Thursday, August 27, 2009

မြန်မာပြည်ဖွား မှ ဟုတ်ရဲ့လား

ကြားဖူးတာတစ်ခု ပြောပြမယ်နော်။
တခါက
ဂျပန်တစ်ယောက် မြန်မာနိုင်ငံ က ရွာတစ်ရွာ အလည်သွား တယ်တဲ့။
သူတည်းတဲ့အိမ်ရှင် က အရမ်းသဘောကောင်းတယ် ဆိုပဲ။ အိမ်ရှင်က အရမ်းလည်း

ဧည့်ဝတ်ကျေ တယ်တဲ့။
မနက်အာရုံ တက်တော့ကြက်တွန် သံ ကြားတယ် ။ နေ့တိုင်းကြား နေကျ ကြက်တွန်သံ ပုံမှန်ပဲတဲ့။ ဒါနဲ့ သူပြန်ခါနီး အဲဒီလိုကြက်တစ်ကောင် လောက်သူ့ကိုပေးဖို့အိမ်ရှင် တောင်းသတဲ့။ အိမ်ရှင်တော့ အခက် တွေ့ပြီ။
အိမ်ရှင် မှာ ကလည်းကြက်ကတစ်ကောင် တည်း ရှိတာလေ။
အိမ်ရှင်လည်း ကြံရာမရ ဖြစ်ပြီး လဒ ကြီး တစ်ကောင် ပေးလိုက် ရော ဂျပန် ကြီးကတော့ ကျေးဇူးတွေတင်လို့ပေါ့။
သူမှ ကြက်မှန်း လဒ မှန်း မသိတာ။ လဒ ကြီးကို ကြက်အထင် နဲ့
ဂျပန် ကိုယူသွား တယ်။
လဒ ဆိုတဲ့အမျိုး ကအမြဲတမ်း ငိုင်နေတဲ့ ဟာကို။
ဒါကိုမ သိတဲ့ဂျပန်ကြီး က အံ့ဩ နေပြီ။ တစ်ရက် တွန်နိုး တွန်နိုး နဲ့။
ဒါနဲ့နောက်ဆုံး ဂျပန်ကြီးက လဒကို မေး လိုက် တယ်.
"မင်းက အောက်အီးလည်:မတွန် ကောက်ဆန်လည်းမကောက် မင်း မြန်မာပြည်ဖွား မှ

ဟုတ်ရဲ့လား " တဲ့။

(မကြားဖူး သေးသူများအတွက်ပါ )

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

5 comments:

Anonymous said...

ဟိ... မြန်မာစစ်စစ်လို့ လဒ အစား ပြောပေးလိုက်တာ မဟုတ်ဘူး အဟီးဟီး... စတာပါနော်..။

ရွက်လွင့်ခြင်း said...

ဖတ်သွားပါတယ်ဗျာ
စီဘောက်စ် မတက်သေးဘူးလား

မီးမီးချစ် said...

ကွန်မန့်် ပေးလို့ မရပါလား email ပေး ပါလား ပို့ လိုက်မယ်လေ

မီးမီးချစ် said...

code တွေ ပါ ပို့ လိုက်မယ်း))

Unknown said...

ခရေညိုရေ...

စိတ်ညစ်နေတဲ့အချိန်မှာ အခုလို ဟာသပို့လေးအတွက် ကျေးဇူးတင်မိပါတယ်...

ဆက်လက်အောင်မြင်တိုးတက်ပါစေဗျာ...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)