Sunday, August 30, 2009

ဘဝမလှတဲ့ ဖိုးထွေး

"ဆရာမ ဆရာမ"


စာစစ်နေရာမှာ တပည့်တစ်ဦး ခေါ်သံကြားလို့ ကြည့်လိုက်တော့

့"ဟဲ့ မောင်ဦး ရေကြီးသုတ်ပြာနဲ့ဘာဖြစ်လာတာ လဲ"


"ဟို ဟို"


"ပြောမှာသာ ပြောစမ်းပါ ဒီမှာရင်တွေပူလှပြီ"


"ဖိုးထွေး ပိုးထိလို့ အဲဒါ "


"ဟင် ဟုတ်လား အခုဘယ်မှာလဲ"


" ကျန်:မာရေးမှူးအိမ်မှာ"


" လာ လာ မြန်မြန် လိုက် သွားရအောင်"


ကျမလည်: ပြောပြောဆိုဆို နဲ့ပဲ ကျန်းမာရေမှူ:အိမ် လိုက်သွား တယ်


ဟို ရောက်တော့ တကိုယ်လုံး မြွေဆိပ်တက်ပြီး သေဆုံးနေပြီ ဖြစ် တဲ့ ဖိုးထွေး ရဲ့ရုပ်အလောင်း ကိုပဲတွေ ရတော့တယ်။


ဖြစ်မှဖြစ်ရလေ ဖိုးထွေးရယ်.


ကျမလည်း စိတ်မကောင်းကြီးစွာနဲ့ ပဲပြန်ခဲ့ ပါတော့တယ်။





အဲဒီ ကောင်လေး ပြီ ဖိုးထွေး ကစာအရမ်းတော် တဲ့ ကျောင်းသား ကလေးပါ။ လွန်ခဲ့ တဲ့ နှစ်ရက် ကမှသူ ကျောင်းထွတ် သွားတာ။ သူ ကမောင်နှ လေးရောက် မှာ အသက် အ ကြီးဆုံး ။ဖခင် ကတော့ဆုံးသွား တာ
(၁)လလောက်ရှိ ပြီ ။ သူဖခင်သေတာအရက်ကြောင့်တဲ့.

မိခင် ကလည်း ကြုံရာ လုပ် ပြီး အသက် မွေးဝမ်း ကျောင်းနေရတာ။ဖိုးထွေး အသက် ကရှိလှမှ ၁၂ ၊ ၁၃ပေါ့။ အရင် ကတော့ ကျောင်းပိတ် ရက် မှ သူများလယ် ထဲလိုက်ပြီ: ဟိုဟာ လုပ်ပေး ဒီဟာလုပ်ပေး လယ်ပိုင်ရှင် က ပိုက်ဆံလေးနည်းနည်း ပါးပါး ပေးတာပေါ့။



အိမ်ပြန်ရင် အောက်ကညီ၊ညီမလေးတွေစားဖို့ ကြွတ် လေးငါးလေးဖမ်းပြီးပြန်လာ ဒီလိုပဲ ကျောင်းပိတ်ရင် သူလုပ်နေကျ။သူကျောင်းထွတ်ရတာကတော့ သူအမေတယောက်ထဲ လုပ်စာနဲ့ သားအမိငါးယောက် မလောက်လို့ အလုပ်လေးဘာလေး လုပ်ရအောင် လို့ဆိုပြီး သူအမေကကျောင်းထုတ်သွားတာ။အခု တော့အဖြစ်ဆိုး နဲ့ ဆုံးရှာပြီ လယ်ထဲ ကိုင်းထဲစိုတာ က မြွေ ပါ:ကင်းပါး က ပေါပါဘိသနဲ့။


သူ့အတွက်ကျမ လုပ်ပေးနိုင်တာဆိုလို့ကောင်းမှူ့ပြု အမျှအတမ်:ဝေ


"ဖိုထွေးတစ်ယောက် ကောင်း ရာ သုဂတိလား ပါစေ။"








ခရေညို

1 comments:

Anonymous said...

ဘယ်ုလိပြောရမလဲ.. ဒီလောက်တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဒါမျိုးတွေ မဖြစ်သင့်တော့တာ အမှန်ပဲဗျ... စဉ်းစားကြည့်ရင် တွေးကြည့်ရင် စိတ်နာတယ်..ဗျာ..။