Wednesday, September 29, 2010

အတိုက်အခိုက်

အတိုက်အခိုက်ဆိုတာလူတိုင်းမှာရှိကြတာပဲလေနော့ ။ ကိုယ်ကမှန်မှန် နေပါလျက် ကိုယ့်ကို ပေါ်တင်ကြီး သိသိသာသာ တိုက်ခိုက်ခံရတဲ့အခါ ဘယ်လိုတုန့် ပြန်မလဲ? အဲဒီအချက်ကို ကြိုပြီးစဉ်းစားမထားတဲ့အတွက် ဘာလုပ်ရမလဲဆိုတာကို မသိဘူးဖြစ်နေတယ်။

အခုခရေညို တို့ရုံးမှာဖြစ်နေတာနဲ့ပတ်သက်ပြီး ပြောပြချင်လိုပါ။ ခရေညို့ လိုမျိုး တိုက်ခံရတဲ့သူတွေ အများကြီးရှိမယ်ထင်ပါတယ်။ ခရေညိုတို့ ရုံးက အစကရုံးတစ်ခုတည်း ဆိုလိုတာက ရုံးခွဲတွေဘာတွေမရှိပါဘူး။ ဒါပေမဲ့ အခုတော့ သူဌေးက ရုံးခန်းတစ်ခုထပ်ဝယ်ပြီး ရုံးခွဲလိုမျိုးလုပ်လိုက်တယ်။

သူဌေးကတော့ ရုံးအဟောင်းမှာ လူတစ်ချို့နဲ့ နေခဲ့ပြီး နောက်၂ နှစ်လောက်နေမှ ပြောင်းလာကြမှာ။ ဖြစ်ချင်တော့ ရုံးသစ်ကို ပြောင်းရတဲ့ အထဲမှာ ခရေညိုပါပြောင်းရတယ်။ ခရေညိုနဲ့အတူ မန်နေဂျာ အပါအဝင် ၅ ယောက် ပြောင်းခဲ့ရတယ်။ ဪ မေ့နေလို့ ခရေညိုတို့ရုံးမှာ မန်နေဂျာကလွဲရင် ခရေညိုက လုပ်သက်အကြာဆုံးပဲ။

ဒီတော့ လုပ်ငန်းနဲ့ဆိုင်တဲ့ အားလုံးလိုလို ခရေညိုက သိနေတယ်။ မန်နေဂျာ ကလည်း ခရေညို့ အပေါ် တကယ်ကောင်းတယ်။ ဘယ်လောက်ကောင်းလည်းဆို ခရေညို အလုပ်ထွက်စာတင်တာ ၂ ခါရှိပြီ ၂ ခါစလုံး ခရေညို့ကို ပေးမထွက်ဘူး။ ဒီရုံးသစ်ကိုပြောင်းလာတဲ့အထဲမှာ အားလုံးက တရုတ်တွေချည်းပဲ ခရေညိုကလွဲရင်ပေါ့။

စားရင်းကိုင်၂ယောက် ဆိုကြပါစို့ မပြာနဲ့ မဝါပေါ့ သူတို့က ဒီမှာလုပ်တာလုပ်သက်က ခရေညို့ လုပ်သက်ရဲ့ လေးချိုးတစ်ချိုးပေါ့။ သူတို့တွေရောက်ခါစက လုပ်ငန်းနဲ့ ပတ်သတ်တဲ့ တစ်ချို့ကို ခရေညိုကပဲ ရှင်းပြခဲ့တာ။ အရင်တုန်းက ခရေညို လုပ်ရတာပေါ့။ နောက်တစ်ရောက်က ရောက်တာ လေး လလောက်ရှိပြီ ထားပါတော့ သူက မနီပေါ့

မနီကတော့ ခရေညို့ ရဲ့ လက်အောက်ကပေါ့ ။ သူတို့တွေက သိပ်စည်းလုံးတာ မန်နေဂျာ ရှိရင် ခရေညို့ကို ဆက်ဆံပုံကတစ်မျိုး ကွယ်ရာဆိုတစ်မျိုး။ ခရေညို ကလည်း လုံးဝကိုဂရုမစိုက်ဘူး။ ကိုယ်ကသူတို့ကို မေးစရာဘာမှမရှိဘူး လေ။ ဖြစ်ချင်တော့ မန်နေဂျာက ဂျပန်ကို ၁၂ ရက်ကြာအလည်သွားတယ်။အဲဒီအချိန်မှာ ကိုယ့်ကိုမခေါ်နိုင် မပြောနိုင်လောက်အောင်ပဲ ဖြစ်နေကြတယ်။ ကိုယ်ကဂရုမစိုက်ဘူးဆိုပေမဲ့ စိတ်ထဲမှာတော်တော့ကိုခံပြင်းမိတယ်။ ကိုယ်ကမှန်ပါလျက်နဲ့ အတိုက်ခံရတာတော့ အီလည်လည်ကြီး။

နောက်မှယောက်လာတဲ့သူ မနီပေါ့ သူကပိုဆိုးတယ် သူကစလုံးလေ အဲဒီတော့ ဖော်ရိန်နာ တစ်ယောက်ရဲ့ လက်အောက်မှာလုပ်ရတာကိုလုံးဝမနှစ်မြို့ ဘူးထင်တယ်။မေးစရာရှိတာကိုမမေးဘူး ပြီးရင်အမှားတွေလုပ် တစ်နေ့တော့ သူလုပ်တာ အတော်လေးမှားနေလို့ အသံမာမာနဲ့ပြောလိုက်တယ်။

အဲဒါကို သူကမကျေနပ်ဘူး။ ကျန်တဲ့ နှစ် ယောတ် နဲ့ပေါင်းပြီး ခရေညို့ကိုနည်းမျိုးစုံ နဲ့တိုက်တယ်။ အရင်က ဒါမျိုး မကြုံဘူးတော့ ကိုယ်ကတော့ ပုံမှန်ပဲ။ ခေါ်ခေါ်ပြောပြောပဲ။ ကိုယ်ကစကားပြောရင်တောင် သူတို့က မျက်နှာထား တင်းတင်းတွေနဲ့။ နောက်တော့ ခရေညိုလည်း ရိပ်မိလာတော့ ဘာမှမပြောပဲနေလိုက်တယ်။ မနီကိုလည်း ဘာမှလုပ်စရာမပေးပဲ ၂ ရက်လောက်ပြစ်ထားလိုက်တယ်။

မန်နေဂျာ ပြန်လာတဲ့နေ့ကြတော့ သူတို့ကပုံမှန်ပဲ။ မနီကလည်း သူကိုဘာခိုင်းမှာလဲ? ဘာလုပ်စရာရှိလဲ ? လာမေးတယ် ကိုယ်ကမပေးရင်လည်း ကိုယ့်အလွန်ဖြစ်တော့မယ်။ မန်နေဂျာကလည်းပြန်လာပြီလေ။ သူတို့စိတ်တွေက တော်တော်ကို မူမမှန်ကြပါလား တော်တော်ကို အဆင့်မရှိပါလားလို့ ပဲမှတ်လိုက်တယ်။စိတ်ထဲမှာ တော်တော်တော့ ခံရခက်တယ်။ပြီးတော့စိတ်လည်းပျက်မိတယ် တစ်ခါတစ်ခါ သူတို့နဲ့အပြိုင် စိတ်ယုတ် မွေးချင်မိတယ်။ ဒါပေမဲ့ မမွေးမိပါဘူး။ တော်တော့ကိုအာရုံနောက်တယ်။ အခုတော့ မန်နေဂျာက ရှိနေပြီဆိုတော့ သူတော့ကပုံမှန်ပဲ ခရေညိုကို ခေါ်ခေါ်ပြောပြောပဲ။

ကိုယ်မှာသာစိတ်အနှောက်အယှက်ဖြစ်ရတာ။ အဲဒီကစပြီးအလုပ်အကြောင်းကလွဲပြီး အပိုစကားတွေကို ခရေညိုမပြောတော့ဘူး။ သူတို့ကခရေညို့ကို အလုပ်ထွက် အောင်လုပ်နေကြတာ ဒါပေမဲ့ ခရေညိုကလွယ်လွယ်နဲ့ အရှုံးပေးတက်တဲ့သူမဟုတ်ဘူးလေ။ ကိုယ်ကသူတို့ အကူအညီမလို့ဘူး သူတို့ကပဲ လာမေးနေရတာ။ ကိုယ်ကအထက်စီးကပဲ လေနော့။ ဒါပေမဲ့ တော်တော့ကို စိတ်အနှောက်အယှက်ဖြစ်မိတယ်။

ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Friday, September 3, 2010

"အိမ်မက်ထဲကဘဝ ဘဝထဲကအိမ်မက်”

လွန်ခဲ့တဲ့ ၂ရက်လောက်က ဂျာနယ်တစ်ဆောင်မှာ ဖတ်လိုက်ရတယ် အနုပညာရှင်တွေ ကို”အိမ်မက်ထဲကဘဝ ဘဝထဲကအိမ်မက်” ဆိုပြီး ချစ်စရာကောင်းတဲ့ မေးခွန်းလေးတွေ မေးထားတာ တွေနေရတယ်။

ဒါပေမဲ့ ဘလောက်ဂါ တွေကို ကြ တော့ ဘယ်သူကမှ လာပြီးမမေးကြကြဘူး။ အခု ခရေညိုကမေးပြီနော် ကဲဒါလေးက Tag Post လေးနော်။ မေးခွန်းလေးတွေကို ကော်ပီကူးပြီး အဖြေကိုဖြေဖို့ပါပဲနော်။

ပထမဆုံးတက်ခဲ့တဲ့ကျောင်း = ချင်းစုအမက၊ စစ်ကိုင်းမြို့

ပထမဆုံးခင်ခဲ့တဲ့သူငယ်ချင်း = သီရိအောင်

ပထမဆုံးသင်ခဲ့ရတဲ့ဆရာ = ဒေါ်မြမြဝင်း

ပထမဆုံးဖြစ်ချင်ခဲ့တာ = ကျောင်းဆရာမ

ပထမဆုံးရရှိခဲ့တဲ့အမှတ်တ၇လက်ဆောင် = သူငယ်ချင်းတစ်ယောက်ကပေးတဲ့ ဆင်မြီးလက်စွပ်ကလေး

ပထမဆုံးရတဲ့ကြည်နူးမှူ့ = လေ:တန်းမှာ ပထမရတုန်းက ဆုတက်ယူရလို့

လက်တလောစောင့်နေမိတာ = 5:30pm (ရုံးဆင်းချိန်လေ )

လက်တလောဖတ်နေတာက =အက္တကျော် ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ"

ဆိုတဲ့ဝတ္ထုတိုးပေါင်းချုပ်စာအုပ်

လက်တလောချစ်နေမိတာက = သားလေး နှစ်ယောက်နဲ့ အိမ်ကလူကြီးကိုပေါ့

လက်တလောစားနေမိတာက =်ဂျင်း သုပ် ( ညတိုင်းကို သုပ်စားဖြစ်နေတာ)

လက်တလောမှာသတိရနေတဲ့အတွေးအခေါ်စာ = တာဝန်ကိုတိန်းရှောင်သူသည်

အခွင့်အရေးကိုတိန်းရှောင်သူပင်ဖြစ်သည်။

လက်တလောလုပ်နေတာက = ဟင်းတွေကို ကိုယ်တိုင်ချက်နေတယ်

(သားကြီးရဲ့ တောင်းဆိုမှူ့အရ)

လက်တလောနားထောင်မိတဲ့သီချင်း = ဟဲလေး နဲ့ ရတနာမိုင် ဆိုထားတဲ့ ဂီတာရှိတ် ဆိုတဲ့သီချင်းလေး။

လက်တလောသတိရနေမိတာ = အမေ့ကို

လက်တလော သွားချင်နေတာက = ငပလီ ( မရောက်ဖူးသေးလို့ ဟီး)

လက်တလော ဆုတောင်းနေတာ = စလုံးထီပေါက်ပါစေ

အမြဲတမ်းလက်ခံကျင့်သုံးတာ = ဖြစ်ချင်နေတာဆန္ဒ ဖြစ်နေတာကဘဝ



ကဲဖြေရမဲ့သူကတော့ ဦးလေးကြီး တိုရင်ချီတူ ဏီလင်းညို မိုးစက်အိမ် ၊ ကိုအောင်သာငယ် ကိုလူထွေးကြီး တို့ပဲဖြစ်ပါတယ်ရှင်။
အမြန်ဆုံး ရေးပေးကြမယ်လို့ မျှော်လင့်ပါတယ် ။

ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Tuesday, July 27, 2010

ငါ့အနာဂတ်



မင်းမပါရှိတော့တဲ့ ငါ့အနာဂတ်ဟာ

မီးမလာ/ လမိုက်ညတွေမှာ

စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေရသလိုပါပဲ



မင်းမပါဝင်တော့တဲ့ ငါ့အနာဂတ်တွေမှာ

ဦးတည်ရာမရှိ ဝဲနေတဲ့

လေတံခွန် တစ်စင်းလိုပြုတ်ကျမဲ့ အချိန်ကိုစောင့်နေရသူပါ။



မင်းမရှိတဲ့ ငါ့အနာဂတ်တွေမှာ

ငါဟာ အားအင်ချိနဲ့စွာ ဖြင့်

ဖြတ်သန်းနေရသူပါ

ပြန်မလာတော့မှန်းသိရက်နဲ့

မျှော်လင့်ချက်ကြီးစွာ ရင်မှာပိုက်လို့

စောင့်စားနေသူပါ



မင်းမရှိတော့တဲ့ ငါ့အနာဂတ်တွေဟာ

ဘာဆိုဘာမှ

ရေရာ သေခြာ မှူ့မရှိတော့တာ

ငါအသိဆုံးပါ။

အကောင်းဆုံးသမားတော်ဟာ

အချိန်လို့  မှတ်သားဖူးပေမဲ့

ငါကိုယ်တိုင် တော့ မလိုက်နာနိုင်ခဲ့ဘူး



မင်းမပါဝင်တော့တဲ့ ငါ့အနာဂတ်တွေဟာ

ဘယ်လိုမှ လှပနိုင်မှာ

မဟုတ်တော့ဘူးဆိုတာ အသေအခြာပါပဲ။ ။



ခင်မင်စွာဖြင့်


အညာမှ

ခရေညို

Friday, June 25, 2010

စာမရေးဖြစ်ရသည့်အကြောင်း

အခုတလော စာမရေးဖြစ်ပါဘူး။ အကြောင်းအရင်းကတော့ World Cup 2010 ရဲ့လွှမ်းမိုးမှူ့ကြောင့်ပါပဲ။ ညကျ ဘောလုံးပွဲတွေကြည့် နေ့ခင်းကြရုံးမှာ ငိုက် ဟဲဟဲ။ အခု သီချင်းကတော့ World Cup 2010 ရဲ့ဟော့ဖြစ်တဲ့သီချင်းလေး ပါ။ Shakira ဆိုထားတာပါ ....ခံစားကြည့်ကြပါအုန်းနော်။







Oooeeeeeeeeeeeeeeeehh

You're a good soldier
Choosing your battles
Pick yourself up
And dust yourself off
Get back in the saddle

You're on the front line
Everyone's watching
You know it's serious
We are getting closer
This isn't over

The pressure is on
You feel it
But you got it all
Believe it

When you fall get up, oh oh
If you fall get up, eh eh
Tsamina mina zangalewa
Cuz this is Africa
Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
This time for Africa

Listen to your God
This is our motto
Your time to shine
Don't wait in line
Y vamos por todo

People are raising
Their expectations
Go on and feed them
This is your moment
No hesitations

Today's your day
I feel it
You paved the way
Beleive it

If you get down get up, oh oh
When you get down get up, eh eh
Tsamina mina zangalewa
This time for AfricaTsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
Anawa a a
Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
This time for Africa

(Lady Singing)

Voice: Tsamina mina, Anawa a a
Tsamina mina
Tsamina mina, Anawa a a

Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
Anawa a a
Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
This time for Africa

Django eh eh
Django eh eh
Tsamina mina zangalewa
Anawa a a

Django eh eh
Django eh eh
Tsamina mina zangalewa
Anawa a a

(2x) This time for Africa

(2x) We're all Africa

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Wednesday, May 19, 2010

နောင်တ

နောင်တဆိုတာ နောက်ကျမှသိရတာချည်းပါပဲ။ ကျမလည်းအဲဒီလိုပါပဲ ကျမဘဝအတွက် ပြန်ပြင်လို့မရတော့တဲ့ ကြီးမားတဲ့နောင်တကြီးကို ဘဝတစ်ခုလုံးရင်းပြီးရလိုက်တယ်၊



ကျမ
အဖေနဲ့အမေဟာ ကျမ သုံးနှစ် သမီးလောက်ကတည်းက စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့လို့ အတူတူမနေကြပါဘူး။ တရားဝင် ကွဲကွာထားခြင်းလည်းမရှိပါဘူး။ ဘယ်သူမှလည်း အိမ်ထောင်သစ် ထူထောင်ခြင်းမရှိခဲ့ကြပါဘူး။ ဒီတော့ ကျမတို့ မောင်နှမ

အားလုံးဟာ အမေနဲ့ပဲအတူနေခဲ့ကြပါတယ်။ အမေ့ရဲ့ ကြီးမားတဲ့ မေတ္တာရိပ်အောက်မှာ အဖေကျမတို့နဲ့အတူရှိမနေခြင်းအတွက် အထူးတလည်ဘာမှ မခံစားခဲ့ရပါဘူး။ ပြီးတော့ အဖေနဲ့ကလည်းတစ်မြို့တည်းနေတာဆိုတော့ တွေ့ချင်ရင်သွားတွေ့လိုက်ရုံပဲ။ ဆိုတော့ ကျမတို့မောင်နှမတွေဟာ အမေ့ကိုပိုပြီးတွယ်တာခဲ့ပါတယ်။



ကျမ သုံး နှစ်အရွယ်ကတည်းက အမေနဲ့ပဲအတူနေခဲ့တော့ ကျမစိတ်ထဲမှာ အမေကလည်းအမေ၊

အဖေကလည်း အမေလို့ စိတ်ထဲမှာ အမြစ်တွယ်နေခဲ့တာအခုအချိန်ထိပါပဲ။ ကျမစိတ်အထင် ကျမနဲ့ ကျမထက်၂နှစ်ငယ်တဲ့မောင်လေးဟာ အဖေ့ကို အကြီးတွေ ၁၀ခါသွားတွေ့လို့မှ

တစ်ခါလိုက်မသွားခဲ့ပါဘူး။ ကျမစိတ်ထဲမှာ အမေရှိရင်ပြီးပြည့်စုံတယ်လို့ ယူဆထားလို့ပါ။

ကျမှငယ်စဉ်ကအဖေ့ကို အဖေလို့ ခေါ်ဖူးလား မခေါ်ဘူးလားဆိုတာလည်း မမှတ်မိပါဘူး။

ကျမဟာ အမေနဲ့ပဲ တစ်သက်လုံးအတူနေမယ်လို့ ငယ်စဉ်က ခဏခဏပြောခဲ့ဖူးပါတယ်။



ဒါပေမဲ့ အရွယ်ရောက်လာတော့ သဘာဝတရားကိုမလွန်ဆန်နိုင်လို့ အိမ်ကလူကြီးနဲ့တွေ့ပြီး လက်ထပ်ခဲ့ကြပါတယ် လက်ထပ်ပြီးတော့ အမေ့ကိုမေ့ထားကာ
ယောင်နောက်ဆံထုံးပါဆိုသလို့ လိုက်နေခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး အမေ့ရင်ခွင်နဲ့ဝေးမှန်းမသိဝေးခဲ့ရပါတယ်။

ကလေး ၂ ယောက်ရသည်အထိကျမဟာ အမေ့ကို မေ့ထားဆဲပါပဲ။ ဒီလို့နဲ့ အမေနဲ့ နိုင်ငံခြားတဲ့ ဒီကျွန်းနိုင်ငံလေးကို ယောင်နောက်ဆံထုံးကပါခဲ့ရပြန်တယ်။



အမေက ပြန်ခဲ့စေချင်ပေမဲ့ ဘယ်တော့မှ "သမီးငယ်ရေ ပြန်ခဲ့အုန်း" လို့မပြောခဲ့ပါဘူး။

"သမီး အဆင်ပြေရင် ခဏလောက်အလည်လာခဲ့ပါကွယ် " လို့ဆန္ဒကို မြိုသိပ်ခဲ့တာချည်းပါပဲ။

ဒါကိုပဲ ကျမဆိုတဲ့ သမီးမိုက်က မသိတက်စွာနဲ့ပဲ အမေ့ဆီကို မပြန်ဖြစ်ခဲ့ပါဘူး။ အမေကလည်း နားလည်ပေးခဲ့ပါတယ်။အဲဒီအချိန်တုန်းက ကျမဟာငွေနောက်ကိုလိုက်ကာ အလုပ်တွေကိုမရပ်မနားပဲလုပ်နေခဲ့ပါတယ်။ အမေ့ကို ဖုန်းဆက်တာတို့ ငွေလေးနည်းနည်း

ပါးပါး ကန်တော့တာကလွဲရင် ဘာမှမလုပ်ပေးခဲ့ပါဘူး။



ဒီလို့နဲ့ အမေဟာ ၂၀၀၉ ခုနှစ်နိုဝင်ဘာ ၁၅ ရက်ကဗိုက်ထဲမှာ အလုံးတွေ့လို့ဆိုပြီးဆေး

ရုံတက်ပြီးခွဲစိတ်ကုသခဲ့ပါတယ်။ အဲဒီအချိန်ကျမ ကျမဟာ အမေ့ကိုတွေ့ချင်စိတ်တွေ အရမ်းကိုပြင်းပြခဲ့တယ်။ဒါနဲ့ကျမတို့မိသားတစ်စုလုံး ၂၀၀၉ နိုဝင်ဘာ ၂၇ ရက်မှာ အမေ့ဆီကို

ခွင့် တစ်လယူပြီး ပြန်ခဲ့ကြပါတယ်။ ကျမတို့ ပြန်ရောက်တဲ့အချိန်မှာ အမေဟာခွဲစိတ်ကုသမှု့အောင်မြင်လို့ထူထူထောင်ထောင် နဲ့ ဖြစ်နေပါပြီ။ အဲဒီတော့ ကျမလည်း တစ်လပဲ နေပြီးပြန်ခဲ့ပါတယ်။ အဲဒီလိုပြန်ခဲ့ခြင်းဟာကျမရဲ့ ကြီးမားတဲ့ ဒုတိယ အမှားပါပဲ။ ပထမ အမှားက ကျမဟာ အမေ့ကိုခွဲစိတ်ကုသခဲ့တဲ့ ဆရာဝန် ကြီးနဲ့သွားမတွေ့ခဲ့လို့ပါပဲ။အဲဒီတော့ ရောဂါအခြေအနေကို ဂဃနဏ မသိခဲ့ပါဘူး။ ကျမလေ အမေ့ကို ရိုးရိုးအကျိတ် လို့ထင်ပြီး ဒီကိုပြန်လာခဲ့တယ်။



တကယ်တော့ အမေ
ဟာ အဲဒီအချိန်ကတည်း သားအိမ်ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးကို ခံစားနေရတယ်ဆိုတာ ကျမဟာ အချိန်လွန်မှသိခဲ့ရပါတယ်။တတိယ အမှားကတော့ ကျမရဲ့သားတွေကိုရှင်မပြုပဲ ပြန်ခဲ့လို့ပါပဲ။ အမေဟာ သူ့မြေးတွေကို သူရှိတုန်း ရှင်ပြုပေးစေချင်မှာပဲဆိုတဲ့အတွေးက အလွန်ကိုနောက်ကျသွားခဲ့ပါပြီ။

ကျမအထက်က အကိုတွေ အမတွေဟာ တော်တော့ကို ဟန်ဆောင်ကောင်းခဲ့ကြပါတယ်။

အဲဒီအချိန်ကတည်း ကျမသာမပေါ့ဆပဲဆရာဝန်နဲ့သွားတွေ့ခဲ့ရင် ဒီကိုမပြန်လာပဲ အမေ့ရဲ့နောက်ဆုံးအချိန်မှာ အမေ့နားမှာပဲ နေခဲ့မှာပါ။

ဒီလိုနဲ့ ဒီရောက်ပြီး
သိပ်မကြာခင် ၂၀၁၀ မေလ ၁၄ရက်နေ့မှာ ကျမ ဦးလေးဖြစ်သူက အမေအသည်းအသန် ဖြစ်နေလို့ အမြန်ပြန်ခဲ့ပါ ။အသက်မှီချင်ရင် ချက်ချင်းပြန်ခဲ့ပါလို့ ဖုန်းဆက်တယ်။ အဲဒီအချိန်ကျမှအမေ့ရောဂါ အခြေအနေကို သိလိုက်ရတဲ့ အတွက် ကျမသိပ်ကိုခံစားခဲ့ရပါတယ်။ အမေဟာ သူ့နောက်ဆုံးအချိန်မှာတောင်ကျမစောင့်နေခဲ့တယ်။

ကျမလည်း မေလ 15ရက် နေ့မှာ Silk Air လေကြောင်းနဲ့ပြန်သွားခဲ့ပါတယ်။

အဲဒီနေ့ ညနေမှာပဲကျမရဲ့ဇာတိမြို့ဖြစ်တဲ့ စစ်ကိုင်းကို ရရာကားနဲ့လိုက်သွားခဲ့ပါတယ်။ အရမ်းကိုဝမ်းနည်း စရာကောင်းတဲ့အဖြစ်အပျက်ပါပဲ။ ကျမဟာအမေ့အသက်မှီအောင်ကို အနည်းကြိုးစားနေရပြီ။



(၁၆) ရက်မနက်အစောကြီးပဲ အမေဆီကိုရောက်ခဲ့ပါတယ်။

" အမေ သမီးအလည်လာတယ် အမေ့မြေး အငယ်လည်းပါတယ်လေ" လို့ပြောတော့

ယဲ့ယဲ့လေးပြုံး ပြရှာတယ်။ နောက်နေ့ မေလ ၁၇ရက်နေ့မှာ ကျမရဲ့အမေဟာ ဘာဆိုဘာမှ မသိတော့ဘဲ့  ရောဂါဝေဒနာကို ခံစားနေရရှာတယ်။ နောက်နေ့ မေလ ၁၈ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်မှာ ကျမရဲ့ ကျေးဇူးရှင် မွေးမိခင်ဟာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါတော့တယ်။ ကျမလိုမျိုးအဖြစ်ဆိုး ရင်နာစရာ နောင်တတွေနဲ့မကြုံရလေအောင် အမေရှိစဉ်က ပြုစုပါလုပ်ကြွေးပါ အမေ့ခံစားချက်ကို နားလည်အောင်ကြိုးစားကြပါလို့ အကြံပြုချင်ပါတယ်။

ဒါဟာ ကျမဘဝတစ်ခုလုံးနဲ့ရင်းပြီးမှ ရလိုက်တဲ့ နှောင်းနောင်တတွေပါ။

ကျမရင်ဖွင့်ခံစားချက်များကို ကိုယ်ချင်းစာနားလည် စွာဖြင့် ဖတ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

လူအစစ် နဲ့ အတု

ပြီခဲ့တဲ့စနေနေ့က လျှောက်သွားရင်းနဲ့ ခရေညို စိတ်ဝင်စားမိတဲ့ နေရာလေး တစ်ခုတွေခဲ့တယ်။

အဲဒါနဲ့ ဓာတ်ပုံလေး တွေ ရိုက်ခဲ့တယ်။ ကဲကြည့်လိုက်ပါအုန်း။




ဒီပုံထဲမှာ လူအစစ်ဆိုလို့ ခရေညို့ သားအကြီးတစ်ရောက်ပဲပါတယ်။ သေခြာကြည့်နော် :)




ဒီပုံမှာလည်း ခရေညို အိမ်ကလူ ကြီးရယ်ကလွဲရင် နံရံကပ် ဓာတ်ပုံတွေပဲ။
လူတိုင်း သိပြီးသား ထင်ပါတယ်။ ဒါပေမဲ့ ခရေညိုကတော့ အမှန်တိုင်းဝန်ခံရရင် အဲဒီကိုရောက်ဖူးတာ ပထမဦးဆုံးပါပဲ။
(ဘယ်မှမသွားပဲ အိမ်တွင်းပုံး ကုလားမ လုပ်နေတာလေ။)
ကဲစလုံးမှာ နေတဲ့သူတွေ ဘယ်နေရာလည်း သိလား?


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Monday, May 17, 2010

စင်ကာပူ မှာဗီဇာလျှောက်ရအောင်

အားလုံးပဲ မဂ်လာပါနော်။


"စာရေးမယ်လို့ ကြံရွယ်တိုင်းလည်း
ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့
အခါခါအလီလီ ကြိုးစာပါ၍
ယခုအခါဖြင့် ရေးဖြစ်ခဲ့ပြီ
စာတိုပေစ
ရင်ထဲတွင်မတော့ ရေးဖြစ်ခဲ့လို့
ပျော်ရွှင်ကြည်နူးမိပါတယ်"



ခရေညိုလည်း စာရေမယ် ရေးမယ်နဲ့မရေးဖြစ်ဘူး။ ရေးဖို့ကြိုးစားနေတာတော့ကြာပြီ။

အခုတော့ ရေးချင်စိတ်ကလည်းပြင်းပြနေလို့ စင်ကာပူမှာဗီဇာလျှောက်တဲ့အကြောင်းလေးကို ရေးဖြစ်လိုက်တယ်။ (မသိသေးတဲ့သူများအတွက်သာ :) )



မြန်မာနိုင်ငံက ခရေညို့ အသိဘုန်းကြီးတစ်ပါးက စင်ကာပူ ကိုအလည်လာချင်လို့ ခေါ်စာပို့ပေးပါလို့ ပြောလို့ ခေါ်စာကို လိုအပ်တာတွေဖြည့် လက်မှတ်ထိုးပြီးပို့ ပေးလိုက်တယ်။ဒါနဲ့ အဲဒီဘုန်းကြီးက မြန်မာနိုင်ငံက စင်ကာပူ သံရုံးကိုသွားပြီ ဗီဇာလျှောက်တယ်လေ။ အဲဒီမှာ ပြသာနာကစတွေ့တာ။ သာသနာရေးဝန်ကြီး ဌာန ကထောက်ခံစာလို တယ် အဲဒါပျဉ်းမနားမှာ သွားယူလို့ပြောလိုက်တယ်။ သွားယူရင် ၂ပတ် ၃ပတ် လောက်ကြာမယ်တဲ့ ..



ဒီတော့ဘုန်းကြီးကအဲဒီလောက်ထိစောင့်လို့မရတဲ့အကြောင်းပြောတော့ ဒီကပဲလျှောက်ပေးလိုက်တယ်။ လိုအပ်တာကတော့ ပတ်စပို့ ဓာတ်ပုံ တစ်ပုံ မွေးသက္ကရာဇ်တို့ ကိုယ်ရေးရာဇဝင်တို့ လိုတာပေါ့နော် ဪ ပိုက်ဆံက သုံးဆယ်ဒေါ်လာပေါ့။



ပထမဆုံးလျှောက်မယ်ဆိုရင် User Manual ကိုသေခြာဖတ်ဖို့လိုပါတယ်နော်၊

ကွန်ပြူတာလည်းSetting ပြင်ရပါသေးတယ်။ ပြီးတော့လိုအပ်တဲ့Software တွေလည်း Install လုပ်ရပါတယ်။ (မရှိတဲ့သူအတွက်ပြောပါတယ်) အားလုံးပြည့်စုံပြီဆိုရင် Singpass ကိုသုံးပြီး ဝင်လျှောက်ရပါမယ်နော်။


ဒီမှာဝင်လျှောက်နိုင်ပါတယ်နော်။ (*) ဒီလိုအမှတ်အသားပြထားတာကိုပဲဖြည်ရမှာပါနော်။

ကျန်တာတွေ ဖြည့်စရာမလိုပါဘူးနော်။ တစ်ပတ်ကို ၇ ရက်စလုံးလျှောက်လို့ရပါတယ်။

လျှောက်ပြီးလို့ ၅မိနစ်လောက်ကြာရင် ICA ကသူတို့ လက်ခံရရှိကြောင်းကို မေလ်းပို့ပေးပါတယ်။

နောက်၁၅ မိနစ်လောက်ကြာရင်တော့ ဗီဇာကျတဲ့စာ ဒါမှမဟုတ် မကျဘူးဆိုတဲ့ မေလ်း ကိုလက်ခံရရှိပါမယ်။ ကျတာများပါတယ်။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို