ဲသူငယ်ချင်းတို့ကို မကျေနပ် ဝမ်းနည်းတာလေးတစ်ခုပြောပြအုန်းမယ် ။
သိလား ?(ဘယ်သိမှာလဲနော် ပြောမှမပြောရသေးတာ) လွန်ခဲ့တဲ့ အပတ်စနေနေ့ကပေါ့ အိမ်ကလူကြီး Drawing ပုံတွေကို အရေးတကြီထုတ်ဖို့လိုအပ်လာတယ်။
ပုံမှန်ဆိုရင် ခရေညို့ ရုံးမှာဖြစ် သူ့ရုံးကဖြစ်ဖြစ် ထုတ်ခဲ့နိုင်တယ်။ ဒါပေမဲ့ အိမ်ကလူကြီး စနေနေ့မှ သတိရတာ အဲဒီတော့ အပြင်ကဆိုင်မှာထုတ် ဖို့စဉ်းစားရတာပေါ့။
အိမ်ကလူကြီးက ပုံတွေကို ကာလာနဲ့ A 3 ဆိုဒ်နဲ့လိုချင်တာလေ။ ဒါနဲ့ပထမဆုံး Clementi ကဆိုင်တွေမှာလိုက်မေးတော့ မရဘူးတယ် ခရေညိုတို့ ဆိုင်တိုင်းလိုလို လိုက်မေးတာပဲ။ အဲဒီဆိုင်တွေမှာက A 4 ဆိုဒ်နဲ့ အဖြူအမည်းပဲရတယ်တဲ့။ သူကလည်း အရေးတကြီး လိုအပ်နေတာ အဲဒီတော့ ပင်နီဆူလာ ကိုသွားဖို့စဉ်းစားကြတာပေါ့။ ပင်နီဆူလာ ရောက်တော့ မြန်မာဆိုင် တစ်ဆိုင်ကိုဝင်မေးကြတယ်။ အဲဒီဆိုင်မှာလဲ ကာလာနဲ့ ထုတ်လို့မရဘူး ဆိုဒ်ကလည်း သူလိုချင်တဲ့ ဆိုဒ်မရဘူးဆိုတာ နဲ့ A 4 ဆိုဒ်နဲ့ အဖြူအမည်း ပဲထုတ်ခဲ့ရတယ်။ အဲဒီဆိုင် မှာ စာရွက် ရေ ၁၉ ရွက် ထုတ်ခဲ့တယ်၊ ဆိုင်ပိုင်ရှင်ကပြောတယ် ပထမ တစ်မျက်နှာကို $2 တဲ့ ဒုတိယ စာမျက်နှာကစပြီး $1ပဲယူမယ်တဲ့။ အဲဒါဆိုတော့ အားလုံးပေါင်း $20 ပေးခဲ့ရတယ်လေ။
ဒါနဲ့ပြန်ခဲ့တဲ့လမ်းမှာ ဈေးကြီးတယ်လို့ထင်ပြီး စလုံးဆိုင်ကို ဝင်မေးကြည့်တော့ ပထမ တစ်မျက်နှာကို $1 တဲ့ ဒုတိယ စာမျက်နှာကစပြီး 50cents ပဲယူမယ်တဲ့။
ကိုယ်ကတော့ မျိုးချစ်စိတ်အပြည့်နဲ့ ကိုယ့်လူမျိုးဆိုင်မှာဝင်ပြီး အားပေးတာ.... မရိတ်လောက်ပါဘူး ဈေးမှန်မှာပါလေလို့ ထင်ပြီး အားပေးခဲ့တာ...............။
တကယ်ဆို အဲဒီမြန်မာဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ လူမျိုးခြားဆိုင်တစ်ဆိုင်ရှိတယ်။
အဲဒီလူမျို:ခြားဆိုင်ကိုဝင် တောင်မမေးဘူး။
အဲဒီမြန်မာဆိုင်က အင်တာနက် လည်းသုံးလို့ရတယ် သူ့ဆိုင်က ပင်နီဆူလာ ၃ထပ်က စက်လှေကားနားကဆိုင်ပါ ( ဆိုင်နာမည် တော့မပြောပြတော့ဘူးနော်) စိတ်ထဲမှာကိုတစ်မျိုးကြီးပဲ ပိုက်ဆံ၂၀ ကိုနှမြောလို့မဟုတ်ပါဘူး ။ ကိုယ်ချင်းစာစိတ်မရှိလို့ စိတ်တိုဝမ်းနဲတာပါ။
တကယ်ဆို ခရေညို တို့လည်း ဒီမှာစီးပွါးလာရှာတာပဲလေ (လူတိုင်းဒီမှာအလုပ်လုပ်နေတာကစီးပွါးရှာနေကြတာပဲ) စီးပွါးရှာသူ အချင်းချင်း ကိုယ်ချင်းစာစိတ်ကလေးတော့ရှိအုန်းမှပေါ့နော်။
ဘယ်သူက မှ သူများနိုင်ငံမှာ ဘယ်လာနေချင်ပါ့မလဲ?
အခြေအနေအရ စီးပွါးလာရှာကြတာလေ။ ရိုင်းရိုင်းပြောရရင် သူများနိုင်ငံ မှာကျွန်ခံနေကြရတာ ...( စကားပြောကြမ်းသွားရင် ခွင့်လွတ်ပါလို့အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါတယ်)နောက်တော့ခရေညို စဉ်းစားလိုက်တယ် ကိုယ်စိတ်တိုနေရင် ကိုယ်ပဲ ခံစားရမှာ .....ဒါနဲ့စိတ်တိုတာကိုရပ်ပြီး မုဒိတာပဲပွါးနေလိုက်တယ်။ ( အမှန်တော့စိတ်တိုမပြေသေးလို့ဒီစာကိုရေးဖြစ်တယ်ဆိုတာဝံခံပါရစေ..)
စီးပွါးရှာသူအချင်းချင်းကိုယ်ချင်းစာနိုင်ကြပါစေ။
ခင်မင်စွာဖြင့်
အညာမှ
ှခရေညို
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 week ago
