Showing posts with label တက်ဂ်. Show all posts
Showing posts with label တက်ဂ်. Show all posts

Thursday, February 25, 2010

ကိုယ့်အကြိုက်များ

ခရေညို့ကို တိုရင်ချီသူ ဆိုတဲ့ ကြောင်ကလေးက Tag ထားတာ ကိုယ့်အကြိုက်တဲ့။သူရေးခိုင်းတာက အသုံးအဆောင် ဆိုတော့ အစားအသောက်တွေ ကိုတော့ ထည့်မရေးတော့ပါဘူး (တကယ်တော့ကိုယ့်အကြိုက် အစားအသောက် ကိုရေးချင်လို့းP )

ရေးမယ် ရေးမယ်နဲ့ အလုပ်များချင်ယောင်ဆောင်ပြီး မရေးဖြစ်တာ



ခရေညိုက တော့ မိန်းမပီပီ (ဒီနေရာမှာပဲ မိန်းမပီသတာ )အီလက်ထရောနစ်ပစ္စည်းတွေတော့မကြိုက်ဘူး။ ခရေညိုက မိန်းကလေးဆိုတော့
အလှပြင်တဲ့ ပစ္စည်းတွေကိုကြိုက်တယ် (အလှပြင်တာကိုပြောတာမဟုတ်ပါ ခွဲခြားပြီသိစေလိုပါသည် ) အထူးသဖြင့် နှုတ်ခမ်းနီ ဗူးတွေကိုကြိုက်တယ် တခါတလေဆို Expo မှာဈေးချ တယ်ဆိုရင် နှုတ်ခမ်းနီဗူးကိုအဲဒီအထိကိုသွားဝယ်သေးတာ။ အဲလောက်တောင် နှုတ်ခမ်းနီ ဗူးတွေကိုကြိုက်တာ။ပြီးတော့ ခရေညိုတို့ မိသားစုမှာက မိန်းကလေးဆို ခရေညို တယောက်တည်း။ အဲဒီတော့ နှုတ်ခမ်းနီ ဗူးသုံးတဲ့သူက တယောက်တည်း။ ကိုယ်ကလည်း ဆိုးလည်းသိပ်မဆိုးဖြစ်ပါဘူး ဝယ်ပြီးစုထားတာကို ကြိုက်တယ် ။



ပြီးတော့ ဖိနပ်ဆိုရင်လည်း ခရေစီဖြစ်တယ်၊ ဟောင်းပြီးစုတ်ပြတ်နေရင်

တောင် လွှင့်ပြစ်ရမှာနှမြောလို့ သိမ်းထားတာ ဖိနပ်စဉ်မလောက်လို့ အိမ်ကလူကြီးနဲ့ နှောင်ဂျိမ်ပလေးရတာ ခဏခဏပဲ ။ တစ်လကို နှစ်ရံနှုန်း

လောက်ကိုဝယ်လို့ စကားများရတာလဲ အခါပေါင်းမနဲတော့ဘူး။ ရုံးမှာစီးတဲ့ဖိနပ်ဆိုတာလဲ ၅ ရံရှိတယ် အဲလောက်ကိုဖိနပ်ကြိုက်တယ်။ ခရေညို ကိုယ့်အတွက်တင်မကဘူး သားတွေအတွက်ပါကြုံရင်ကြုံသလို ဖိနပ်ဝယ်ပေးလိုက်သေးတယ်။ ခရေညို တို့အမိမြေပြန်တော့ ဖိနပ်တွေကို အိတ်တစ်လုံးနဲ့အပြည့်ပဲ.ဟိုကလူတွေကရောင်းဖို့ လားလို့တောင်အမေးခံရတဲ့အထိပါပဲ။ ဟီး အဲဒီလောက်ကို ကြိုက်တာ။



နောက်အသုံးအဆောင်ကတော့ အိတ်တွေကိုလည်းရမ်းကြိုက်တယ်။ အိတ်ဆိုရင် အကြွေစေ့ ထည့်တဲ့အိတ်ကစပြီး ခရီးဆောင်အိတ်အဆုံးကိုကြိုက်တာ။
တခါတလေဆို ပလတ်စတစ် အိတ်တောင်လှရင် လွင့်မပြစ်ပဲသိမ်းထားတာ။ အဲလိုသိမ်းထားလွန်းလို့ အိမ်ကစတိုခန်းထဲမှာဆို ဖိနပ်တွေ အိတ်တွေနဲ့ ပြည့်နေတာ။ ပြီးတော့ မိန်းမ မပီသစွာနဲ့ပဲ ဖန်စီ ပစ္စည်းတွေဆို လုံးဝ(လုံးဝ) ကိုမကြိုက်ရေးချမကြိုက်။(ဘာမှမဆိုင်ဘူး) ရေးခိုင်းတဲ့သူက ကိုယ့်အကြိုက် ပါဆို :)



တိုရင်ချီတူ
ရေ ကျေနပ်မယ်လို့ထင်ပါတယ်။ နောက်ကျမှ ရေးတဲ့အတွက် ဆောရီးပါ။ အခုလို ခရေညို.ကို ခင်မင်စွာနဲ့ သတိတရ ရေးခိုင်း
တဲ့အတွက် ကျေးဇူးပါ။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Monday, January 4, 2010

နောင်လာမယ့် ၅ နှစ်မှာ....

ချစ်သော မမဝါ ကခင်မင်စွာ နဲ့ Tag ထားတာပါ။ မမဝါ တက်ဂ် ထားတာကို နောက်ကျမှသိတဲ့အတွက် နောက်ကျမှ ရေးလိုက်တာပါ (စိတ်ဆိုး ရဘူးနော်)


1.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ…………


ခရေညို နောက် ၅ နှစ်မှာ သေခြာတာကတော့ စလုံးမှာရှိနေ အုန်းမှာပါပဲ။

ခရေညို လုပ်ချင်တဲ့ ကိုယ်ပိုင်စီးပွါး ရေးက ဒီမှာမလုပ်ချင်ပါဘူး။

ခရေညိုက အမိမြေမှာပဲ ခြံအကျယ်ကြီးတွေဝယ်။ ပြီးတော့ လူတွေ ငှါးပြီး သီးပင်စားပင်တွေစိုက်ခိုင်းမယ်။စိုက်ပြီးတော့ စလုံးကိုသွင်းမယ်။

ခရေညိုက ဒီမှာရုံးထိုင်မယ် ဒီမှာလိုအပ်တဲ့ဝန်ထမ်းတွေကိုလည်း မြန်မာကပဲ ခေါ်မယ်။

နေရာကတော့ မေမြို့ လိုတောင်ပေါ်မြို့ လေးပေါ့။

စိတ်ချရတဲ့ မန်နေဂျာတစ်ယောက်ကတော့မဖြစ်မနေလိုတာပေါ့နော်
ဒါမှ စလုံးကနေ လိုအပ်တာတွေကို ညွှန်ကြားနိုင်မှာပေါ့။

အခု ကိုယ်ကသူများ ညွှန်ကြားတာကိုလုပ်နေရတာဆိုတော့ နောင် ၅ နှစ်မှာ ကိုယ်ကသူများတွေကို ညွှန်ကြား ချင်လို့။ (စိတ်ကူးယဉ်တာပါ ဟိ)

ခရေညို ကိုယ်ပိုင်လုပ်မှာဆိုတော့ ပြန်ချင်တဲ့ အချိန်ပြန်ရအောင်လို့ ကိုယ်ပိုင် လေယာဉ် တစ်စီးတော့ ဝယ်ထားရမှာပေါ့ ဟိ (စိတ်ကူးနော်)။

ခရေညိုးရုံးခန်းလေးကိုတော့ မြန်မာနိုင်ငံကလို ပွဲရုံ နဲ့တွဲပြီးတော့ မဖွင့်ချင်ဘူး။ ပွဲရုံက တစ်နေရာ ရုံးခန်းကတော့ ပင်နီစူလာမှာဖွင့်ချင်ပါတယ်။

ဒါမှ မြန်မာနိုင်ငံက အသီးအနှံ တွေကို ဈေးနှုန်းချိုချို နဲ့စလုံးက "ရွှေ" တွေဝယ်စားလို့ရမှာပေါ့နော်။ ပွဲရုံမှာ အောက်ခြေသိမ်း အလုပ်သမားတွေကိုတော့ စလုံးတရုပ် တွေကိုခန့်မယ်။ ကျန်တဲ့ ရာထူး တွေကိုမြန်မာတွေကို ခန့်မယ် ။ ဒါမှ "ရွှေ" တွေက သူတို့ကို ဟောက်စား လုပ်လို့ရမှာပေါ့။ဒါကတော့ နောင် ၅ နှစ် မှာ ခရေညို လုပ်ချင်တဲ့ ကိုယ်ပိုင်စီးပွါးရေး။ လက်ရှိကတော့ သူများဝန်ထမ်း ဟင့် ။


2.မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့)စိတ်ကူးထဲက အိမ်ထောင်ရေး


ခရေညို့ အတွက်ကသိပ်ပြီးထွေထွေးထူးထူး ရေးစရာမရှိပါဘူး။

အခုအိမ်ထောင်ရေးကလည်း ခရေညို့စိတ်ကူးထဲကအတိုင်း စိတ်တိုင်းကျဖြစ်နေလို့ပါပဲ။ ငယ်ငယ်ကစိတ်ကူးယဉ်တဲ့အတိုင်း ကိုယ့်ထက် အသက် အနည်းဆုံး ၅ နှစ်တော့အနည်းဆုံးကြီးရမယ် (ဒါမှ ဆိုးလို့ရမှာပေါ့)

ပြီးတော့ ခရေညို့ကို နားလည်နိုင်ရမယ်အိမ်ထောင်ရေးမှာ နားလည်မှူ့ကသိပ်လိုအပ်တယ်လေ (ကိုယ့်အယူ အဆနော်)

ရုပ်ကလည်း ကြည့်ကောင်းရမယ် (ချောဖို့မဆိုလိုပါ) စသည်ဖြင့်ပေါ့ …………………..

ခရေညို့ အားလုံး ပြည့်စုံခဲ့ပါတယ်။ ဒီတော့ နောင် ၅ နှစ်မှာလည်း ဒီလိုပဲ ပေါ့နော်။



မမဝါ ရေ ကျေနပ်တော့နော်။ အခုလို ခရေညို့ကိုသတိတရ ရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Monday, October 26, 2009

ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်

ကိုအောင်သာငယ် က Tag ထားတာ ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်တဲ့။

တကယ်တော့ လူ့ဘဝဆိုတာ ရခဲပါတယ် ဘာကောင်းမှူ့ မှမလုပ်ရသေးခင်

ကမ္ဘာကြီး ပျက်သွားရင် နောက်ဘဝမှာ ဘာဖြစ်မလဲ?

လူမှပြန်ဖြစ်ပါအုန်းမလားလို့တွေးပူမိလာတယ် ငါဘာဖြစ်မလဲ?

သားလေးတွေအတွက် မိဘအတွက် လုပ်ပေးသင့်တာတွေ အများကြီးရှိသေးပါလား

ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ်ဆိုတဲ့ အတွေးတွေဝင်လာတယ်။

ဒီအတွေးတွေ ဝင်လာအောင် Tag လိုက်တဲ့ ကိုအောင်သာငယကို ကျေးဇူးတင်ပါတယ်နော်



၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..



အတူရှိနေချင်တာကတော့ ကျမရဲ့ သားလေး နှစ် ယောက်ရယ် အိမ်ကလူကြီး နဲ့ ကျမရဲ့ မိဘတွေပဲ ဖြစ်ပါတယ်။သူတို့တွေက ကျမဘဝရဲ့ အခန်းတွေမှာ အရေးကြီးတဲ့ နေရာတွေကနေ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင် ပေးခဲ့ကြပါတယ်။


၂။ဘာတွေခံစားနေရမလဲ..



ဘာတွေခံစားနေမလဲ ဆိုတော့ သေခြာမသိသေးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကမ္ဘာ ပျက်တာကို ကျမတခါမှ မခံစားဘူးတော့ အတွေ့
အကြုံမရှိ သေးလို့ပါ။

အတွေ့အကြုံ ရှိသွားရင်တော့ ကျမခံစားရတာတွေကို ပြောပြနိုင်မှာပါ။



၃။ ဘာတွေပြင်ဆင်ထားမလဲ



အမိမြေကို အရင်ဦးဆုံး ကျမမိသားစုနဲ့တကွ ပြန်နေပါမယ်။ ကျမရဲ့သား လေးတွေကိုလည်း ဘုရားစာတို့ မြန်မာ့ဓလေ့ ချစ်စရာ ကဗျာလေးတွေကို
လည်း သင်ပေးထားမယ်။

ပြီးတော့ သူတို့လေးတွေကို မြန်မာနိုင်ငံ အနှံ့ လိုက်ပို့ထားမယ်။

တော်ကြာကမ္ဘာ ပျက်သွားရင်မ ရောက်ဖူးပဲနေမှာဆိုးလို့။



၎။ ၀မ်းနည်းမိမှာက




ဝမ်းနည်ဲးမိမှာကတော့ ကျမသားလေး တွေ အရွယ်မရောက်ကြသေးတာကြောင့် အလှူမလှူ ရသေးလို့ ပြီးတော့ ချဉ်ပေါင်ကြော် နဲ့ထမင်းမစား လိုက်ရမှာကို ...ဟိ.. . ..



၅။ကြောက်လန့်မိတာက..



တကယ် ကမ္ဘာ ပျက်မယ်ဆိုရင်တော့ လူတိုင်း ကြောက် လန့်ကြမှာမလွဲမသွေပဲ။ လူတိုင်းသေချင်ကြမှာမဟုတ်ပါဘူး သေရတော့မယ်လို့ ကြိုသိ

နေရင် သွေးပျက်မတက် ကြောက်နေကြမှာပဲလေ ပြီးတော့ ကျမရဲ့သားလေးတွေကို အဲဒီလိုအဖြစ်ဆိုးကြီး တွေ့ရင် ခံနိုင်ရည်ရှိကြပါ့မလားဆိုတာကိုတွေးပြီး ကြောက်လန့်မိတယ်



၆။ဆောင်ထားချင်တာ..



ဆောင်ထားချင်တာကတော့ ရေနဲ့ စားစရာတွေပေါ့။ ကျမရဲ့သားလေးတွေ အစာရေစာပျက်မှာစိုးလို့ပါ။ ပြီးတော့ တစ်နေရာနဲ့ တစ်နေရာ ဆက်

သွယ်လို့ရနိုင်တဲ့ ဆက်သွယ်ရေးကရိယာ တစ်ခု ( ဘာပဲဖြစ်ဖြစ်ပေါ့)



၇။ဘာတွေရေးမိမလဲ..



သားလေးတွေအတွက် ပူပင်သောကရောက်နေရတာနဲ့ရေးချိန်တောင်ရမှာမဟုတ်ပါဘူး။
ဪ ဒါပေမဲ့ ကမ္ဘာပျက်သွားတဲ့ ရက်စွဲလေးကိုတော့ ရေးချင်သား။



ဂ။တွေးမိတွေးရာ အတွေး



ပြေးလို့မလွတ်နိုင်မှန်း သိရက်နဲ့ ဘယ်နေရာကိုပြေးလို့ လွတ်နိုင်မလဲလို့ တွေးနေမိမှာပါ ။

၉။ဂုဏ်ယူချင်တာက



ကမ္ဘာကြီးပျက်တာကို ကိုယ်တိုင် ကိုယ်ကျ တွေ့မြင်လိုက်ရလို့ ………………….

ငါကွ………….




၁၀။ရှာကြံဖြေသိမ့်မိတာက



မိဘအတွက် သမီးဆိုး တစ် ယောက်၊ သားတွေ အတွက် မိခင်ဆိုးတစ်ယောက်၊ ခင်ပွန်းအတွက် ဇနီးဆိုး တစ်ယောက်၊ အမိမြေအတွက် လူ
ယုတ်မာ တစ်ယောက်မဟုတ်ခဲ့တဲ့အတွက်။

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း



အမလေး…………… ဟာသွားပါပြီ …………………..



ကိုအောင်သာငယ် ရေ ကျေနပ်မယ်ထင်ပါတယ်နော် အခုလို သတိတရ နဲ့ ရေးခိုင်းတဲ့အတွက် ကျေးဇူးပါ။



ကဲ ကိုယ့်အလှည့် တော့ပြီးသွားပြီ ။ ကိုယ်ပြီးတော့ သူများ အလှည့်


၁။ အညာသား ကိုမျိုး


၂။ ဖြူတုတ်လေး


၃။ ကိုစည်သူ


၎။ တလနွန်


၅။ရှောက်သီးနဲ့ဂေါက်သီး



သူတို့တွေဘယ်လို
ကမ္ဘာပျက်ကြမလဲဆိုတာ စပ်စုချင်ပါသေးတယ်ရှင်။



ခင်မင်စွာဖြင့်


အညာမှ


ခရေညို

Wednesday, October 14, 2009

ကျမနှစ်သက်သော အမျိုးသားများ

ဖြူတုတ်လေး tag ထားတာ ကျမနှစ်သက်သောအမျိုးသားများတဲ့။ ကျမနှစ်သက်တဲ့ အမျိုးသားတွေကတော့အများကြီပဲ ( ဟီ ဟိ) ။အဲဒီထဲကမှ ကျမ အထင်ကြီး ပြီး နှစ်သက်တဲ့

အမျိုးသားတွေကို ရွေးချယ်လိုက်ပါတယ်နော် ။


ကျမအထင်ကြီး ပြီးနှစ်သက်တဲ့ အမျိုးသားတွေကတော့


၉ တန်းနှစ်က ကျမတို့ကို Bio သင်ပေးတဲ့ ဆရာကြီး သူ့နာမည် ဦးသိန်းထွန်းဝင်း တဲ့။

တကယ်တော့ Bio ဘာသာရပ်ကို ကျမသင်ခဲ့ရတာကတော့ ၈တန်း နှစ်ကစပြီး သင်ခဲ့ရတာပါ။

၈ တန်းနှစ်က Bio ဘာသာရပ်ကို အရမ်းကြောက်ပါတယ်။ စိတ်လည်းမဝင်စား ခဲ့ဘူး။

၉ တန်းနှစ်ကျ တော့ ဆရာကြီး ဦးသိန်းထွန်းဝင်း ကသင်ပြပေးပါတယ်။ ဆရာကြီး ရဲ့ ပုံဆံက

ခပ်တည်တည် နဲ့ ပြီးတော့ နှုတ်ခမ်းမွေးကြီး တကားကားနဲ့။ သူကစာအသင်အပြ ကောင်းသလို စည်းကမ်းလည်း ကြီးပါတယ် ။ ၉ တန်းနှစ်ကစပြီး ကျမဟာ Bio ဘာသာရပ်ကို စိတ်ဝင်စားလာပြီး မကြောက်တော့တာပါ။ တိုတို ပြောရရင် ကျမနှစ်သက်မိသော အမျိုးသားတွေ ထဲက

တစ်ယောက်ကတော့ ဆရာကြီး ဦးသိန်းထွန်းဝင်း ပါ။

သူ့ဓာတ်ပုံ မရှိလို့ မတင်ပေးနိုင်ပါဘူးရှင်။


နောက်တယောက်ကတော့ နိုင်ငံကျော် အဆိုတော် လေးဖြူ ပါ။ သူအသံ ကပြာတာတာ ဩရှရှလေးပါ .........................

ဒါပေမဲ့ ပြောလောက် အောင်လည်းမကောင်းဘူး ဆိုတာ လူ တိုင်းသိကြမှာပါ ဒါပေမဲ့ သူကသီချင်းအရမ်း ဆိုတတ်တယ်လို့ထင်ပါတယ် ရှင် ။

ကျမကသူ ကိုအရမ်းနှစ်သက်ပါတယ်ရှင် ။





နောက်တစ်ယောက် ကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့စာရေးဆရာ တာယာမင်းဝေ ပဲ ဖြစ်ပါတယ်ရှင်။ သူ့စာတွေ ဖတ်ရတာ ကျမအတွက် ဗဟုသုတတွေ ခံစားမှူ့တွေ အများကြီး ရပါတယ်ရှင်။ ဒီနေ့ခေတ် စာရေးဆရာ တွေ ထဲမှာ သူ့ကို ကျမအရမ်းနှစ်သက်ပါတယ်ရှင်။

နောက်တစ်ယောက်ကတော့ David Beckham ပဲဖြစ်ပါတယ် သူက အရမ်းတော်တဲ့ဘောလုံးကစားသမားတဦးဖြစ်သလို Style နဲ့ ရုပ်ရည်ရှိသူတစ်ဦး

ဖြစ်ပါတယ် ရှင်….. သူလည်းပဲ ကျမနှစ် သက်တဲ့ အမျိုးသားတစ်ဦး ဖြစ်ပါတယ်ရှင်။






နောက်တစ်ယောက်ကတော့ Will Smith ပဲဖြစ်ပါတယ် သူက သူတို့လူမည်းတွေရဲ့ မကျေနပ်ချက်တွေကို သီချင်းလုပ်ဆိုလေ့ရှိ ပြီး ရုပ်ရှင်ဇာတ် ကား အတော်များများလည်း ရိုက်ကူးထားပါတယ်။

သူ့ကိုလည်း ကျမအရမ်းပဲ နှစ်သက်ပါတယ်ရှင်။




အခုနောက်ဆုံး တစ်ယောက်ကတော့ ကျမရဲ့ အိမ်ကလူကြီးပဲ ဖြစ်ပါတယ်ရှင် ။သူကစိတ်တိုတယ် ရုပ်ဆိုးတယ် အသာမည်းတယ် အအိပ်ကြီးတယ် အိပ်ရင်လည်းဟောက်တယ် အစားကြီးတယ်

ဆရာလည်း အားကြီးလုပ်တယ် ။ (အဲဒါတွေ ရဲ့ ဆန့်ကျင်ဘက် )

သူ့ကိုလည်း ကျမ အရမ်းနှစ်သက်ပါတယ်ရှင်....................။

သူ့ဓာတ်ပုံကိုတော့ မတင်တော့ဘူးနော်။ ဟိ ::))

ညီမလေးဖြူတုတ်ရေ ကျေနပ်ပါနော်.... အခုလို ခရေညိုကို သတိတရ ရှိတဲ့အတွက်

ကျေးဇူး အထူးစပါယ်ရှယ် တင်ပါတယ်နော်......... ။

ခရေညို လည်းနောက်ထပ် ရေးခိုင်းချင်ပါသေးတယ်နော် ။ နှင်းဆီပန်း ချစ်တဲ့ကောင်းမလေး ညီမလေးနွေးနေခြည်ညီမလေး ဇူးဇူး တို့တွေ ဘယ်သူ့တွေကို နှစ်သက်ကြတယ်ဆိုတာကိုလည်း သိချင်ပါသေးတယ်ကွယ် ။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Monday, October 12, 2009

အညာသာကိုမျိုး ရဲ့ တက်ဂ်

အမှန်တိုင်း ဝန်ခံရရင် ကျမ မြင်းမူ ကိုမရောက်ဖူးပါဘူး။ ကိုမျိုး က ကျမ ဇာတိဖြစ်တဲ့ စစ်ကိုင်းကနေ သူ့ရဲ့မွေးရပ်မြေ ဖြစ်တဲ့ မြင်းမူထိ လမ်းတလျှောက်မှာရှိတဲ့ ရှူ့ခင်းတွေ ဘုရားတွေကို ဓာတ်ပုံနဲ့ တကွ ရေး ပေးဖို့ကျမကို တက်ဂ် ပါတယ်။ ဒါနဲ့ ကျမလည်း ကိုယ့်ရောက်ဖူးတဲ့ နေရာလေး တွေ ရဲ့ပုံလေးတွေပဲ တင်ပေးလိုက်နိုင်ပါတယ်။ ကိုမျိုးရေ ကျေနပ်ပါနော်။





ဒီဘုရားကတော့ ရာဇာမဏီစူဠာ ကောင်းမှူ့တော်ဘုရားဖြစ်ပါတယ်။





ဒါကတော့ သနပ်ခါ: ကြိုက်တဲ့ မမများအတွက်ပါ။ ကျောက်ပြင် နဲ့ သနပ်ခါတုန်း ပါ ။

အားပေးသွားကြပါအုန်း ( Buy 1 Get 1 Free)

ဒါလေးတွေ ကအိမ် အသုံးအဆောင်လေးတွေပါ

ဒါလေးတွေက သားသား မီးမီးတို့အတွက် လက်ဆောင် အိုးပုတ်ဂျိုးရုပ် တွေပါ


ဒီရှူ့ခင်းကတော့ မြင်းမူသွားလမ်းဘေးမှာရှိပါတယ်။ ကောင်းမှူ့တော်ဘုရားပွဲတော်ဖြစ်တဲ့အတွက် လမ်းဘေးမှာတောင်းသည်တွေ ဖြစ်ပါတယ်။


ဒီဘုရားလေးကလည်း စစ်ကိုင်းမြို့အထွတ် ရွာထောင် နား ကဘုရားလေး ပါ ။



ဒီရှူ့ခင်းကလည်:စစ်ကိုင်းကနေ မြင်းမူ သွားရာ လမ်းဘေး က လက်ပံ ပင်ကြီး ဖြစ်ပါတယ်။ ရာသီကတော့ ဆောင်းအကုန် နွေအကူးပါ။ လက်ပံပွင့်ခြောက် ကို အချဉ်ဟင်း ချက်စားရင် အရမ်းပဲကောင်းပါတယ်။




ဒီ ကုက္ကိုပင်တွေ ကတော့ ကိုမျိုးတို့ ရွာအဝင်ကပေါ့။

ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Friday, October 9, 2009

K for Khayay

Rules : It's harder than it looks! Copy to your own note, erase my answers ,
enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the
boy/girl name question.


1. What is your name : Khayay
2. A Four Letter Word : Kiss
3. A Boy’s Name : Keith
4. A Girl’s Name : Karen
5. An Occupation : Kindergarten Teacher
6. Something you’ll Wear : Kimono(When I go back Myanmar I’ll wear)
7. A Color : Khaki
8. A food : KFC (Kentucky Fried Chicken)
9. Something found in the bathroom : Kid size toilet seat
10. A place : Korea
11. A reason for being late: Key locked in the car
12. Something you’d shout : Keep... Quiet
13. A Movie Title : King Kong
14. Something you drink : Kickapoo
15. A Musical Group : Kings of Rhythm
16. An Animal : Kangaroo
17. A Street Name : Kandahar Street ( In Singapore)
18. A Type Of Car : Kia Karen
19. The title of a song : Karma ( Alicia Keys)
20. A verb : Kitchen


ကိုအောင်သာငယ် တက်ဂ်ထားတာပါ။ ဒီနေ့ပဲ ပြီးအောင် ရေးပေးလိုက်ပါတယ်..
( ကိုယ် ရေးချင်နေတာကို ကိုအောင်သာငယ် ရေးခိုင်းလို့- လို့လွဲချ ဟီဟိ) ။ ကိုအောင်သာငယ် ရေ အခုလို သတိတရ ရှိတဲ့အတွက်ကျေးဇူး အထူးစပါယ်ရှယ် တင်ပါတယ်နော်။

ခရေညိုလည်း သူများကိုရေးခိုင်းချင်ပါသေးတယ်။ ခရေညို့လိုပဲ
အညာက
အညာသားလေး ကိုမျိုး ကိုအိမ် ကိုသော်ဇငနဲ့ ညီမလေးဝိုင်း တို့
ဘယ်လိုရေးမလဲ ဆိုတာကိုသိချင် ပါသေးတယ် ရှင်။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို