
ခရေညို တို့ ဓာတ်တော်ချိုင့် ကိုသွားချင်လွန်းလို့ ဘယ်မှာမှ ကြာကြာမနေခဲ့ကြပါဘူး။ လွန်ခဲ့တဲ့ ၁၉၉၉ မတ်လက တစ်ခေါက်သာရောက် ဖူးခဲ့တဲ့ ခရေညို က သိပ်မမှတ်မိ ပေမဲ့ ခရီးက နေ့တစ်ဝက် လောက်သွားရတယ် လို့ အိမ်ကလူ ကြီး အပါအဝင် ခရေညို့မောင် နဲ့ အမတွေကိုပြောပြထားလို့ သူတို့လည်း စိတ်ဝင်စားနေကြပါတယ်။ အဲဒီထဲ မှာ သားတော်မောင် ကအဆိုးဆုံးပဲ။သူကဓာတ်တော်ချိုင့် ရေတံခွန် ကို ဓာတ်ပုံ မြင်ဘူးထားတော့ အပြင်မှာလည်း မြင်ရဖို့စိတ်လှုပ်ရှားနေတယ်လေ။
သွားကြတဲ့ လူတွေထဲမှာ ခရေညို ကပဲ ရောက်ဖူးတာ ဘယ်သူမှလည်း သေခြာမသိကြပါဘူး။ ခရေညို ရောက်ဖူးတာကလည်း ၁၀ နှစ်ကျော်ကြာသွားပြီလေ။ခရေညိုတို့ ဓာတ်တော်ချိုင့်. ကိုဆင်းရမဲ့နေရာရောက်တော့ ၂ နာရီ လောက်ပေါ့။ ခရေညို့ တို့ဆင်းမယ်လုပ်တော့ ဈေးရောင်းမည့်
အဖွဲ့တဖွဲ့ တစ်ဖွဲ့ လိုက်လာတယ်။ သူတို့အဖွဲ့က လူ ၆ယောက်။ ဒါနဲ့သူတို့ကို ဘာလို့လိုက်တာလဲလို့ မေးကြည့်တော့ သူတို့ကဈေးရောင်းချင်လို့ဖြစ်ကြောင်း၊ သူတို့လို အဖွဲ့ ၇ဖွဲ့ရှိကြောင်း ၊ အလှည့်ကျ လိုက်ရကြောင်း စသည်ဖြင့် ခရေညိုတို့ကို ရှင်းပြပါတယ်။
ဒါနဲ့ခရေညိုက "ကျမတို့ကဝယ် မသောက်ရင်ရော"လို့ မေးလိုက်တော့ " ကံပေါ့ အမရယ်" တဲ့။ သူတို့ ဘာကိုဆိုလို မှန်း ခရေညို လည်း မသိပါဘူး။
ဒါနဲ့ ခရေညိုတို့ စဆင်းကြတယ်။ဆင်းဆင်း ခြင်းတော့ လမ်းကမဆိုးပါဘူး။ စဆင်းပြီး ၅မိနစ် လောက်နေတော့ လမ်းက ပိုဆိုးလာတယ်။ ပထမ
တော့ ခရေညိုခသားအငယ်လေးကို ပိုးပြီးဆင်းတယ် ( ရှမ်းမတွေ ကလေးပိုးသလို)။ ၁၀မိနစ် လောက်ဆင်းပြီးတော့ ခရေညိုကမပိုးနိုင် တော့လို့ ပထမဆုံး စခန်းမှာပဲ နား ကြပါတယ်။ ခရေညို တို့နားတော့ ဈေးရောင်းဖို့ လိုက်လာကြတဲ့သူတွေက ယပ်ခပ်ပေကြပါတယ်။
ခရေညို့ နောက်ကို တစ်ယောက်လိုက်ပြီး ထိန်းပါတယ်။ သူတို့ကဘောလုံးသမားတွေလိုပါပဲ တစ်ယောက်ချင်း စီကိုတစ်ယောက် လိုက်ပြီးလိုတာတွေ လုပ်ပေ:ကြတယ်။ အခုလိုစခန်းလေးတွေ ၄ခုရှိ ကြောင်း အကွာအဝေးအားဖြင့် အားလုံးပေါင်း နှစ်မိုင် ဝေးကြောင်း ပြောပြကြပါတယ်။ခရီးကတော်တော်လေးကို ကြမ်းပါတယ်။ လမ်းခရီး မှာ တက်လိုက်ဆင်းလိုက်နဲ့ ပြီတော့ ဂွေးလှားသီး(သတ်ပုံမှာ ရင် ခွင့်လွတ်နော်) ပင်တွေလည်း ရှိပါသေးတယ်။
ဒီလိုနဲ့နားလိုက် သွားလိုက်နဲ့ပေါ့။ နားရင် သူတို့ကယပ်ခပ်ပေးကြပါတယ်။ ၄၅မိနစ် လောက် ပင်ပန်း ကြီးစွာ ဆင်းခဲ့ပြီး ကြတော့ ရေတံခွန်ကို ရောက်ခဲ့ကြပါတယ်။ ၁၉၉၉ နဲ့ အခုနဲ့ တော်တော်လေးကို ကွာသွားပါပြီ။ တိုးတက်လာတာမဟုတ်ပါဘူး လမ်းခရီးက ပိုဆိုးလာပါတယ် ပြီရေတံခွန်ကိုရောက်တော့လည်းချောက်တီးချောက်ပေါက် ရောင်းတဲ့ဆိုင် တစ်ဆိုင် ကလွဲပြီးဘာမှမရှိပါဘူး။ ဈေးရောင်းတဲ့ အဖွဲ့က ခရေညိုတို့ကို အအေးဗူး တွေရောင်းပါတော့တယ်။
ဈေးကတော့ တော်တော့ ကိုကြီးပါတယ်အပြင်ကပေါက်ဈေးထက် ၃ဆလောက်ကိုကွာပါတယ်။ သူတို့အတွက် တော်တော်လေးကို ပင်ပန်းမှ ရောင်းရတာပါ။ ရေတံခွန် ရောက်တော့ ရေထဲမဆင်းဖို့ တင်းကြပ်စွာတာမြစ်ထားပါတယ်။ ရေတံခွန်ရဲ့ အမြင့်ကပေပေါင်း ၂၅၀၀ရှိတဲ့အတွက်အမြင့်ကကျလာတဲ့ရေတွေဟာ ဝဲလိုဖြစ်နေတဲ့ အတွက် ရေကူးတဲ့သူတိုင်း အန္တရာယ် ရှိတဲ့အတွက် ရေကူးခြင်းကို တာမြစ်ထားခြင်း ဖြစ်ပါတယ်တဲ့။
သားတော်မောင်ကစိတ်ကောက် ပြန်ပြီလေ။သူကိုအကျိုးအကြောင်း ရှင်းပြရတာပေါ့။ ခရေညိုတို့ အတက်ကို မနည်းကိုတက်ခဲ့ရပါတယ်။ ခရေညို အကြံပေးချင်တာ က တော့ မေမြို့ ရောက်ခဲ့ရင်တောင် ဓာတ်တော်ချိုင့် ရေတံခွန်ကို မသွားဖို့ ကိုယ့်အတွေ့အကြုံအရအကြံပေးချင်ပါတယ်။ လမ်းကလည်းကြမ်းလူကလည်းအရမ်းကိုပြတ် ပါတယ်။
ခင်မင်စွာဖြင့်
အညာမှ
ခရေညို
