Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, July 27, 2010

ငါ့အနာဂတ်



မင်းမပါရှိတော့တဲ့ ငါ့အနာဂတ်ဟာ

မီးမလာ/ လမိုက်ညတွေမှာ

စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေရသလိုပါပဲ



မင်းမပါဝင်တော့တဲ့ ငါ့အနာဂတ်တွေမှာ

ဦးတည်ရာမရှိ ဝဲနေတဲ့

လေတံခွန် တစ်စင်းလိုပြုတ်ကျမဲ့ အချိန်ကိုစောင့်နေရသူပါ။



မင်းမရှိတဲ့ ငါ့အနာဂတ်တွေမှာ

ငါဟာ အားအင်ချိနဲ့စွာ ဖြင့်

ဖြတ်သန်းနေရသူပါ

ပြန်မလာတော့မှန်းသိရက်နဲ့

မျှော်လင့်ချက်ကြီးစွာ ရင်မှာပိုက်လို့

စောင့်စားနေသူပါ



မင်းမရှိတော့တဲ့ ငါ့အနာဂတ်တွေဟာ

ဘာဆိုဘာမှ

ရေရာ သေခြာ မှူ့မရှိတော့တာ

ငါအသိဆုံးပါ။

အကောင်းဆုံးသမားတော်ဟာ

အချိန်လို့  မှတ်သားဖူးပေမဲ့

ငါကိုယ်တိုင် တော့ မလိုက်နာနိုင်ခဲ့ဘူး



မင်းမပါဝင်တော့တဲ့ ငါ့အနာဂတ်တွေဟာ

ဘယ်လိုမှ လှပနိုင်မှာ

မဟုတ်တော့ဘူးဆိုတာ အသေအခြာပါပဲ။ ။



ခင်မင်စွာဖြင့်


အညာမှ

ခရေညို

Wednesday, January 20, 2010

နင်နဲ့ငါ

ပုံလေးအား အင်တာနက်မှ ရှာဖွေတွေ့ရှိသည်။


သူငယ်ချင်းရေ

နင်နဲ့ငါ ဝေးကွာချိန်တိုင်း

အမြဲတမ်းတ သတိရနေသူ ငါ


နင့်အသံ ဝဲဝဲလေးနဲ့

၈ကို ရှေလို့ ဆိုတဲ့အသံ လေးကို

နားထဲမှာ အမြဲတမ်း

ကြားယောင်နေသူ ငါ


ကျောင်းသွားရင်လည်း

မိုးမိမှာကြောက်တဲ့ နင် နဲ့

မိုးရွာထဲမှာ လမ်းလျှောက်ချင်တဲ့ ငါ

ဘယ်ဘဝရေစက် ကြောင့်

သူငယ်ချင်းဖြစ်လာ တယ်ဆိုတာ

မသိခဲ့တဲ့ နင် နဲ့ ငါ


မုန့်ဟင်းခါဆို

ငရုပ်သီး သုံးဇွန်း

ငံပြာရည် သုံးဇွန်း

သံပီရာသီး ၃ခြမ်း

ထည့်စားခဲ့ကြတဲ့ နင် နဲ့ ငါ


တစ်ချိန်မှာပြန်ဆုံမယ်လို့

အမြဲတမ်း

မျှော်လင့်နေတဲ့ငါ

နင်ရော

မျှော်လင့်နေမယ်လို့

ယုံကြည်နေတဲ့ငါ


နင် နဲ့ ငါ့ရဲ့

သံယောဇဉ်က

အစဉ်ထာဝရ ရှင်သန်နေမယ်လို့

ယုံကြည်တဲ့ငါ ပါ ....................




ခင်မင်စွာဖြင့်

အညာမှ

ခရေညို