Tuesday, July 27, 2010

ငါ့အနာဂတ်



မင်းမပါရှိတော့တဲ့ ငါ့အနာဂတ်ဟာ

မီးမလာ/ လမိုက်ညတွေမှာ

စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေရသလိုပါပဲ



မင်းမပါဝင်တော့တဲ့ ငါ့အနာဂတ်တွေမှာ

ဦးတည်ရာမရှိ ဝဲနေတဲ့

လေတံခွန် တစ်စင်းလိုပြုတ်ကျမဲ့ အချိန်ကိုစောင့်နေရသူပါ။



မင်းမရှိတဲ့ ငါ့အနာဂတ်တွေမှာ

ငါဟာ အားအင်ချိနဲ့စွာ ဖြင့်

ဖြတ်သန်းနေရသူပါ

ပြန်မလာတော့မှန်းသိရက်နဲ့

မျှော်လင့်ချက်ကြီးစွာ ရင်မှာပိုက်လို့

စောင့်စားနေသူပါ



မင်းမရှိတော့တဲ့ ငါ့အနာဂတ်တွေဟာ

ဘာဆိုဘာမှ

ရေရာ သေခြာ မှူ့မရှိတော့တာ

ငါအသိဆုံးပါ။

အကောင်းဆုံးသမားတော်ဟာ

အချိန်လို့  မှတ်သားဖူးပေမဲ့

ငါကိုယ်တိုင် တော့ မလိုက်နာနိုင်ခဲ့ဘူး



မင်းမပါဝင်တော့တဲ့ ငါ့အနာဂတ်တွေဟာ

ဘယ်လိုမှ လှပနိုင်မှာ

မဟုတ်တော့ဘူးဆိုတာ အသေအခြာပါပဲ။ ။



ခင်မင်စွာဖြင့်


အညာမှ

ခရေညို

4 comments:

thawzin said...

ရေရာပြီး သေချာသော အနာဂါတ်အတွက် ရတက်မအေး ပူဆွေးခြင်းပါလား။ အနာဂါတ်တွေကိုယ်စီနဲ့ မျှော်လင့်ရင်း အသက်ရှင်နေကြတာပါပဲ။ ငါ့အစ်မကြီးကတော့ ရတက်မအေး ပူဆွေးနေခြင်းက ကြင်သူအဖော်ကို တေးထားတဲ့သဘောပါလား။ မျှော်သူရောက်ပြီး အပျော်တွေနဲ့ အနာဂါတ်ကြီးလှပနိုင်ပါစေ အစ်မရေ။
ခင်မင်လျှက်ပါ။

~ဏီလင်းညို~ said...

အစ်မရေ့.......

ကဗျာလေးကို ခံစားသွားတယ်ခင်ဗျာ......။
ကိုယ်အလိုအပ်ဆုံးတစ်ယောက် မရှိတော့တဲ့ ဘ၀ဟာ......အဲ့ဒီလိုပဲဖြစ်နေမှာထင်တယ်......။
တစ်ကယ်ပါပဲ.....။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

မိုးစက်အိမ် said...

ဒါဘဲပေါ့အမရ မင်းမပါဘဲနဲ့ တော့ ကိုယ့်
အနာဂါတ်ဟာလှပကောင်းလှပလိမ့်မယ်
သာယာချမ်းမြေ့ ဖို့ ဆိုတာကတော့မင်းရှိ
မှဖြစ်မှာမို့ ပါ :)

အင်ကြင်းသန့် said...

အစ်မက ဒီလိုမျိုးတွေလဲ ရတာပါပဲလား....း)