Showing posts with label စားသောက်ဖွယ်ရာ. Show all posts
Showing posts with label စားသောက်ဖွယ်ရာ. Show all posts

Tuesday, February 23, 2010

တရုတ်နှစ်သစ်ကူး နေ့လည်စာ

သူများတကာတွေရုံးမှာဆို တရုတ်နှစ်သစ်ကူးပွဲတော် ညစာစားပွဲ ဒါမှမဟုတ် နေ့လည်စာကို ရုံးတွေမပိတ်ခင် ကျင်းပကြတယ်လို့သိရပါတယ်။

ခရေညို တို့ ရုံးကတော့ ရက်ရှည်ပိတ်ပြီးပြန်ဖွင့်မှကျင်းပလေ့ရှိပါတယ်။ ရုံးတွေပြန်ဖွင့်တော့ ရုံးကလူတွေကို သူဌေးကနေ့လည်စာလိုက်ကြွေးပါတယ်။

ဒါကတော့ တရုတ်နှစ်သစ်ကူးစာ ပေါ့ (ဘယ်လိုခေါ်ရမယ်မသိလို့)။
စားလို့တော့မဆိုးပါဘူး။

ဒါကတော့ ခရေညို့အတွက် ။

ကော်ပြန့်စိမ်းနဲ့တူတယ် အထဲကတော့ဘဲသားနဲ့။

ဒါကတော့ ငါးကင်ပေါ့။

တိုဟူးပြားကြော်။

ပုဇွန်ကြော်။

ဒါကတော့ မှိုနဲ့ အသီးအရွက်တဲ့။

ဒါလေးကခရေညို့အတွက် ဘဲသားနဲ့ ကိုက်လံကြော် ။

ဒီထမင်းနဲ့ ငါးမန်းတောင်ဟင်းချိုက ခရေညို့အတွက်ပေါ့။ ငါးမန်းတောင် ဟင်းချိုကတော့

အရမ်းကောင်းတယ်။

ရေနွေးကြမ်း။

ရေအေးအေးလေးကတော့ အကုန်လုံးစားပြီးမှသောက်ခဲ့တာ ရေအရင်သောက်ရင် အများကြီးမစားနိုင်မှာဆိုးလို့ :)

ဒါကအချိုပွဲတဲ့ အုန်းနို့တွေများလို့မစားခဲ့ပါ။ နောက်နှစ်လည်းဒီထက်မကကြွေးနိုင်ပါစေလို့ သူဌေးကိုဆုတောင်း ပေးခဲ့တယ်...............။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Tuesday, February 16, 2010

စားဖြစ်ခဲ့တဲ့ Chilli Crab

တရုတ်နှစ်သစ်ကူးရောက်တိုင်း ခရေညို ကတော့ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင်အရမ်းကို ပျော်တယ်။ ( ရုံးပိတ်ရက်ကရှည်တာကိုး............ ) အိမ် မှာတခုခု လုပ်စားကြသလို အပြင်လည်း သွားစားဖြစ်ကြတယ်။


ခရေညို ရဲ့ သူဌေးက တရုတ်လူမျိုးဆိုတော့ ဘောနပ် က
ို( ကားဘောနပ် မဟုတ်ပါ ) သူတို့ နှစ်သစ်ကူးမတိုင် ခင် ပေးလေ့ရှိတယ်။ အဲဒီတော့ ခရေညိုက အိမ်ကမိသားစုကို အပြင်မှာ ကြွေးဖို့တာဝန်ပေါ့။အပြင်သွားစားမယ်ဆိုတော့ ကိုယ်စားချင်တဲ့ဆိုင်ကဖွင့်ရဲ့လားဆိုတာ ပထမဆုံး စုံစမ်းရတာပေါ့။ ဂဏန်းစားဖို့ဆုံးဖြတ်ခဲ့ကြတယ် (ကိုယ်ကစားချင်တာကိုး ) အရင်သွားစားဖူးတဲ့ဆိုင်က ဂေလမ်း က ဆိုင် အဲဒီဆိုင်ကိုဖုန်း ခေါ်ကြည့်တော့ ပိတ်တယ်တဲ့။


တော်သေးတာပေါ့ တခြားဆိုင်ခွဲတွေက ဖွင့်လို့။ အဲဒါနဲ့ Vivo City က ၃ ထပ်မှာရှိတဲ့
No Singboard ဆိုတဲ့ဆိုင်ကိုသွားစားခဲ့ကြတယ်။ အစားအသောက်ကောင်းစားရရင် သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေကိုသတိရ တတ်ကြတယ်လေ။
ခရေညိုးလည်း အဲလိုပဲပေါ့ ။




ဒါကတော့ ခရေညို သောက်ခဲ့တဲ့ တရုတ်ရေနွေးကြမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးး



ဝက်သားကြော် စားလို့အရမ်းကောင်းတယ်.............:)







ဂဏန်းဟင်းကတော့ ခရေညို့ အကြိုက်ဆုံးပေါ့။


ဓာတ်ပုံတွေက သားအကြီးရိုက်တာလေ။ အပျော်တမ်းရိုက်ခဲ့တဲ့အတွက် ပုံတွေကသိပ်မကောင်းပါဘူးနော်။ ခရေညို ကအစားငမ်းနေတဲ့အတွက် ဓာတ်ပုံရိုက် ဖို့သတိမရပါ။


ခင်မင်စွာဖြင့်
အညာမှ
ခရေညို