Wednesday, January 20, 2010

နင်နဲ့ငါ

ပုံလေးအား အင်တာနက်မှ ရှာဖွေတွေ့ရှိသည်။


သူငယ်ချင်းရေ

နင်နဲ့ငါ ဝေးကွာချိန်တိုင်း

အမြဲတမ်းတ သတိရနေသူ ငါ


နင့်အသံ ဝဲဝဲလေးနဲ့

၈ကို ရှေလို့ ဆိုတဲ့အသံ လေးကို

နားထဲမှာ အမြဲတမ်း

ကြားယောင်နေသူ ငါ


ကျောင်းသွားရင်လည်း

မိုးမိမှာကြောက်တဲ့ နင် နဲ့

မိုးရွာထဲမှာ လမ်းလျှောက်ချင်တဲ့ ငါ

ဘယ်ဘဝရေစက် ကြောင့်

သူငယ်ချင်းဖြစ်လာ တယ်ဆိုတာ

မသိခဲ့တဲ့ နင် နဲ့ ငါ


မုန့်ဟင်းခါဆို

ငရုပ်သီး သုံးဇွန်း

ငံပြာရည် သုံးဇွန်း

သံပီရာသီး ၃ခြမ်း

ထည့်စားခဲ့ကြတဲ့ နင် နဲ့ ငါ


တစ်ချိန်မှာပြန်ဆုံမယ်လို့

အမြဲတမ်း

မျှော်လင့်နေတဲ့ငါ

နင်ရော

မျှော်လင့်နေမယ်လို့

ယုံကြည်နေတဲ့ငါ


နင် နဲ့ ငါ့ရဲ့

သံယောဇဉ်က

အစဉ်ထာဝရ ရှင်သန်နေမယ်လို့

ယုံကြည်တဲ့ငါ ပါ ....................




ခင်မင်စွာဖြင့်

အညာမှ

ခရေညို

10 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ..

မုန့်ဟင်းခါဆို
ငရုပ်သီး သုံးဇွန်း
ငံပြာရည် သုံးဇွန်း
သံပီရာသီး ၃ခြမ်း
ထည့်စားခဲ့ကြတဲ့ နင် နဲ့ ငါ။

ဖတ်ရင်းနဲ့ အရသာမျိုးစုံ ခံစားရတယ်။ ငရုပ်သီး စပ်လိုက်.. ငံ လိုက်.. ချဉ်လိုက် နဲ့ ၃ ဇွန်း ဆို နည်းမှ မနည်းတာ။ နင် နဲ့ ငါ အတွက် ပျော်စရာတော့ အကောင်းသား။

သံယောဇဉ်တွေ အစဉ်ရှင်သန် နေအုံးမှာမို့ တစ်ချိန်မှာ ပြန်ဆုံဘို့ မျှော်လင့်နေတာလေး ပြည့်စုံပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ခရေ...

ပြန်ဆုံကြလို့ မုန့်ဟင်းခါး တူတူစားကြအုံးမယ် ဆိုရင်လေ.. သံပုရာသီး ရှေ (၈) ခြမ်း ထည့်စားကြ။ :) ပြောရင်းနဲ့ သွားတွေ ကျိန်းလိုက်တာ.. :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး

Anonymous said...

နှင်းကျောင်းပုံပြင်

တလနွန် said...

သူငယ်ချင်းတွေဆိုတာ ဘုရားပေးတဲ့လက်ဆောင်ပါ...

thawzin said...

မေခလာသီချင်းလို့တော့ မဟုတ်တာသေချာမယ်ထင်ပါတယ်။ မေခလာသီချင်းလိုဆိုရင်လဲ “နင်” ဆိုတဲ့လူကြီးက လက်ရှိလူကြီးဖြစ်မယ်ထင်တယ်နော့

Anonymous said...

မုန့်ဟင်းခါဆို
ငရုပ်သီး သုံးဇွန်း
ငံပြာရည် သုံးဇွန်း
သံပီရာသီး ၃ခြမ်း
ထည့်စားခဲ့ကြတဲ့ နင် နဲ့ ငါ
အင်း.... ကျနော် မုန့်ဟင်းခါး ဆိုင်ဖွင့်ရင် အမလာမစားနဲ့ သိလား... ငံပြာရည်ဖိုးနဲ့ သံပရာသီးဖိုးနဲ့ မွဲမှာစိုးလို့်.. ဟားဟား

မိုးစက်အိမ် said...

အဖြူေ၇ာင်သံယောဇဉ်ကြိုးတွေဟာ ဘယ်သောအခါမှ
ပြတ်တောက်ရိုးထုံးစံမရှိပါဘူး အစ်မရေ . . .

ကြယ်ပြာ said...

သူငယ်ချင်းတွေ ပြန်ဆုံကြပါစေလို့ ဆုတောင်းပေးပါတယ်နော

Myanmar Good Knowledg Co., Ltd said...

ခရေညိုရေ။
အခုလိုချမ်းချမ်းအေးအေးအချိန်မှာ မုန့်ဟင်းခါး ကို အဲလို ငရုပ်သီး သုံးဇွန်း၊ ငံပြာရည်သုံးဇွန်း၊ သံပုရာသီး သုံးခြမ်း နဲ့ သုံးပန်းကန်လောက် စားပစ်လိုက်ချင်တယ်နော်။
ရေနွေးလေးလည်း သုံးခွက်လောက် မှုတ်သောက်မယ်။

“သူငယ်ချင်း ဆိုတာ ထာဝရ မမေ့ နိုင်ဘူးနော်”

ကိုလူထွေး said...

ငြုတ်သီး ၃ ဇွန်း၊
ငံပြာရည် ၃ ဇွန်း၊
သံပုရာသီး သုံးခြမ်း

...ဆိုတော့

ရှုးရှုးရှဲရှဲနဲ့ နေမှာပဲ...


းဝ)

~ဏီလင်းညို~ said...

မခရေညိုရေ...
ကဗျာလေးထဲမှာ သူငယ်ချင်းအပေါ်ထားတဲ့သံယောဇဉ်လေးတွေ့လိုက်မိတယ်....
ခင်မင်တဲ့
ဏီလင်းညို