Showing posts with label ရောက်တက်ရာရာ. Show all posts
Showing posts with label ရောက်တက်ရာရာ. Show all posts

Wednesday, May 19, 2010

လူအစစ် နဲ့ အတု

ပြီခဲ့တဲ့စနေနေ့က လျှောက်သွားရင်းနဲ့ ခရေညို စိတ်ဝင်စားမိတဲ့ နေရာလေး တစ်ခုတွေခဲ့တယ်။

အဲဒါနဲ့ ဓာတ်ပုံလေး တွေ ရိုက်ခဲ့တယ်။ ကဲကြည့်လိုက်ပါအုန်း။




ဒီပုံထဲမှာ လူအစစ်ဆိုလို့ ခရေညို့ သားအကြီးတစ်ရောက်ပဲပါတယ်။ သေခြာကြည့်နော် :)




ဒီပုံမှာလည်း ခရေညို အိမ်ကလူ ကြီးရယ်ကလွဲရင် နံရံကပ် ဓာတ်ပုံတွေပဲ။
လူတိုင်း သိပြီးသား ထင်ပါတယ်။ ဒါပေမဲ့ ခရေညိုကတော့ အမှန်တိုင်းဝန်ခံရရင် အဲဒီကိုရောက်ဖူးတာ ပထမဦးဆုံးပါပဲ။
(ဘယ်မှမသွားပဲ အိမ်တွင်းပုံး ကုလားမ လုပ်နေတာလေ။)
ကဲစလုံးမှာ နေတဲ့သူတွေ ဘယ်နေရာလည်း သိလား?


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Tuesday, January 12, 2010

အယူအဆများ

ချစ်ခြင်းတရားမှာ မပြက်သားမှူ့က သောကဖြစ်စေတယ်။
(ရှယ်လီ)

ပိုက်ဆံချေးလာသူနဲ့ တွေ့ရင် မပြက်သားပါက
ကိုယ့်ပိုက်ဆံ ဆုံးရှုံးပြီး သောကဖြစ်စေတယ်။
(ခရေညို)

အချစ်ငတ်နေချိန်မှာ ချစ်တတ်သူနဲ့တွေ့ရင်
ဟန်မဆောင်နိုင်တာ ဓမ္ဓတာပဲ။
(ကဗျာဆရာ ဂျော့ဂေါ်ဒွန်ဘိုင်ယွန်)

အစာငတ်နေချိန်မှာ အစာတွေ့ရင်
အငမ်းမရဖြစ်တာ သဘာဝပဲ။
(ခရေညို)

အချစ်မရှိတဲ့ဘဝဟာ အလှမရှိပဲ သေနေတဲ့ဘဝ။
(အဂ္ဂာအယ်လင်ပိုး)

ဗိုက်စာနေချိန်မှာ ပိုက်ဆံမရှိခြင်းဟာ
အသက်ရှင်လျက်နဲ့ သေနေတာပဲ။
(ခရေညို)

အချစ်ဟာမီးပဲ
သိပ်ချစ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက်
အန္တရာယ် များလာတာပဲ။
(ပွတ်ရှူကင်)


ပိုက်ဆံဟာမီးပဲ
သိပ်လိုအပ်လာတယ်ဆိုရင်
ဘာမှမမြင်တော့ဘူး။
(ခရေညို)

အပေးအယူမရှိရင် အချစ်ကဘယ်လိုခိုင်မြဲမလဲ။
(ဗင်းဆင့်ဝင်ဂိုး)


ငွေမရှိရင် ကတိက ဘယ်လိုမြဲနိုင်မှာလဲ။
(ခရေညို)


အိမ်ထောင်ရေးဆိုသည်မှာ ဆန့်ကျင်ဘက်လူသားနှစ်ဦးရဲ့
အမြင်ကြည်လင်မှူ့နဲ့ အကောင်းမြင်မှူ့ပဲ။
(ဂျော့ဘားနတ်ရှော)

ပိုက်ဆံဆိုသည်မှာ လူသားတိုင်းအတွက်
အပေးအယူတည့်ခြင်းနဲ့ ပြည့်စုံခြင်းပဲ။
(ခရေညို)


ခင်မင်စွာဖြင့်
အညာမှ
ခရေညို