Tuesday, July 27, 2010

ငါ့အနာဂတ်



မင်းမပါရှိတော့တဲ့ ငါ့အနာဂတ်ဟာ

မီးမလာ/ လမိုက်ညတွေမှာ

စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေရသလိုပါပဲ



မင်းမပါဝင်တော့တဲ့ ငါ့အနာဂတ်တွေမှာ

ဦးတည်ရာမရှိ ဝဲနေတဲ့

လေတံခွန် တစ်စင်းလိုပြုတ်ကျမဲ့ အချိန်ကိုစောင့်နေရသူပါ။



မင်းမရှိတဲ့ ငါ့အနာဂတ်တွေမှာ

ငါဟာ အားအင်ချိနဲ့စွာ ဖြင့်

ဖြတ်သန်းနေရသူပါ

ပြန်မလာတော့မှန်းသိရက်နဲ့

မျှော်လင့်ချက်ကြီးစွာ ရင်မှာပိုက်လို့

စောင့်စားနေသူပါ



မင်းမရှိတော့တဲ့ ငါ့အနာဂတ်တွေဟာ

ဘာဆိုဘာမှ

ရေရာ သေခြာ မှူ့မရှိတော့တာ

ငါအသိဆုံးပါ။

အကောင်းဆုံးသမားတော်ဟာ

အချိန်လို့  မှတ်သားဖူးပေမဲ့

ငါကိုယ်တိုင် တော့ မလိုက်နာနိုင်ခဲ့ဘူး



မင်းမပါဝင်တော့တဲ့ ငါ့အနာဂတ်တွေဟာ

ဘယ်လိုမှ လှပနိုင်မှာ

မဟုတ်တော့ဘူးဆိုတာ အသေအခြာပါပဲ။ ။



ခင်မင်စွာဖြင့်


အညာမှ

ခရေညို