Tuesday, August 25, 2009

မိတ်ဆက်ခြင်း

အဟမ်း အဟမ်း
ခရေညို ကိုယ့်ကိုကိုယ် အရင်ဆုံး မိတ်ဆက်ပါရစေ။ ခရေညို က အညာကပါ။ အညာသူဆိုပြီး အသားမည်းမည် သွားကြဲကြဲလို့
မထင်ကြပါနဲ့။ အသားက မဖွေးတာ ရယ် သွားက မစိတာပဲရှိတယ်။
ဪအရေးကြီးတာ ပြောဖို့ကျန် သေးတယ်။ ခရေညို သားနှစ်ယောက်ရယ် hunband တစ်ယောက်ရှိတယ်။
အခု လက်ရှိက ကျွန်းနိုင်ငံလေး (သူများက ကျွန်းနိုင်ငံလို့ ခေါ်လို့လိုက်ခေါ်တာ) မှာ နေထိုင်ပါတယ် ဆိုတဲ့အ ကြောင်း ပြောပါရစေ။
မပြောနဲ့လို့ ပြောလို့ မရတော့ဘူး ပြောပြီးနေပြီ လေ။ မပိုင်ဘူလား ပြောပြီမှ ပြောခွင့် တောင်းတာ ဟီဟီ။။။။။။။။။။. မြင်း ဟီးတာမဟုတ်ပါ။
ခရေညို့ blog လေးကို လူတွေ မသိကြသေးပါဘူး။ (နတ်တွေ၊ သကြာတွေတော့သိကုန်ပြီ)
ခရေညို ကတော့ဆုံးဖြတ်ထား တယ် ဘယ်သူ သိသိ မသိသိ ရေးမှာပဲ ရေးမှာပဲ ခရေညိုကိုလာမတာ;နဲ့။
လျှောက်ရေးနေတာနဲ့ ပြောချင်တဲ့ စကားတောင် ပျောက်သွားပြီ။
ဪ တခြားတော့ မဟုတ်ပါဘူး ခရေညို့အိမ် လေးဟာ အခုမှ ဆောက်ဖို့နေရာရှာနေ တုန်းဆိုတာပါပဲ။.
မြေနေရာရပြီ ဆိုရင်တော့ အုတ်မြစ်ချ ရမှာပေါ့နော်။ အခုက ဘာမှဝယ်ရသေးဘူးလေး ဈေးလိုက်စုံးစမ်းနေတုန်း ပဲ။
အဲဒါ ဘာတွေဝယ်ရ ဘာတွေလို အပ်တယ်ဆိုတာကိုအကြံ ညဏ်ပေးကြပါအုန်းနော်။
အလည်လာကြတဲ့ သူငယ်ချင်းများကိုလည်း အားနာပါတယ် ဘာနဲ့မှ ဧည့် မခံနိုင်သေး ဘူး။
နားလည် ပေးကြပါလို့။

အညာမှ
ခရေညို

21 comments:

မီးမီးချစ် said...

ဘာနဲ့မှ ဧည့် မခံနိုင်သေး လဲ ရေလေးတော့ တိုက်ပါ..
လာလည်ပါတယ်..နော်.. နောက်လဲ အမြဲလာလည်မယ်..း))

ငှက်ငယ်လေး said...

ဟဟဟဟ...
အိမ်စောက်ဖို့ မြေလိုက်ရှာတုန်းပဲလားမမရ...လိုအပ်တာရှိရင်လည်းပြောပေါ့နော်...အထူးသဖြင့် အိမ်ဖျက်တာနဲ့ ပါတ်သတ်ပြီး...အဲ..ဘွာတေးမှားလို့ အိမ်စောက်တာနဲ့ ပါတ်သတ်ပြီးလို့ ပြောတာ ဟီးးးး
လာလည်သွားပါတယ်နော်...နောက်လည်းလာလည်ပါ့မယ်

:P said...

ရေးသာရေးပါ... ဖတ်ပါမည်။

ခရေညို said...
This comment has been removed by the author.
ခရေညို said...

အခုလိုလည်လည်လာပြီး ဖတ်ပေးကြတာကိုအတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။
ခင်မင်စွာဖြင့်
အညာမှ
ခရေညို

ကိုမျိုး (အညာမြေ) said...

အညာသားမို့ အညာလေနဲ့ ပြောရရင်..
ချ..
လုပ်ကွာ.. နောက်မဆုတ်နဲ့...

အားပေးလျှက်..
khwetkhwin
http://khwetkhwin.blogspot.com

သားကြီး said...

c-boxလေးထားထားပေးရင်ကောင်းမယ်
အလည်လာတဲ့လူတွေအလွယ်နှုတ်ဆက်လို့ရအောင်ပေါ့
အညာကခရေညိုရေ လမ်းကြုံရင် ထွေးမြကိုလည်းပြောလိုက်ပါ သတိရနေတယ်လို့ ဟီးးး

ဗီလိန် said...

ဆီဗုံး ချိတ်ချင်လည်း ချိတ်ပေါ့။ ဒါပေမယ့် ရေဗုံးလေး ဝယ်ချိတ်ထားလိုက်လေ။ သက်လည်း သက်သာတယ်။ မီး.. မီး ဆိုင်လည်း ငြိမ်းလို့ရတယ်။ ရေဆာရင်လည်း သောက်လို့ရတာပေါ့။ :P

Vista said...

တော်သေးတာပေါ. ကိုသားကြီးရယ် စာဥမဟုတ်လို. ဟိဟိ

ခရေညို said...

c box ထားဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ မအောင်မြင်သေးပါ။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

သက်တန့်ချို said...

စီဘောက်တွေလိုအပ်တဲ့အရာတွေအတွက်အကူအညီလိုရင် thettantchocho@gmail.com ကိုဆက်သွယ်လိုက်ပါ ဂျီတော့ကနေဖြေပေးပါ့မယ်.....

Htoo Aung Lwin said...

ခရေဆိုတာ ညိုညိုလေးလား
ခရေပန်းဆိုတာ အရမ်းမွှေးတယ်
ခရေညိုလဲ မွှေးရနံ့ လှိုင်လှိုင်နဲ့ အဆင်ပြေပါစေ.......။

နိုင်းနိုင်းစနေ said...

ကိုယ်တိုင် လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို မှာစားဖို့ ရှာဖွေသွားကြောင်းး)

အရောက်လာခဲ့ပါတယ် ခရေညို...

ရွက်လွင့်ခြင်း said...

carry on
ရဲဘော် ဆက်လုပ်
း)

သီဟသစ် said...

Welcome ပါဗျိုး
ရေးသာရေးပါ ဖတ်ကိုဖတ်ပါမည်
:D

ခင်မင်စွာဖြင့်
သီဟသစ်

မိုးစက်အိမ် said...

အားပေးနေမယ် ဗျို. ... လိုအပ်တာရှိရင် ပြောပါ
ကူညီပရစေ ကူညီပရေစေ ခင်ဗျ ... တမျိုးထင်နဲ.နော်
အညာကခရေညို နေညို မှာ အလွမ်းတွေပြို တော.
နွေကြိုတေးဥသြ တောင် သံစဉ်တွေမဲ. သွားတယ် :)

ကိုလူထွေး said...

အကြံဥာဏ်ပေးပါဆိုလို့ ဆရာဝင်လုပ်ပါတယ်...

"စကားတောင် ပြောက်သွားပြီ" ဆိုရင် ယပင့်နဲ့ "ပျောက်" ပါတယ်။

ဟိုတပြောက် ဒီတပြောက် အပြောက်တွေအကွက်တွေရှိရင်တော့ ရရစ်နဲ့ ပြောက်ပေါ့...

းဝ)

(စာကြွင်း။ ။ ပေါတောတောမို့ ခင်မိတယ်...)

ခရေညို said...

အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်

ခရေညို said...

ကိုလူထွေး ရေ ခရေညို ကျေးဇူးတင်ပါတယ်။ (ပြောက်) နဲ့ (ပျောက်) ကိုပြောင်းပြီးပါပြီ။

Anonymous said...

ဟပ်စဘန်းက တယောက်ရှိတယ်ဆိုတော့ ဘယ်နှစ်ယောက်များ လိုချင်သေးလို့လဲ...အဟီး.. မေးကြည့်တာပါနော်... အခုတကျွန်းကျနေတာလား.... သြော်... အင်းလေ.. မိသားစု အဆင်ပြေရင် ပြီးတာပါပဲဗျာ...။ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါနဲ့ ခုထဲက ပြောမယ်နော်... ရေးချင်တာတွေ ရေးမယ်ဆိုရင် ကျနော်လဲ ဖတ်ချင်တာပဲ ဖတ်သွားမှာပဲနော်... အဟီး...။ ဘလော့နဲ့ ပက်သက်လို့ ပြောရရင်တော့ဗျာ... တော်တော်ကောင်းပါတယ် လှလဲ လှပါတယ်။ မကောင်းတာ၊ မလှတာဆိုလို့ စာတွေပဲဗျ ......ဟဲဟဲဟဲဟဲ......။
ဆောတီးနော် ကျနော်က နောက်တာ တရားလွန်နောက်တတ်တယ် တကယ်ထင်ပြီး မရေးဘဲလဲ မနေနဲ့ဦး.......။

Anonymous said...

သြော်.... ဒါနဲ့ စီဘောက်စ် ထည့်ဖို့ မမေ့နဲ့ဦး..။ ပြီးတော့ စာလုံးလေးတွေ နဲနဲသေးတယ်ဗျာ.. ကြီးပေးပါလား ဒါမှ ဖတ်ရတာ အဆင်ပြေမယ်ဗျ...။