မင်စွာဖြင့်
အညာမှ
ခရေညို
14 comments:
မင်္ဂလာပါ ခရေညို ရေ..
အားရပါးရ အလှအပလေးတွေ.. အဆင်ပြေပြေလေးတွေ.. အားရပါးရ အပန်းဖြေစရာ နေရာလေးတွေ အကြောင်းများ ရေးမယ်မှတ်တယ်ကွယ်... အင်း... ဓာတ်တော်ချိုင့်ကို သွားရတာ အမောဘဲ အဖတ်တင်တယ် နော်...
ကျွန်တော်က သွားဖူးလို့ သိတာ။ ရေတံခွန်က အရမ်းကို လှပြီး အေးချမ်းတာ။ သွားရလာရတာ အဆင်မပြေလို့။ နှမြောဘို့ ကောင်းလိုက်တာ။
အင်း.. သဘာဝအလှကိုတော့ ခံစားခဲ့ရမှာပါ။ လူကြီးတွေက စေတနာနဲ့ သဘာဝအလှ မပျက် ထိန်းသိမ်းထားတာ ဖြစ်မှာ..ဟဲ..ဟဲ။ မိုးတွင်းဆို သွားရတာ ပိုဆိုးသေး။
ခင်မင်စွာဖြင့်
ကိုမျိုး
အရင်ကတည်းက လူကြီးတွေက ပင်ပန်းတယ်။ မသွားရဘူးလို့ တားထားတာ... ခု မခရေက ထပ်ပြောပြန်ပြီ..း) သွားချင်တယ်.............
ဓာတ်တော်ချိုင့်ကို လာကြည့်တော့ သူငယ်ချင်းတစ်ယောက် အဲဒီမှာ ရေနစ်ပြီးဆုံးပါးသွားတာကို သတိရမိတယ်။ ရေတံခွန်လေးလှသလောက် အင်မတန် လူစားတဲ့ နေရာပဲဗျာ။
ဓာတ်တော်ချိုင့်ကို လာကြည့်တော့ သူငယ်ချင်းတစ်ယောက် အဲဒီမှာ ရေနစ်ပြီးဆုံးပါးသွားတာကို သတိရမိတယ်။ ရေတံခွန်လေးလှသလောက် အင်မတန် လူစားတဲ့ နေရာပဲဗျာ။
အဲဒီလိုနေရာလေးတွေက ရှားပါးတော့ လူတွေကို ဆွဲဆောင်မှုရှိတယ်ထင်တယ်။ ကျွန်တော်တို့ ပြင်ဦးလွင်မှာ နေတာကြာပါပြီး ရောက်ဖူးဘူးဗျ။ ကျန်တဲ့နေရာတွေကျတော့ လေ့ကျင့်ရေး(အောက်ဒိုး) နဲ့ သွားလို့သာရောက်ဖူးတာ။ ဒီအတိုင်း တကူးတကအစီအစဉ်နဲ့တော့ မသွားဖူးပါဘူး။ လူပျတ်တယ်ဆိုရင်တော့ သိပ်မကောင်းဘူး။ ဓါတ်ပုံထဲကပဲ ရောက်ဖူးအောင် ကြည့်လိုက်ပါ့မယ်ဗျာ
တယောက်ထဲဆင်းရတက်ရတာတောင်မလွယ်တာ
ခရေက ကလေးနဲ့ဆိုတော့ပိုဆိုးတာပေါ့..
အရင်ကတော့ ဒီရေတံခွန်တော်တော်ဟုတ်လှပြီထင်နေတာ
ခုတော့လဲ ကြီးကျယ်တဲ့ရေတံခွန်တွေတွေ့ပြီးတော့လဲ
Jurong Birdpark ကရေတခွန်သာသာပဲထင်မိတော့တယ်
ညီမလေးရေးမှပဲ မမတို့ မေမြို့ရောက်တုန်းက ဓါတ်တော်ချိုင့်ကိုသွားခဲ့လား ၊မသွားခဲ့ဘူးလား ပြန်စဉ်းစားမိနေတယ်.. မမှတ်မိတော့ဘူးရယ်..
ဦးဥာဏ်နဲ့ နှစ်ယောက် မေမြို့ကို အလည်သွားခဲ့တာလေ.း)
အစ်မခရေညိုရေ...
ပြောစကားနားထောင်ပါတယ်...။ မသွားတော့ဘူးနော်...။ အစ်မစေတနာနဲ့ ရိုက်လာခဲ့တဲ့ ဓာတ်ပုံလေးတွေကြည့်ဖူးပြီးသွားပြီလေ..နော့...။
(ကိုမိုး ပြောသွားတာ လူစားသေးတယ်တဲ့လေ...။ ကြောက်..ကြောက်စ်...)
ခင်မင်တဲ့
ဏီလင်းညို
တစ်ခေါက်ရောက်ဖူးတယ်။ ဟုတ်တယ် လမ်းကတော့ တော်တော်ကို ဆိုးတယ်။ လူလဲတော်တော် ပင်ပန်းတယ်။ သူများတွေက မသွားနဲ့ ပြောတာကို သွားဖြစ်အောင်ကို သွားလိုက်တာလေ :P အဲဒီလောက် ကို လိမ္မာတာ
အစ်မရေ...
ရေတံခွန်ကလှပေမယ့် အစ်မပြောလို့ မသွားရဲတော့ဘူး
ကလေးတစ်ဖက်နဲ့ ရအောင်သွားခဲ့တဲ့ အစ်မရဲ့ ဇွဲကိုတော့ ချီးကျူးမိတယ်..
ခင်တဲ့
အင်ကြင်း
မရောက်ဖူးတော့ မျှဝေတာလေးဖတ် ပုံလေးကြည့်
သွားတယ် အမရေ . . .
ရေတံခွန်ဆိုလို့ ကျိုက်ထီးရိုးက ရေတံခွန်ပဲ ရောက်ဖူးတယ် ။
ရေတွေ တဝေါဝေါ ကျနေတာ ကြည့်လို့ သဘောကျမိတယ် အမရေ။
အခါအခွင့်သင့်ရင်တော့ ရောက်အောင်သွားအုံး မယ်။ အခုတော့ ပုံလေးတွေ မြင်လိုက်ရတာပဲ ကျေနပ်ရမှာပါပဲ ။
တခါမှမရောက်ဖူးသေးဘူး ဒီတခေါက်ရွာပြန်ရင် သွားလည်မယ်ဗျာ... ပုံလေးတွေတင်ပေးတာ ကျေးဇူးဗျာ လှတယ်နော်..
ဒုက္ခနဲ့ ရင်းပြီးရခဲ့တဲ့ အတွေ့အကြုံကို မျှဝေပေးတာ ကျေးဇူးပါ...
မေမြို့ရောက်ခဲ့ရင် သွားဖြစ်အောင် သွားလိုက်ပါ့မယ်...
းဝ)
Post a Comment