Tuesday, February 23, 2010

တရုတ်နှစ်သစ်ကူး နေ့လည်စာ

သူများတကာတွေရုံးမှာဆို တရုတ်နှစ်သစ်ကူးပွဲတော် ညစာစားပွဲ ဒါမှမဟုတ် နေ့လည်စာကို ရုံးတွေမပိတ်ခင် ကျင်းပကြတယ်လို့သိရပါတယ်။

ခရေညို တို့ ရုံးကတော့ ရက်ရှည်ပိတ်ပြီးပြန်ဖွင့်မှကျင်းပလေ့ရှိပါတယ်။ ရုံးတွေပြန်ဖွင့်တော့ ရုံးကလူတွေကို သူဌေးကနေ့လည်စာလိုက်ကြွေးပါတယ်။

ဒါကတော့ တရုတ်နှစ်သစ်ကူးစာ ပေါ့ (ဘယ်လိုခေါ်ရမယ်မသိလို့)။
စားလို့တော့မဆိုးပါဘူး။

ဒါကတော့ ခရေညို့အတွက် ။

ကော်ပြန့်စိမ်းနဲ့တူတယ် အထဲကတော့ဘဲသားနဲ့။

ဒါကတော့ ငါးကင်ပေါ့။

တိုဟူးပြားကြော်။

ပုဇွန်ကြော်။

ဒါကတော့ မှိုနဲ့ အသီးအရွက်တဲ့။

ဒါလေးကခရေညို့အတွက် ဘဲသားနဲ့ ကိုက်လံကြော် ။

ဒီထမင်းနဲ့ ငါးမန်းတောင်ဟင်းချိုက ခရေညို့အတွက်ပေါ့။ ငါးမန်းတောင် ဟင်းချိုကတော့

အရမ်းကောင်းတယ်။

ရေနွေးကြမ်း။

ရေအေးအေးလေးကတော့ အကုန်လုံးစားပြီးမှသောက်ခဲ့တာ ရေအရင်သောက်ရင် အများကြီးမစားနိုင်မှာဆိုးလို့ :)

ဒါကအချိုပွဲတဲ့ အုန်းနို့တွေများလို့မစားခဲ့ပါ။ နောက်နှစ်လည်းဒီထက်မကကြွေးနိုင်ပါစေလို့ သူဌေးကိုဆုတောင်း ပေးခဲ့တယ်...............။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

6 comments:

မျက်မှန်လေး said...

စားချင်လိုက်တာ ရှလွတ်...

ကိုရင်စည်သူ said...

ပြေးကြည့်မှ ဒီလူပဲရှိလို့ ချက်ချင်းပြန်လိုက်လာတာ နေ့လည်စာနဲ့လာတိုးနေတယ်.. ဂလု.. ဂလု.. မခရေတို့ကတော့ ဘယ်ဘ၀က ဆုတောင်းကောင်းခဲ့လဲ မသိဘူး.. အစားကောင်းတွေကို မပြတ်ဘူးနော်.. အားကျသွားသည်။ ထို့နောက် သရေယိုပြီး ပြန်သွားသည်။ ဂလု... ဂလု..

ကိုရင်စည်သူ said...

ထမင်းစားပြီးနောက်တစ်ခေါက်ထပ်လာ ငမ်းသွားတယ်.. ဂလု...ဂလု.. အဲ့လိုသူငှေးမျိုးနဲ့တွေ့လို့ကတော့ ကိုရင်စီတူတို့ အချိန်ပိုတောင် အလကားဆင်းပေးတယ်..။ အလုပ်လုပ်ရကျိုးနပ်ပါဘီ... အစားအသောက်တွေချည်းတင်နေတော့ ဗိုက်ဆာတိုင်း အလည်လာလာဖြစ်နေတယ် :P

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ..

လဘက်နဲ့ ပဲလှော်လဲ မပါဘူး.. :) :)..

ငါးမန်းတောင် ဟင်းချိုကတော့ အကြိုက်ဆုံးဘဲ။

အချိုပွဲက အုန်းနို့တွေ များနေပေမယ့် စားလို့ကောင်းမယ့် ပုံပါဘဲ။

ဝိတ်နည်းနည်းလျော့...

ခင်မင်စွာဖြင့်
ကိုမျိုး

တလနွန် said...

မခရေညို တို့ ရုံးမှာ လူလိုရင် ခေါ်ပါ ဟိဟိ... ဒီလို တရုတ်နှစ်ကူးနွှဲချင်လို့  :)

ခင်မင်လျက်
တလနွန်

Kyaw Nyo Thway said...

ငါးက လွဲလို့ ကျန်တာတွေအကုန်စားချင်တယ်
ကျွေးမှာလား အစ်မး)