Showing posts with label အမှတ်တရများ. Show all posts
Showing posts with label အမှတ်တရများ. Show all posts

Tuesday, February 9, 2010

ကလေးဘဝ အမှတ်တရများ

ကျမငယ်ငယ်ကဆို အရမ်းဆိုးခဲ့တယ်လို့ အမေကပြောတယ်။ ကျမဆိုးတာကလည်း မိဘမောင်နှမတွေ အပေါ် မဟုတ်ပဲနဲ့ ရွာထဲမှာပဲဆိုးတာတဲ့။ တနည်းအားဖြင့် ရွာ့အော်ကျောလံပေါ့။ အမေက ကျမ နဲ့ ကျမအထက်က အမကို ၆ နှစ်လောက် ခြားပြီးမှရခဲ့တာလေ။



ကျမကို မွေး
ပြီး တစ်နှစ် လောက်မှာ ကျမမောင်လေး ကိုယ်ဝန် ရလာတယ်။ မွေးလာတော့ ကျမနဲ့ ၂ နှစ် နီးပါးပဲကွာတယ်။ မောင်လေး နဲ့ ကျမကို အမွှာတွေလိုပဲ အမေက ပြင်ဆင်ပေးတယ်။ အဲဒီတော့ အဝတ်တွေက ယောက်ျားလေး ပုံ ဆံတွေပဲ ကျမကဝတ်ရတာပေါ့။



မောင်လေးက မိန်းကလေး ပုံတွေဝတ်လို့မှမ ဖြစ်တာ။ မောင်လေး မွေးခါစက အသားကနီနီ လေးမို့ "ဘိုနီ" လို့ပဲ အလွယ်တကူ ပေးလိုက်ကြတယ်။ ကျမက
လည်းမောင်လေးဘိုနီ ကိုအရမ်းချစ်တာ။ ကစားဖော်ကလည်းသူပဲပေါ့။မောင်လေးက လည်း ကျမကို အရမ်းချစ်တယ်။

အိမ်မှာ မုန့်တစ်ခု တည်းရှိလို့ ကျမကို ဖြစ်ဖြစ် မောင်လေးကိုဖြစ် တစ်ယောက်တည်းကိုကြွေးလို့မရဘူး။

အမကြီးက



"မောင်လေးဘိုနီ ရေ ရော့ ဒီမှာ မုန့်တစ်ခု တည်းရှိတာ နင်ပဲစားလိုက် နင့်အမကို

သွားမပြောနဲ့နော်" လို့



တစ်ယောက်တည်းကို ကြွေးရင် မောင်လေးကစားပြီးသွားရင် ကျမကိုလာပြောတယ်။ ကျမကလည်း အဲလိုပဲ ဆိုတော့ အမေနဲ့ အမတွေက တစ် ခုတည်းရှိရင် တစ်ဖဲ့ဆီပေးရ တာတို့နှစ် ခု ဝယ်ရတာတို့ အလေ့အကျင့် ဖြစ်သွားတယ်။



တစ်နေ့တော့ ကျမတော့ မောင်နှမ ရွာထဲမှာ သွားကစား ကျတာ ရန်ဖြစ်ပြီး ပြန်ခဲ့ကြတယ်။

ရန်ဖြစ်တဲ့ ကောင်လေးက နှစ်ယောက် ၊ ကျမတို့က နှစ်ယောက်ပေါ့ ဘာကြောင့် ရန်ဖြစ်တယ် ဆိုတာအတိအကျ မမှတ်မိပေပေမဲ့ သူတို့ကနိုင်သွားတယ်ဆိုတာ တော့ ကျမ မှတ်မိနေသေးတယ်။



အဲဒီကောင်လေးနာမည်က ဘိုဌေးနဲ့ အောင်မောင်းတဲ့။ သူတို့မှာ ကျောင်းနာမည်တော့ရှိပေမဲ့ ကျမတို့ကတော့ အဲလိုပဲခေါ်ကြတယ်။

ဘိုဌေးရဲ့ အဖိုးက ဦးဘိုနီတဲ့။ မောင်လေးနာမည်နဲ့အတူတူပဲ ကျမတို့ကတော့ ဘကြီးဘိုနီ လို့ခေါ်ကြတယ်။အောင်မောင်း ရဲ့အဖိုးနာမည်က တော့ ဦးမောင်လေး၊ ဘကြီးမောင်လေးပေါ့။

ကလေးတုန်းကတော့ ကစားရင်းရန်ဖြစ်တာမဆန်းပါဘူး။ ဒါပေမဲ့ ကျမ သူတို့ကို

အရမ်းစိတ်ဆိုးတယ် ။ သူတို့ကနိုင်သွားတာကိုး ကိုယ်ကနိုင်ရင်တော့ တမျိုးပေါ့ :)



အဲလိုရန်ဖြစ်ပြီး နှစ်ရက်လောက်ကြာတော့ ဘိုဌေး တို့အိမ်ရှေ့ကို ကျမကသွားပြီး မောင်လေးကို ပုံးခိုင်းလိုက်တယ်
ပြီးတော့မှ



" ဘိုနီ ရေ ဘိုနီရေ "



အာပြဲကြီးနဲ့ ခေါ်လိုက်တယ်။ ဒါပေမဲ့ မောင်လေးနဲ့က ဇာတ်တိုက်ထားတာဆိုတော့ သူကထွတ်မလာပါဘူး။
နောက်တစ်ခေါက်



" ဘိုနီ ရေ ဘိုနီရေ "



ထပ်ခေါ်လိုက်ပြန်တယ်။ ဒါလည်းဘိုနီက ထွတ်မလာပဲ ဘိုဌေး တို့ အမေကထွတ်လာပြီး



" ဟဲ့ ကောင်မလေး ညည်းကဘာလို့ လူကြီးကို မရိုမသေနဲ့ ဘိုနီလို့ အော်ခေါ်နေတာလဲ?"


" မဟုတ်ပါဘူး ကြီးတော် ရဲ့ ကျုပ်မောင်လေးကို ခေါ်တာလေ "


"ဘယ်မှာလည်း ညည်းမောင်က"



ကျမလည်းထပ်ခေါ်လိုက်တယ်



" ဘိုနီရေ "



မောင်လေးက ထွတ်လာတော့တာပေါ့။ ဘိုဌေးတို့အမေလည်း မကျေမနပ်နဲ့ပေါ့။

မပိုင်ဘူးလား?

အောင်မောင်းတော့အိမ်ရှေ့ရောက်တော့လည်း



"မောင်လေး ရေ မောင်လေးရေ"



လို့ခေါ်ပြီး ပြေးကြတာပေါ့ ။ နောက်နေ့ကျတော့ အမေကဆူပါလေရော။

မှတ်မှတ်ရရ မုန့်ဖိုး နှစ် ရက် အဖြတ်ခံလိုက်ရတယ်။



အခုနေ ပြန်တွေးကြည့်တော့ တော်တော်ဆိုးတဲ့ ငါပါလားလို့ တွေးမိပြီး ပြုံးမိတယ်။

အခုအချိန်ထိ အဲဒီအကြောင်းကို ဆက်မိတိုင်းပြော နေကြတုန်းပဲ။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို