Tuesday, November 10, 2009

တစ်နှစ်တစ်ခါရောက်လို့လာပြန်

အားလုံး မင်္ဂလာပါရှင်။ အခုလို ခရေညိုရဲ့ မွေးနေ့ ကို ကြွရောက်ချီးမြင့် ကြတဲ့ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။ တကယ်မွေးနေ့ကတော့နိုဝင်ဘာ ၂၆ရက်ကြမှပါ။ အစကတော့ ဖိတ်စာနဲ့ဖိတ်မလို့ပါပဲ။
(အသက်ဘယ်လောက်ပြည့်လဲလို့မမေးနဲ့။ ပြောပြဘူး အသေသတ်လိုက်။ ဟိ……… )
ဒါပေမဲ့ မွေးနေ့မတိုင်ခင် တစ်ပတ်အလို ကတည်းက အလုပ်တွေ အရမ်းရှုပ်နေလို့ပါ။ မဖိတ်နိုင်တဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်ရှင်။

ဘာဖြစ်လို့လည်း ဆိုတော့ နိုဝင်ဘာ ၂၆ ရက်နေ့ကျရင် အမိမြေကို မိသားစုနဲ့ အတူ အလည်ပြန်ကြမှာမို့ ခရေညို ရဲ့အလုပ်တွေကို ပြီးအောင်လို့နေရလို့ပါ။

ခွင့်ကတော့ တစ် လ တိတိပေါ့။ ပြန်ခါနီး ရင် မွေးနေ့ပွဲ မလုပ်ဖြစ်မှာဆိုး လို့ ကြို လုပ်ထားတာပါ။








ကိတ်မုန့်ကိုတော့ မီးမှုတ်ပြီးမှစားရမှာနော်။ ဟိ



ချစ်ကမ်းချော့ပါ။


ပီဇာကြိုက်တဲ့သူများအတွက်


မြန်မာ ထမင်း ဟင်းစားချင်တဲ့သူများအတွက်ပါ။

ရေခဲမုန့် ကြိုက်တဲ့သူတွေက တော့ရေခဲမုန့် သုံးဆောင်ကြပါ။




ကော်ဖီကြိုက်သူတွေပါ။



လိမ္မော်ရည် ကြိုက်သူများအတွက်။





စတော်ဘယ်ရီ ဖျော်ရည်ပါ ။








အသီးလေးလည်းသုံးဆောင်ကြပါအုန်း။ အရမ်းချိုတယ်သိလား?

အအီလည်းပြေပါတယ်။

မွေးနေ့ရောက်တိုင်း ခရေညို တွေးမိတာလေး တစ်ခုရှိပါတယ်။

သိတတ်တဲ့ အချိန်ကစပြီး နှစ်တိုင်းတွေးမိတဲ့အတွေးလေးပါ။


ဘာလိုလိုနဲ့ သေဖို့တစ် နှစ်နီးပြန်ပြီ ဆိုတဲ့အတွေးလေးပါ။




ခင်မင်စွာဖြင့်


အညာမှ


ခရေညို














17 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေညိုရေ..

Happy Birthday ပါ... မွေးနေ့ မရောက်သေးပေမယ့် ကြိုပြောထားတာ..ဦးဦးဖျားဖျား...

မြန်မာပြည် မိသားစုနဲ့ အတူ အလည်ပြန်ကြမှာဆိုတော့ ပျော်နေမှာပေါ့... အိမ်ကိုလဲ တစ်လတိတိ အလည်ပြန်ရသေး... မွေးနေ့ပွဲအတွက်လဲ ဘယ်သူ့ကိုမှ ကျွေးစရာမလိုတော့ဘူး... ခရေညိုတို့ အစီအစဉ်ကတော့ very good :)...

Happy Birthday ပါ ခရေညိုရေ..

ခင်မင်စွာဖြင့်
ကိုမျိုး

နှင်းနဲ့မာယာ said...

Happy Birthday !!!!!
ပျော်ရွှင်စရာ မွေးနေ့လေးများစွာ ပိုင်ဆိုင်နိုင်ပါစေနော်..

နှင်း

thawzin said...

အဲဒီအသိလေးက မွေ့နေ့ရှင်အတွက် အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံးသော အသိတရားလေးလို တင်စားလိုက်ချင်တယ်ဗျာ။ ဒါပေမယ့် သေရမှာတော့ ကြောက်တယ်။ မွေ့နေ့ပွဲအပြင်မှာ အဲလိုကျင်းပတာလား။ အိုး.. အဲလိုမျိုးဧည့်ခံတဲ့ မွေ့နေ့ဆိုရင် လိုက်စားချင်လိုက်တာ။ မြန်မာထမင်းဟင်း၊ ရေခဲမုန့်၊ ကော်ဖီကသောက်ချင်စရာမကောင်းဘူး။ အလှကြည့်ဖို့ကောင်းတယ်။ အသီးတွေကလဲ တကယ် စားချင်စဖွယ်။ ဘယ်ဓါတ်ပုံဆိုက်ကများ ကူးထားသလဲမသိဘူးနော်။ အသက်ဘယ်လောက်လဲ အစ်မကြီး၊ သေဖို့ တနှစ်နီးလာပြီးလို့ အတွေးမျိုးတွေးပြီးတော့ အသက်ပြောဖို့ ၀န်လေးနေတာတော့ ကီးမကိုက်ပါဘူးဗျာ။ အသက်ပြောမှ မွေးနေ့ဆုတောင်း တောင်းပေးတော့မယ် အခုတော့ ဓါတ်ပုံကြည့်ပြီးတော့ အညှော်ခံသွားပါတယ်။

Anonymous said...

ထောင်ထားတဲ့ဖယောင်းတိုင်တွေကို ရေကြည့်တာတော့ ခရေညိုဆိုတာ အသက်ပြည့်သေးပုံမပေါ်ဘူး...း)

အောက်ဆုံးက အတွေးမျိုး တွေးချင်ရင် တော့ မွေးနေ့မှာမှမဟုတ်...
ငါသေဖို့ တစက္ကန့်နီးလာပြီလို့ အချိန်တိုင်းတွေးနေလို့ရပါတယ်ကွယ်...းP

ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝရဲ့ အလှတွေကို မိသားတစုလုံး အေးအေးချမ်းချမ်း မျှဝေခံစားနိုင်ပါစေလို့ ဆုတောင်းရင်း...

HAPPY 8th BIRTHDAY ............း))

းဝ)

ရွှေရတုမှတ်တမ်း said...

ကဲ..ငါ့တူမ..မွေးနေ့ ၁၀၀ တိုင် ကျင်းပနိုင်ပါစေဗျာ(အဲလောက် ကြီးကြတော့ပျင်းစရာကြီးနော်)
ကိတ်မုန့်တော့ မစားတော့ဘူး..
ဖယောင်းတိုင် မီးမှုတ်ရင် တံတွေးတွေ..စင်ထားလို့

တလနွန် said...

!!!!!!!!!!!! HaPpY BiRthdAy !!!!!!!!!!!!

အေးချမ်းတဲ့ မိသားစုဘဝနှင့်အတူ လာမဲ့မနက်ဖြန်တိုင်းမှာ မခရေညိုတစ်ယောက် စိတ်ချမ်းသာခြင်းများစွာနှင့် ဘဝကိုအဓိပ္ပါယ်ရှိရှိ ကျော်ဖြတ်နိုင်ပါစေနော်။

ခင်မင်ခြင်းများစွာနှင့်
တလနွန်

Waing said...

Happy Birthday နော် မခရေ..
မွေးနေ့အတွက် ကြိုဆုတောင်းပေးထားပါတယ်။
ဝိုင်းနဲ့ နိုဝင်ဘာလမွေးနေ့တူ အစ်မတစ်ယောက်တိုးတာပေါ့း)
မိသားစုနဲ့ အတူတူ ချစ်ချစ်ခင်ခင်နဲက ဘ၀ခရီးလမ်းကို ပြုံးပျော်ကြည်နူးစွာ လျှောက်လှမ်းနိုင်ပါစေ

ခင်လျက်
ဝိုင်း

~ဏီလင်းညို~ said...

ပျော်ရွှင်စရာ မွေးနေ့လေးကို နောင်နှစ်ပေါင်းများစွာ...ဖြတ်သန်းနိုင်ပါစေခင်ဗျာ...။ ဆုတောင်းပေးပါတယ်နော်ဗျ...။
အလုပ်မအားနိုင်လို့ အခုမှ ပြေးလာခဲ့တာ...။
(စားစရာတွေကို အ၀ဆွဲသွားပါ၏။)

စည်သူ said...

ကျေနပ်ဘူး.. ကျေနပ်ဘူး..

ထော်လည်း ထော်ဘူး.. တိလိုက်ဘူး..း)

အင်း..
စဉ်းစားမိတဲ့ အတွေးကို သဘောကျတယ်..

မိသားစုနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝခရီးကို တတ်ပျော်တစ်ပါး လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အမ ခရေညိုရေ.

ပျော်ရွှင်ပါစေ
စည်သူ။

သီဟသစ် said...

မခရေညိုရေ

Happy Birthday ပါခင်ဗျာ

ဘဝတစ်လျှောက်လုံး အောင်မြင်ပျော်ရွှင်သော မိသားစု ဘဝကို ရယူပိုင်ဆိုင်နိုင်ပါစေ..


ခင်မင်စွာဖြင့်
သီဟသစ်

Myanmar Good Knowledg Co., Ltd said...

“ချစ်စဖွယ်စာဓလေ့နဲ့
ပျော်မွေ့တဲ့ အညာသူ။
သံယောဇဉ် သားနှစ်ဦး
အထူးကတော့ သူ့အိမ်ကလူကြီး။
ဦစီးတဲ့ မိသားစု ၊ ယခုနှစ်အမှတ်တရ
မွေးရပ်မှာစုံလင်၊ ပျော်ရွှင်ရွှင်ကျင်းပ၊
သတိတရနဲ့၊ ဘလောက်မှာဧည့်ခံ။
အပြန်အလှန်မေတ္တာတွေနဲ့။
အမှတ်တယ အထွေထွေကို၊
မွေးနေ့တေးချို ၊ ခင်မင်စွာဆိုမယ်
ဟတ်ပီးဘတ်သ်ဒေး ခရေညို။ ”

သိင်္ဂါကျော် said...

***Happy Birthday ***
ကြိုပြီးတော့ ဆုတောင်းပေးလိုက်တယ်နော်..

မြန်မြန် မီးမှုတ်တော့... ကိတ်မုန့် စားချင်လှပြီ။

မိုးစက်အိမ် said...

အယ်နောက်တောင်ကျနေပြီ ဘာဖြစ်ဖြစ်ပေါ့ ခင်မင်တာ
အဓိကမဟုတ်လား အဲတော့ ဆုတောင်းပေးရမှာဘဲ ကို့ အစ်မ ကို မွေးနေ့ ရက်မြတ်မင်္ဂလာမှသည် နောင်မွေးနေ့ များစွာတိုင် စိတ်ချမ်းသာ ကိုယ်ချမ်းမာနဲ့ ကောင်းခြင်းအဖြာဖြာ ပြည့်စုံပါစေဗျာ :)

Beauty Studio USA Branded Store said...

မင်္ဂလာရှိသော မွေးနေ့လေးကို ပိုင်ဆိုင်နိုင်ပါစေ ခရေညိုရေ။

Beauty Studio USA Branded Store said...

ကျွေးသမျှလဲ အားပါးတရစားရင်း နောက်ဆက်ဆွဲရေးထားတဲ့ စာတွေပါ ဖတ်လိုက်ဦးမယ်ဗျာ။

Anonymous said...

ကျွေးတာ စေတနာမရှိလို့လား မသိဘူး တချို့ပုံတွေ ဝါးနေတယ်..အဟားဟား။
အသက်ကိုခန့်မှန်းပြောကြည့်မယ်နော်... အိမ်ထောင်နဲပဆိုတော့ ..အင်း..... အနဲဆုံး ၅၀တော့ ရှိမယ်။
မွေးနေ့မှ မဟုတ်ပါဘူး နေ့တိုင်းနေ့တိုင်း ပျော်ရွှင်စွာနဲ့ ဒီလင်ဒီမယား ဒီမိသားစု ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းပေးချင်ပေမဲ့ ကျနော်လိုကောင်မျိုးက ပေးတဲ့ဆု မပြည့်မှာ သေချာတယ်... ဒီတော့ ကိုယ့်ဟာကိုယ်ပဲ ဘုရာ ဆုတောင်းလိုက်နော် သိလား..။
မှတ်ထား အဲဒါ မွေးနေ့မဖိတ်လို့....။

အင်ကြင်း said...

မခရေညိုရေ...
ခရေညို ဆိုတဲ့နာမည်လေးကတကယ်ကို မြန်မာဆန်ပြီးချစ်ဖို့ကောင်းတာပဲနော်...

တော်တော်နောက်ကျနေပေမယ့် မွေးနေ့ပွဲက မုန့်တွေကို အ၀စားသွားပါတယ်နော်..နောက်လူတွေဖို့တော့နည်းနည်းချန်ထားခဲ့တယ်

ခင်မင်တတ်တဲ့
အင်ကြင်း