လွန်ခဲ့တဲ့ ၂ရက်လောက်က ဂျာနယ်တစ်ဆောင်မှာ ဖတ်လိုက်ရတယ် အနုပညာရှင်တွေ ကို”အိမ်မက်ထဲကဘဝ ဘဝထဲကအိမ်မက်” ဆိုပြီး ချစ်စရာကောင်းတဲ့ မေးခွန်းလေးတွေ မေးထားတာ တွေနေရတယ်။
ဒါပေမဲ့ ဘလောက်ဂါ တွေကို ကြ တော့ ဘယ်သူကမှ လာပြီးမမေးကြကြဘူး။ အခု ခရေညိုကမေးပြီနော် ကဲဒါလေးက Tag Post လေးနော်။ မေးခွန်းလေးတွေကို ကော်ပီကူးပြီး အဖြေကိုဖြေဖို့ပါပဲနော်။
ပထမဆုံးတက်ခဲ့တဲ့ကျောင်း = ချင်းစုအမက၊ စစ်ကိုင်းမြို့
ပထမဆုံးခင်ခဲ့တဲ့သူငယ်ချင်း = သီရိအောင်
ပထမဆုံးသင်ခဲ့ရတဲ့ဆရာ = ဒေါ်မြမြဝင်း
ပထမဆုံးဖြစ်ချင်ခဲ့တာ = ကျောင်းဆရာမ
ပထမဆုံးရရှိခဲ့တဲ့အမှတ်တ၇လက်ဆောင် = သူငယ်ချင်းတစ်ယောက်ကပေးတဲ့ ဆင်မြီးလက်စွပ်ကလေး
ပထမဆုံးရတဲ့ကြည်နူးမှူ့ = လေ:တန်းမှာ ပထမရတုန်းက ဆုတက်ယူရလို့
လက်တလောစောင့်နေမိတာ = 5:30pm (ရုံးဆင်းချိန်လေ )
လက်တလောဖတ်နေတာက =အက္တကျော် ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ"
ဆိုတဲ့ဝတ္ထုတိုးပေါင်းချုပ်စာအုပ်
လက်တလောချစ်နေမိတာက = သားလေး နှစ်ယောက်နဲ့ အိမ်ကလူကြီးကိုပေါ့
လက်တလောစားနေမိတာက =်ဂျင်း သုပ် ( ညတိုင်းကို သုပ်စားဖြစ်နေတာ)
လက်တလောမှာသတိရနေတဲ့အတွေးအခေါ်စာ = တာဝန်ကိုတိန်းရှောင်သူသည်
အခွင့်အရေးကိုတိန်းရှောင်သူပင်ဖြစ်သည်။
လက်တလောလုပ်နေတာက = ဟင်းတွေကို ကိုယ်တိုင်ချက်နေတယ်
(သားကြီးရဲ့ တောင်းဆိုမှူ့အရ)
လက်တလောနားထောင်မိတဲ့သီချင်း = ဟဲလေး နဲ့ ရတနာမိုင် ဆိုထားတဲ့ ဂီတာရှိတ် ဆိုတဲ့သီချင်းလေး။
လက်တလောသတိရနေမိတာ = အမေ့ကို
လက်တလော သွားချင်နေတာက = ငပလီ ( မရောက်ဖူးသေးလို့ ဟီး)
လက်တလော ဆုတောင်းနေတာ = စလုံးထီပေါက်ပါစေ
အမြဲတမ်းလက်ခံကျင့်သုံးတာ = ဖြစ်ချင်နေတာဆန္ဒ ဖြစ်နေတာကဘဝ
ကဲဖြေရမဲ့သူကတော့ ဦးလေးကြီး ၊ တိုရင်ချီတူ ၊ ဏီလင်းညို ၊ မိုးစက်အိမ် ၊ ကိုအောင်သာငယ် ၊ ကိုလူထွေးကြီး တို့ပဲဖြစ်ပါတယ်ရှင်။ အမြန်ဆုံး ရေးပေးကြမယ်လို့ မျှော်လင့်ပါတယ် ။
ခင်မင်စွာဖြင့်
အညာမှ
ခရေညို
7 comments:
ဘလော့ရေးတာမကြာသေးဘူးထင်ပါတယ်
လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဘလော့ဂါတွေ ၀က်ဝက်ကွဲအောင်ရေးပြီးသားကြီး
ဒီထဲက ၁ ယောက် ဒါမှမဟုတ် တယောက်ထက်မက က ရေးပြီးပြီ
ကျန်တဲ့လူတွေ မရေးရသေးရင်တော့ သိပ်ရှက်စရာကောင်းမယ်မထင်
လေးလေးကတော့ ...ဒီ tag post ကို ဖတ်ဘူတယ်..
အဲဒီတုန်းကတော့ စာဖတ်သူဘဝပဲ ရှိသေးတယ်..
စာစရေးတော့ tag post တွေ ပလူပျံနေတာ အမြင်ကပ်တာနဲ့ ၂၀၁၂ tag မှာ မှိုချိုးမျှစ်ချိုး ကို ရေးထည့်လိုက်တာ လေးလေးကို ဆဲစာတွေ လာလိုက်တာ....ခုတော့ ဘယ်သူရေးခိုင်းရေးခိုင်း ရေးပေးပါတယ်.. ခုလဲရေးပေးမယ်...ကြာပြီဆိုပေမဲ့ မရေးရသေးရင် အသစ်ပဲလေ...
ဟုတ်ပါတယ် ခရေညိုက ဘလောက်ရေးတာမကြာသေးပါဘူး။အဲဒါကြောင့် မသိလိုက်ဘူး မရေးရသေးတော့လည်း အသစ်ပေါ့ ဟုတ်ဘူးလား? ဟီ ဟိ
မကြီးခရေညိုရေ့.......
တက်ဂ်ပို့စ်လေးလာဖတ်တယ်......။
ဟိုရက်က ရောက်သေးတယ်......။ ကွန်မကောင်းလို့လေ......း(
ဒီတက်ဂ်ကို အနော်မရေးဖူးသေးပါဘူး.....။ ဒါပေမယ့်.....
http://nyeelinnnyo.blogspot.com/2010/04/blog-post_23.html
ဆိုတဲ့ နေရာလေးမှာ အနော်ရေးထားတာလေးဖတ်ကြည့်ပေးပါခင်ဗျာ....။
အဲ့ဒီပို့စ်တင်တုန်းက အစ်မ မြန်မာပြည်ပြန်နေတဲ့ အချိန်နဲ့တူတယ်လေ....။
သတိတရနဲ့ တဂ်ပေးလို့ ကျေးဇူးတင်ပါတယ်လို့ အလေးအနက်ပြောချင်တယ်ခင်ဗျာ.....။
ဒါပေမယ့် ခုနက ပေးထားတဲ့လင့်ခ်ထဲမှာ အနော် အခိုင်အမာဆုံးဖြတ်ပြီးသားမို့ပါ.....။ စိတ်ဆိုးနဲ့နော်........း)
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
ခရေညိုရေ့...
ရေးထားဖူးတယ်...
http://aungthange.blogspot.com/2008/09/blog-post_22.html
http://aungthange.blogspot.com/2008/09/blog-post_5022.html
၂ ပို့စ်ကြီးများတောင် ဆိုတော့... ထပ်မရေးတော့ဘူးနော...း)
သို့သော်လည်း... ရေးစေချင်ရင်တော့ ထပ်ရေးပေးပါ့မယ်...
မမရဲ့ ”အိမ်မက်ထဲကဘဝ ဘဝထဲကအိမ်မက်” လေးကို လာဖတ်သွားတယ်။
လက်တလောချစ်နေမိတာက = သားလေး နှစ်ယောက်နဲ့ အိမ်ကလူကြီးကိုပေါ့ ဆိုတော့ နောက်ကောမပါဘူးလား မခရေညို နောက်လဲ အဲလိုဖြစ်နေပါစေဗျာ..............
Post a Comment