Sunday, August 30, 2009

အင်တာနက်မှ ရတာလေးတွေပါ

"FAMILY"

Father And Mother, I Love You.

"WIFE"

W---Washing

I---Ironing

F---Food

E---Entertainment

"HUSBAND"

H---Housing

U---Understanding

S---Sharing

B---Buying

A---and

N---Never

D---Demanding

"HELLO"

H=How are you?

E=Everything all right?

L=Like to hear from you

L=Love to see you soon!

O=Obviously, I miss you ..... so, HELLO! Good day!

အင်တာနက် မှ ကူးယူဖော်ပြသည်။

ခရေညို

ဘဝမလှတဲ့ ဖိုးထွေး

"ဆရာမ ဆရာမ"


စာစစ်နေရာမှာ တပည့်တစ်ဦး ခေါ်သံကြားလို့ ကြည့်လိုက်တော့

့"ဟဲ့ မောင်ဦး ရေကြီးသုတ်ပြာနဲ့ဘာဖြစ်လာတာ လဲ"


"ဟို ဟို"


"ပြောမှာသာ ပြောစမ်းပါ ဒီမှာရင်တွေပူလှပြီ"


"ဖိုးထွေး ပိုးထိလို့ အဲဒါ "


"ဟင် ဟုတ်လား အခုဘယ်မှာလဲ"


" ကျန်:မာရေးမှူးအိမ်မှာ"


" လာ လာ မြန်မြန် လိုက် သွားရအောင်"


ကျမလည်: ပြောပြောဆိုဆို နဲ့ပဲ ကျန်းမာရေမှူ:အိမ် လိုက်သွား တယ်


ဟို ရောက်တော့ တကိုယ်လုံး မြွေဆိပ်တက်ပြီး သေဆုံးနေပြီ ဖြစ် တဲ့ ဖိုးထွေး ရဲ့ရုပ်အလောင်း ကိုပဲတွေ ရတော့တယ်။


ဖြစ်မှဖြစ်ရလေ ဖိုးထွေးရယ်.


ကျမလည်း စိတ်မကောင်းကြီးစွာနဲ့ ပဲပြန်ခဲ့ ပါတော့တယ်။





အဲဒီ ကောင်လေး ပြီ ဖိုးထွေး ကစာအရမ်းတော် တဲ့ ကျောင်းသား ကလေးပါ။ လွန်ခဲ့ တဲ့ နှစ်ရက် ကမှသူ ကျောင်းထွတ် သွားတာ။ သူ ကမောင်နှ လေးရောက် မှာ အသက် အ ကြီးဆုံး ။ဖခင် ကတော့ဆုံးသွား တာ
(၁)လလောက်ရှိ ပြီ ။ သူဖခင်သေတာအရက်ကြောင့်တဲ့.

မိခင် ကလည်း ကြုံရာ လုပ် ပြီး အသက် မွေးဝမ်း ကျောင်းနေရတာ။ဖိုးထွေး အသက် ကရှိလှမှ ၁၂ ၊ ၁၃ပေါ့။ အရင် ကတော့ ကျောင်းပိတ် ရက် မှ သူများလယ် ထဲလိုက်ပြီ: ဟိုဟာ လုပ်ပေး ဒီဟာလုပ်ပေး လယ်ပိုင်ရှင် က ပိုက်ဆံလေးနည်းနည်း ပါးပါး ပေးတာပေါ့။



အိမ်ပြန်ရင် အောက်ကညီ၊ညီမလေးတွေစားဖို့ ကြွတ် လေးငါးလေးဖမ်းပြီးပြန်လာ ဒီလိုပဲ ကျောင်းပိတ်ရင် သူလုပ်နေကျ။သူကျောင်းထွတ်ရတာကတော့ သူအမေတယောက်ထဲ လုပ်စာနဲ့ သားအမိငါးယောက် မလောက်လို့ အလုပ်လေးဘာလေး လုပ်ရအောင် လို့ဆိုပြီး သူအမေကကျောင်းထုတ်သွားတာ။အခု တော့အဖြစ်ဆိုး နဲ့ ဆုံးရှာပြီ လယ်ထဲ ကိုင်းထဲစိုတာ က မြွေ ပါ:ကင်းပါး က ပေါပါဘိသနဲ့။


သူ့အတွက်ကျမ လုပ်ပေးနိုင်တာဆိုလို့ကောင်းမှူ့ပြု အမျှအတမ်:ဝေ


"ဖိုထွေးတစ်ယောက် ကောင်း ရာ သုဂတိလား ပါစေ။"








ခရေညို

Thursday, August 27, 2009

မြန်မာပြည်ဖွား မှ ဟုတ်ရဲ့လား

ကြားဖူးတာတစ်ခု ပြောပြမယ်နော်။
တခါက
ဂျပန်တစ်ယောက် မြန်မာနိုင်ငံ က ရွာတစ်ရွာ အလည်သွား တယ်တဲ့။
သူတည်းတဲ့အိမ်ရှင် က အရမ်းသဘောကောင်းတယ် ဆိုပဲ။ အိမ်ရှင်က အရမ်းလည်း

ဧည့်ဝတ်ကျေ တယ်တဲ့။
မနက်အာရုံ တက်တော့ကြက်တွန် သံ ကြားတယ် ။ နေ့တိုင်းကြား နေကျ ကြက်တွန်သံ ပုံမှန်ပဲတဲ့။ ဒါနဲ့ သူပြန်ခါနီး အဲဒီလိုကြက်တစ်ကောင် လောက်သူ့ကိုပေးဖို့အိမ်ရှင် တောင်းသတဲ့။ အိမ်ရှင်တော့ အခက် တွေ့ပြီ။
အိမ်ရှင် မှာ ကလည်းကြက်ကတစ်ကောင် တည်း ရှိတာလေ။
အိမ်ရှင်လည်း ကြံရာမရ ဖြစ်ပြီး လဒ ကြီး တစ်ကောင် ပေးလိုက် ရော ဂျပန် ကြီးကတော့ ကျေးဇူးတွေတင်လို့ပေါ့။
သူမှ ကြက်မှန်း လဒ မှန်း မသိတာ။ လဒ ကြီးကို ကြက်အထင် နဲ့
ဂျပန် ကိုယူသွား တယ်။
လဒ ဆိုတဲ့အမျိုး ကအမြဲတမ်း ငိုင်နေတဲ့ ဟာကို။
ဒါကိုမ သိတဲ့ဂျပန်ကြီး က အံ့ဩ နေပြီ။ တစ်ရက် တွန်နိုး တွန်နိုး နဲ့။
ဒါနဲ့နောက်ဆုံး ဂျပန်ကြီးက လဒကို မေး လိုက် တယ်.
"မင်းက အောက်အီးလည်:မတွန် ကောက်ဆန်လည်းမကောက် မင်း မြန်မာပြည်ဖွား မှ

ဟုတ်ရဲ့လား " တဲ့။

(မကြားဖူး သေးသူများအတွက်ပါ )

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

ဆူရှီစားကြပါအုန်း




ခရေညို့ ရဲ့အိမ်မှာ ဘာမှမရှိ ပဲလာလည်ကြတဲ့ သူငယ်ချင်းတွေ ကို အားနာလို့ဆူရှီ မှာထားတယ်။ ဝအောင်စားသွားကြနော် ။လာပို့တဲ့သူက ဆိုင်ကယ်နဲ့ ဆိုတော့ ဆူရှီတွေ ဇောက်ထိုးဖြစ်ကုန်တာ။ဒါပေမဲ့ရမ်းကောင်းတယ် အားမနာနဲ့နော် အဝတီးသွားကြနော်။


ခင်မင်စွာဖြင့်

အညာမှ

ခရေညို










Tuesday, August 25, 2009

မိတ်ဆက်ခြင်း

အဟမ်း အဟမ်း
ခရေညို ကိုယ့်ကိုကိုယ် အရင်ဆုံး မိတ်ဆက်ပါရစေ။ ခရေညို က အညာကပါ။ အညာသူဆိုပြီး အသားမည်းမည် သွားကြဲကြဲလို့
မထင်ကြပါနဲ့။ အသားက မဖွေးတာ ရယ် သွားက မစိတာပဲရှိတယ်။
ဪအရေးကြီးတာ ပြောဖို့ကျန် သေးတယ်။ ခရေညို သားနှစ်ယောက်ရယ် hunband တစ်ယောက်ရှိတယ်။
အခု လက်ရှိက ကျွန်းနိုင်ငံလေး (သူများက ကျွန်းနိုင်ငံလို့ ခေါ်လို့လိုက်ခေါ်တာ) မှာ နေထိုင်ပါတယ် ဆိုတဲ့အ ကြောင်း ပြောပါရစေ။
မပြောနဲ့လို့ ပြောလို့ မရတော့ဘူး ပြောပြီးနေပြီ လေ။ မပိုင်ဘူလား ပြောပြီမှ ပြောခွင့် တောင်းတာ ဟီဟီ။။။။။။။။။။. မြင်း ဟီးတာမဟုတ်ပါ။
ခရေညို့ blog လေးကို လူတွေ မသိကြသေးပါဘူး။ (နတ်တွေ၊ သကြာတွေတော့သိကုန်ပြီ)
ခရေညို ကတော့ဆုံးဖြတ်ထား တယ် ဘယ်သူ သိသိ မသိသိ ရေးမှာပဲ ရေးမှာပဲ ခရေညိုကိုလာမတာ;နဲ့။
လျှောက်ရေးနေတာနဲ့ ပြောချင်တဲ့ စကားတောင် ပျောက်သွားပြီ။
ဪ တခြားတော့ မဟုတ်ပါဘူး ခရေညို့အိမ် လေးဟာ အခုမှ ဆောက်ဖို့နေရာရှာနေ တုန်းဆိုတာပါပဲ။.
မြေနေရာရပြီ ဆိုရင်တော့ အုတ်မြစ်ချ ရမှာပေါ့နော်။ အခုက ဘာမှဝယ်ရသေးဘူးလေး ဈေးလိုက်စုံးစမ်းနေတုန်း ပဲ။
အဲဒါ ဘာတွေဝယ်ရ ဘာတွေလို အပ်တယ်ဆိုတာကိုအကြံ ညဏ်ပေးကြပါအုန်းနော်။
အလည်လာကြတဲ့ သူငယ်ချင်းများကိုလည်း အားနာပါတယ် ဘာနဲ့မှ ဧည့် မခံနိုင်သေး ဘူး။
နားလည် ပေးကြပါလို့။

အညာမှ
ခရေညို

စတင်မွေးဖွားခြင်း

ဒီ blog လေးကိုသိ၍တတ်၍ မွေးဖွားခြင်း မဟုတ်ပါ။ ရောဂါ ဖြစ်နေသောကြောင့် ဖြစ် ပါတယ်။
ရောဂါက လူတိုင်း သိပြီသား ပဲနော့။ ခရေညို့ အားမသိတာ မတတ် တာများအား ကူညီပေးကြ ပါအုန်း သူငယ်ချင်း အပေါင်းတို့။
ခရေညို စာမရေးရရင် မနေနိုင်လွန်းလို့ ဖန်တီးမိပါတယ်။ တကယ်တမ်းကြတော့ မသိတာတွေအခက်အခဲတွေ ကို အများကြီးပဲ။
ခရေညို လေ့လာ သင်ယူစရာတွေကိုအများ ကြီးပဲ။ ခရေညို အားရင် အမြဲတမ်း ပဲ ဘလောက်တွေ လည်လည်သွား အဲဒီကနေ
ရောဂါစရတာပေါ့။ ပထမ တော့ ခရေညို စဉ်းစားပါသေးတယ် စာအရေးအသား ကလည်းမကောင်းပဲနဲ လို့ တော်ပါပြီလို့။
ဖြစ်မှာ မဟုတ် ပါဘူးလို့ ဒါပေမဲ့ နောက်ဆုံး တော့ ဘာမသိ ညာမသိနဲ့ ဖန်တီးမိပါ ကြောင်းဝန်ခံပါရစေ။

ခရေညို