အားလုံးပဲ မဂ်လာပါနော်။
"စာရေးမယ်လို့ ကြံရွယ်တိုင်းလည်း
ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့
အခါခါအလီလီ ကြိုးစာပါ၍
ယခုအခါဖြင့် ရေးဖြစ်ခဲ့ပြီ
စာတိုပေစ
ရင်ထဲတွင်မတော့ ရေးဖြစ်ခဲ့လို့
ပျော်ရွှင်ကြည်နူးမိပါတယ်"
ခရေညိုလည်း စာရေမယ် ရေးမယ်နဲ့မရေးဖြစ်ဘူး။ ရေးဖို့ကြိုးစားနေတာတော့ကြာပြီ။
အခုတော့ ရေးချင်စိတ်ကလည်းပြင်းပြနေလို့ စင်ကာပူမှာဗီဇာလျှောက်တဲ့အကြောင်းလေးကို ရေးဖြစ်လိုက်တယ်။ (မသိသေးတဲ့သူများအတွက်သာ :) )
မြန်မာနိုင်ငံက ခရေညို့ အသိဘုန်းကြီးတစ်ပါးက စင်ကာပူ ကိုအလည်လာချင်လို့ ခေါ်စာပို့ပေးပါလို့ ပြောလို့ ခေါ်စာကို လိုအပ်တာတွေဖြည့် လက်မှတ်ထိုးပြီးပို့ ပေးလိုက်တယ်။ဒါနဲ့ အဲဒီဘုန်းကြီးက မြန်မာနိုင်ငံက စင်ကာပူ သံရုံးကိုသွားပြီ ဗီဇာလျှောက်တယ်လေ။ အဲဒီမှာ ပြသာနာကစတွေ့တာ။ သာသနာရေးဝန်ကြီး ဌာန ကထောက်ခံစာလို တယ် အဲဒါပျဉ်းမနားမှာ သွားယူလို့ပြောလိုက်တယ်။ သွားယူရင် ၂ပတ် ၃ပတ် လောက်ကြာမယ်တဲ့ ..
ဒီတော့ဘုန်းကြီးကအဲဒီလောက်ထိစောင့်လို့မရတဲ့အကြောင်းပြောတော့ ဒီကပဲလျှောက်ပေးလိုက်တယ်။ လိုအပ်တာကတော့ ပတ်စပို့ ဓာတ်ပုံ တစ်ပုံ မွေးသက္ကရာဇ်တို့ ကိုယ်ရေးရာဇဝင်တို့ လိုတာပေါ့နော် ဪ ပိုက်ဆံက သုံးဆယ်ဒေါ်လာပေါ့။
ပထမဆုံးလျှောက်မယ်ဆိုရင် User Manual ကိုသေခြာဖတ်ဖို့လိုပါတယ်နော်၊
ကွန်ပြူတာလည်းSetting ပြင်ရပါသေးတယ်။ ပြီးတော့လိုအပ်တဲ့Software တွေလည်း Install လုပ်ရပါတယ်။ (မရှိတဲ့သူအတွက်ပြောပါတယ်) အားလုံးပြည့်စုံပြီဆိုရင် Singpass ကိုသုံးပြီး ဝင်လျှောက်ရပါမယ်နော်။
ဒီမှာဝင်လျှောက်နိုင်ပါတယ်နော်။ (*) ဒီလိုအမှတ်အသားပြထားတာကိုပဲဖြည်ရမှာပါနော်။
ကျန်တာတွေ ဖြည့်စရာမလိုပါဘူးနော်။ တစ်ပတ်ကို ၇ ရက်စလုံးလျှောက်လို့ရပါတယ်။
လျှောက်ပြီးလို့ ၅မိနစ်လောက်ကြာရင်
နောက်၁၅ မိနစ်လောက်ကြာရင်တော့ ဗီဇာကျတဲ့စာ ဒါမှမဟုတ် မကျဘူးဆိုတဲ့ မေလ်း ကိုလက်ခံရရှိပါမယ်။ ကျတာများပါတယ်။
ခင်မင်စွာဖြင့်
အညာမှ
ခရေညို
5 comments:
ကျေးဇူးပါ မခရေညိုရေ...
နောက်ဆို ကိုယ့်မိသားစုလာရင် ဒီကပဲ ဗီဇာလျှောက်ပေးလိုက်တော့မယ်
ဝေယံ
အာဆီယံ နိုင်ငံတွေက လျှောက်ဖို့ လိုလို့လား။ မသိဘူးသေချာတော့။ အင်းလေ.. ကိုယ့်နိုင်ငံ အစိုးရ သောက်သုံးမကျတော့လဲ ....။
တော်တော် ပျောက်သွားတယ်နော်
အမြဲ လာဖြစ်တယ်
း)
BTW
Processing ကာလ က 1 working day ထင်တယ်
၁၅ မိနစ် မဟုတ် လောက်ဘူး
သူတို့ကတော့ 1 working day လို့ရေးထားတာ တကယ်တော့မကြာပါဘူး။ မနေ့ညက လျှောက်တော့လည်း ခရေညို
ထင်တယ်အလွန်ဆုံးစောင့်ရ 1 နာရီပဲ
Post a Comment