Wednesday, September 29, 2010

အတိုက်အခိုက်

အတိုက်အခိုက်ဆိုတာလူတိုင်းမှာရှိကြတာပဲလေနော့ ။ ကိုယ်ကမှန်မှန် နေပါလျက် ကိုယ့်ကို ပေါ်တင်ကြီး သိသိသာသာ တိုက်ခိုက်ခံရတဲ့အခါ ဘယ်လိုတုန့် ပြန်မလဲ? အဲဒီအချက်ကို ကြိုပြီးစဉ်းစားမထားတဲ့အတွက် ဘာလုပ်ရမလဲဆိုတာကို မသိဘူးဖြစ်နေတယ်။

အခုခရေညို တို့ရုံးမှာဖြစ်နေတာနဲ့ပတ်သက်ပြီး ပြောပြချင်လိုပါ။ ခရေညို့ လိုမျိုး တိုက်ခံရတဲ့သူတွေ အများကြီးရှိမယ်ထင်ပါတယ်။ ခရေညိုတို့ ရုံးက အစကရုံးတစ်ခုတည်း ဆိုလိုတာက ရုံးခွဲတွေဘာတွေမရှိပါဘူး။ ဒါပေမဲ့ အခုတော့ သူဌေးက ရုံးခန်းတစ်ခုထပ်ဝယ်ပြီး ရုံးခွဲလိုမျိုးလုပ်လိုက်တယ်။

သူဌေးကတော့ ရုံးအဟောင်းမှာ လူတစ်ချို့နဲ့ နေခဲ့ပြီး နောက်၂ နှစ်လောက်နေမှ ပြောင်းလာကြမှာ။ ဖြစ်ချင်တော့ ရုံးသစ်ကို ပြောင်းရတဲ့ အထဲမှာ ခရေညိုပါပြောင်းရတယ်။ ခရေညိုနဲ့အတူ မန်နေဂျာ အပါအဝင် ၅ ယောက် ပြောင်းခဲ့ရတယ်။ ဪ မေ့နေလို့ ခရေညိုတို့ရုံးမှာ မန်နေဂျာကလွဲရင် ခရေညိုက လုပ်သက်အကြာဆုံးပဲ။

ဒီတော့ လုပ်ငန်းနဲ့ဆိုင်တဲ့ အားလုံးလိုလို ခရေညိုက သိနေတယ်။ မန်နေဂျာ ကလည်း ခရေညို့ အပေါ် တကယ်ကောင်းတယ်။ ဘယ်လောက်ကောင်းလည်းဆို ခရေညို အလုပ်ထွက်စာတင်တာ ၂ ခါရှိပြီ ၂ ခါစလုံး ခရေညို့ကို ပေးမထွက်ဘူး။ ဒီရုံးသစ်ကိုပြောင်းလာတဲ့အထဲမှာ အားလုံးက တရုတ်တွေချည်းပဲ ခရေညိုကလွဲရင်ပေါ့။

စားရင်းကိုင်၂ယောက် ဆိုကြပါစို့ မပြာနဲ့ မဝါပေါ့ သူတို့က ဒီမှာလုပ်တာလုပ်သက်က ခရေညို့ လုပ်သက်ရဲ့ လေးချိုးတစ်ချိုးပေါ့။ သူတို့တွေရောက်ခါစက လုပ်ငန်းနဲ့ ပတ်သတ်တဲ့ တစ်ချို့ကို ခရေညိုကပဲ ရှင်းပြခဲ့တာ။ အရင်တုန်းက ခရေညို လုပ်ရတာပေါ့။ နောက်တစ်ရောက်က ရောက်တာ လေး လလောက်ရှိပြီ ထားပါတော့ သူက မနီပေါ့

မနီကတော့ ခရေညို့ ရဲ့ လက်အောက်ကပေါ့ ။ သူတို့တွေက သိပ်စည်းလုံးတာ မန်နေဂျာ ရှိရင် ခရေညို့ကို ဆက်ဆံပုံကတစ်မျိုး ကွယ်ရာဆိုတစ်မျိုး။ ခရေညို ကလည်း လုံးဝကိုဂရုမစိုက်ဘူး။ ကိုယ်ကသူတို့ကို မေးစရာဘာမှမရှိဘူး လေ။ ဖြစ်ချင်တော့ မန်နေဂျာက ဂျပန်ကို ၁၂ ရက်ကြာအလည်သွားတယ်။အဲဒီအချိန်မှာ ကိုယ့်ကိုမခေါ်နိုင် မပြောနိုင်လောက်အောင်ပဲ ဖြစ်နေကြတယ်။ ကိုယ်ကဂရုမစိုက်ဘူးဆိုပေမဲ့ စိတ်ထဲမှာတော်တော့ကိုခံပြင်းမိတယ်။ ကိုယ်ကမှန်ပါလျက်နဲ့ အတိုက်ခံရတာတော့ အီလည်လည်ကြီး။

နောက်မှယောက်လာတဲ့သူ မနီပေါ့ သူကပိုဆိုးတယ် သူကစလုံးလေ အဲဒီတော့ ဖော်ရိန်နာ တစ်ယောက်ရဲ့ လက်အောက်မှာလုပ်ရတာကိုလုံးဝမနှစ်မြို့ ဘူးထင်တယ်။မေးစရာရှိတာကိုမမေးဘူး ပြီးရင်အမှားတွေလုပ် တစ်နေ့တော့ သူလုပ်တာ အတော်လေးမှားနေလို့ အသံမာမာနဲ့ပြောလိုက်တယ်။

အဲဒါကို သူကမကျေနပ်ဘူး။ ကျန်တဲ့ နှစ် ယောတ် နဲ့ပေါင်းပြီး ခရေညို့ကိုနည်းမျိုးစုံ နဲ့တိုက်တယ်။ အရင်က ဒါမျိုး မကြုံဘူးတော့ ကိုယ်ကတော့ ပုံမှန်ပဲ။ ခေါ်ခေါ်ပြောပြောပဲ။ ကိုယ်ကစကားပြောရင်တောင် သူတို့က မျက်နှာထား တင်းတင်းတွေနဲ့။ နောက်တော့ ခရေညိုလည်း ရိပ်မိလာတော့ ဘာမှမပြောပဲနေလိုက်တယ်။ မနီကိုလည်း ဘာမှလုပ်စရာမပေးပဲ ၂ ရက်လောက်ပြစ်ထားလိုက်တယ်။

မန်နေဂျာ ပြန်လာတဲ့နေ့ကြတော့ သူတို့ကပုံမှန်ပဲ။ မနီကလည်း သူကိုဘာခိုင်းမှာလဲ? ဘာလုပ်စရာရှိလဲ ? လာမေးတယ် ကိုယ်ကမပေးရင်လည်း ကိုယ့်အလွန်ဖြစ်တော့မယ်။ မန်နေဂျာကလည်းပြန်လာပြီလေ။ သူတို့စိတ်တွေက တော်တော်ကို မူမမှန်ကြပါလား တော်တော်ကို အဆင့်မရှိပါလားလို့ ပဲမှတ်လိုက်တယ်။စိတ်ထဲမှာ တော်တော်တော့ ခံရခက်တယ်။ပြီးတော့စိတ်လည်းပျက်မိတယ် တစ်ခါတစ်ခါ သူတို့နဲ့အပြိုင် စိတ်ယုတ် မွေးချင်မိတယ်။ ဒါပေမဲ့ မမွေးမိပါဘူး။ တော်တော့ကိုအာရုံနောက်တယ်။ အခုတော့ မန်နေဂျာက ရှိနေပြီဆိုတော့ သူတော့ကပုံမှန်ပဲ ခရေညိုကို ခေါ်ခေါ်ပြောပြောပဲ။

ကိုယ်မှာသာစိတ်အနှောက်အယှက်ဖြစ်ရတာ။ အဲဒီကစပြီးအလုပ်အကြောင်းကလွဲပြီး အပိုစကားတွေကို ခရေညိုမပြောတော့ဘူး။ သူတို့ကခရေညို့ကို အလုပ်ထွက် အောင်လုပ်နေကြတာ ဒါပေမဲ့ ခရေညိုကလွယ်လွယ်နဲ့ အရှုံးပေးတက်တဲ့သူမဟုတ်ဘူးလေ။ ကိုယ်ကသူတို့ အကူအညီမလို့ဘူး သူတို့ကပဲ လာမေးနေရတာ။ ကိုယ်ကအထက်စီးကပဲ လေနော့။ ဒါပေမဲ့ တော်တော့ကို စိတ်အနှောက်အယှက်ဖြစ်မိတယ်။

ခင်မင်စွာဖြင့်

အညာမှ

ခရေညို

13 comments:

thawzin said...

ဘလော့လေးလုပ်ထားတော့ အခုလိုဖွင့်ပြောပြီး စိတ်ရှုပ်တာလေး ကုစားမှုဖြစ်တာပေါ့ အစ်မရေ။ သည်းခံခြင်းဖြင့် လွန်မြောက်နိုင်ပါစေ အစ်မရေ။

Anonymous said...

မခရေ
သိပ်ပြီးခေါင်းထည်းမထည့်ပါနဲ့ အမက နိုင်ငံခြားသားတိုက်ခိုက်ခံရတာ နာပျော်ပါသေးတယ်။ သူ့နိုင်ငံမှာ ကိုယ်က နိုင်ငံခြားသား နိုင်ငံခြားသားလက်အောက်မှာ လုပ်နေရလို့ သူက ကို့ကိုဆော်တာ ဖြည့်တွေးလို့ ခံသာနိုင်သေးပါတယ်။ မြန်မာ အချင်းချင်း ဘေးချင်းယှဉ်ထိုင် နောက်ကျောကို ဓါးထိုးခံရတာ တွေ ခံခဲ့ရတာ ခုမှ လွတ်ကျွတ်ကာ စရှိပါသေးတယ်ဗျာ.............။

သောစေယျံ said...

မခရေ လာလယ်ပါတယ်နော် ကျွန်တော်စီလာလို့ လဲ ဝမ်တာပါတယ် နောက်လဲပဲလာစေချင်ပါတယ် မခရေ အရေးအသားတွေကိုကြိုက်လို့ လင့်ချိတ်ခွင့်ပြုပါ အတိုက်အခိုက် ဆိုတဲ့ စာလေးက ဘဝနဲရင်းပြီး ရင်ထားတာထင်တယ် ကြိုက်တယ်သိလား

သောစေယျံ said...

ဘဝနဲ့ရင်ပြီး ရထားတဲ့ ဗဟုသုတက ခိုင်မာတယ် ဒါကြောင့် အဲလိုရေးတာကြိုက်တယ်............

ရွှေရတုမှတ်တမ်း said...

မယ်ခရေရေ..ဦးလေးကြီးလဲ ကျန်းမာရေးအကြောင်းပြပြီး..tag တာကို မေ့ချင်ယောင်ဆောင်နေတာ..၊ အလုပ်ထဲမှာတော့ နေရာတကာ အဲလိုချည့်ပဲ ..ကိုယ့်ဖာသာ လေညာက...နေသာသပ ဆိုပြီးသာနေပေတော့..

အင်ကြင်းသန့် said...

မမရေ...အတိုက်အခိုက်ဆိုတာ ဘယ်နေရာမှာမဆိုရှိတတ်ပါတယ်။ စလုံးတွေအကြောင်းကတော့ ပြောကိုမပြောချင်ဘူး။ ဒါပေမယ့် အခုဖြစ်နေတာမှာ မမက အပေါ်ကလူဆိုတော့ နေသာပါတယ်မမ။ သိပ်ခေါင်းထဲမှာ မထားပါနဲ့။

ပျော်ရွှင်ပါစေ....

နှင်းဟေမာ said...

အညာသူမို့ထင်တယ် စာတွေဖတ်ရတာကိုက ရိုးသားပြီး ပွင့်လင်းမှု အငွေ့အသက်တွေတွေ့ရတယ် ...း)
အဆင်ပြေ ပျော်ရွှင်ပါစေ ....
နှင်း ...

မိုးစက်အိမ် said...

ဒီလိုဘဲ အမရေ ဖြစ်တတ်တယ် သူများနိုင်ငံမှာ
နေထိုင် လုပ်ကိုင် ဆက်ဆံရတာ တကယ်ဆိုးရွား
တယ်ဆိုတာ လက်ခံတယ် ဘာဘဲဖြစ်ဖြစ် အကောင်းဆုံး
ကိုလုပ်နိုင်မယ် လို့ မျှော်လင့်တယ် အတိုက်အခိုက်
တွေရှိနေပေမဲ့လည်း အဆင်ပြေအောင်မြင်ပါစေ အမရေ . . .

zue said...

ကိုယ်မှန်နေပဲလေ... ဘယ်တတ်နိုင်ပါ့မလဲ.. ကြုံလာရတော့လည်း... မမရေ.. အဆင်ပြေပါစေ..

စံပယ်ချို said...

ခရေမှန်နေတာပဲလေ
စိတ်ထဲသိပ်မထဲ့ပါနဲ့
ပူပန်တဲ့စိတ်တွေများတာမကောင်းဘူးနော်
မဂျက်လဲ ဘ၀မှာဒီလိုပဲ
အတိုက်အခိုက်တွေနဲ့ဖြတ်သန်းရတယ်
ကိုယ့်လူမျိုးချင်းတွေလေ
အားလုံးကိုအောင်မြင်ခဲ့ပါတယ်
ကြာတော့ကိုယ့်ကိုတိုက်တဲ့သူတွေမောသွားတယ်
ထင်တာပဲ တိုက်ဖို့မလုပ်တော့ဘူး

သန္တာ said...

မမခရေ

Crypto Technical Helpline said...

Are you stocked up of facing failed errors while purchasing XRP? Do you know how to subdue such issues without taking much pain? Well, explanations to your enigmas are just one call away. So, take your phone and dial Gdax support number and get joined with the team of administrators who are always there to support you without any time boundaries. They are always ready to help the users by producing quality solutions and also presenting full-fledged assistance related to the error.

Allison Damien said...

Is puzzle captcha doesn’t work properly in your Bithumb account. Want to know the method to resolve this error so that you can continue on your work without any problem? If no, you can take variety of solutions from the customer care who have been trained in this product and can fix varieties of error in Bithumb at fingertips. To get guidance, you can contact Bithumb Helpdesk Number 1800-665-6722 and avail the perfect and accessible solutions from the masters as per your requirement.