Tuesday, February 16, 2010

စားဖြစ်ခဲ့တဲ့ Chilli Crab

တရုတ်နှစ်သစ်ကူးရောက်တိုင်း ခရေညို ကတော့ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင်အရမ်းကို ပျော်တယ်။ ( ရုံးပိတ်ရက်ကရှည်တာကိုး............ ) အိမ် မှာတခုခု လုပ်စားကြသလို အပြင်လည်း သွားစားဖြစ်ကြတယ်။


ခရေညို ရဲ့ သူဌေးက တရုတ်လူမျိုးဆိုတော့ ဘောနပ် က
ို( ကားဘောနပ် မဟုတ်ပါ ) သူတို့ နှစ်သစ်ကူးမတိုင် ခင် ပေးလေ့ရှိတယ်။ အဲဒီတော့ ခရေညိုက အိမ်ကမိသားစုကို အပြင်မှာ ကြွေးဖို့တာဝန်ပေါ့။အပြင်သွားစားမယ်ဆိုတော့ ကိုယ်စားချင်တဲ့ဆိုင်ကဖွင့်ရဲ့လားဆိုတာ ပထမဆုံး စုံစမ်းရတာပေါ့။ ဂဏန်းစားဖို့ဆုံးဖြတ်ခဲ့ကြတယ် (ကိုယ်ကစားချင်တာကိုး ) အရင်သွားစားဖူးတဲ့ဆိုင်က ဂေလမ်း က ဆိုင် အဲဒီဆိုင်ကိုဖုန်း ခေါ်ကြည့်တော့ ပိတ်တယ်တဲ့။


တော်သေးတာပေါ့ တခြားဆိုင်ခွဲတွေက ဖွင့်လို့။ အဲဒါနဲ့ Vivo City က ၃ ထပ်မှာရှိတဲ့
No Singboard ဆိုတဲ့ဆိုင်ကိုသွားစားခဲ့ကြတယ်။ အစားအသောက်ကောင်းစားရရင် သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေကိုသတိရ တတ်ကြတယ်လေ။
ခရေညိုးလည်း အဲလိုပဲပေါ့ ။




ဒါကတော့ ခရေညို သောက်ခဲ့တဲ့ တရုတ်ရေနွေးကြမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးး



ဝက်သားကြော် စားလို့အရမ်းကောင်းတယ်.............:)







ဂဏန်းဟင်းကတော့ ခရေညို့ အကြိုက်ဆုံးပေါ့။


ဓာတ်ပုံတွေက သားအကြီးရိုက်တာလေ။ အပျော်တမ်းရိုက်ခဲ့တဲ့အတွက် ပုံတွေကသိပ်မကောင်းပါဘူးနော်။ ခရေညို ကအစားငမ်းနေတဲ့အတွက် ဓာတ်ပုံရိုက် ဖို့သတိမရပါ။


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

5 comments:

ကိုလူထွေး said...

သားကြီးရိုက်ထားပေးလို့သာ မစားခင် မြင်ရတွေ့ရတာ...

အမေ့သဘောအရဆိုရင် တပန်းကန်လုံးပြောင်မှ သတိရမယ် ထင်ပါရဲ့...

းဝ)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေညို ရေ..

သမီးလေးရဲ့ မွေးနေ့ပွဲကို လာရောက်တဲ့ အတွက် ကျေးဇူးတင်ကြောင်းလေး ပြောပါရစေ။ အိမ်က အမျိုးသမီးက ဖုန်းဆက်ပြီး ကျေးဇူးတင်ကြောင်းလေး ပြောပါလို့ ပြောနေတာ မဆက်ဖြစ်သေးတဲ့ အတွက်လဲ နားလည်ပေးပါကွယ်။

နောက်တစ်ခါ အားကြရင် တစ်နေရာရာမှာ မိသားစုလိုက် တစ်ခုခု သွားပြီး စားကြရအောင်။ Chilli Crab မစားဖြစ်တာတောင် အတော်ကြာပေါ့။

ခင်မင်စွာဖြင့်
ကိုမျိုး

~ဏီလင်းညို~ said...

မခရေညိုရေ....
သွားရည်တောင်ကျသွားတယ်....ခိခိ...း)
အစ်ကိုလူထွေးပြောသွားသလိုပဲမှတ်လား....
မမင်းဖြူမှန်မှန်ပြောနော်...ဟွင်းးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

မိုးစက်အိမ် said...

ဂဏန်းဟင်းလေးကို ၀က်သားကြော်လေးနဲ့ တွဲစား
လိုက်ရရင်ဖြင့် ... သရေကျပြန်သွားရတယ်အမရေ

ရွာသားလေးဝိုင်တီယူ said...

လုပ်ရက်ပေ့အမရာ လို့ပဲရေရွတ်သွားတယ်
လက်တော့ မတို့လိုက်ပဲဗျာ