Tuesday, July 27, 2010

ငါ့အနာဂတ်



မင်းမပါရှိတော့တဲ့ ငါ့အနာဂတ်ဟာ

မီးမလာ/ လမိုက်ညတွေမှာ

စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေရသလိုပါပဲ



မင်းမပါဝင်တော့တဲ့ ငါ့အနာဂတ်တွေမှာ

ဦးတည်ရာမရှိ ဝဲနေတဲ့

လေတံခွန် တစ်စင်းလိုပြုတ်ကျမဲ့ အချိန်ကိုစောင့်နေရသူပါ။



မင်းမရှိတဲ့ ငါ့အနာဂတ်တွေမှာ

ငါဟာ အားအင်ချိနဲ့စွာ ဖြင့်

ဖြတ်သန်းနေရသူပါ

ပြန်မလာတော့မှန်းသိရက်နဲ့

မျှော်လင့်ချက်ကြီးစွာ ရင်မှာပိုက်လို့

စောင့်စားနေသူပါ



မင်းမရှိတော့တဲ့ ငါ့အနာဂတ်တွေဟာ

ဘာဆိုဘာမှ

ရေရာ သေခြာ မှူ့မရှိတော့တာ

ငါအသိဆုံးပါ။

အကောင်းဆုံးသမားတော်ဟာ

အချိန်လို့  မှတ်သားဖူးပေမဲ့

ငါကိုယ်တိုင် တော့ မလိုက်နာနိုင်ခဲ့ဘူး



မင်းမပါဝင်တော့တဲ့ ငါ့အနာဂတ်တွေဟာ

ဘယ်လိုမှ လှပနိုင်မှာ

မဟုတ်တော့ဘူးဆိုတာ အသေအခြာပါပဲ။ ။



ခင်မင်စွာဖြင့်


အညာမှ

ခရေညို

Friday, June 25, 2010

စာမရေးဖြစ်ရသည့်အကြောင်း

အခုတလော စာမရေးဖြစ်ပါဘူး။ အကြောင်းအရင်းကတော့ World Cup 2010 ရဲ့လွှမ်းမိုးမှူ့ကြောင့်ပါပဲ။ ညကျ ဘောလုံးပွဲတွေကြည့် နေ့ခင်းကြရုံးမှာ ငိုက် ဟဲဟဲ။ အခု သီချင်းကတော့ World Cup 2010 ရဲ့ဟော့ဖြစ်တဲ့သီချင်းလေး ပါ။ Shakira ဆိုထားတာပါ ....ခံစားကြည့်ကြပါအုန်းနော်။







Oooeeeeeeeeeeeeeeeehh

You're a good soldier
Choosing your battles
Pick yourself up
And dust yourself off
Get back in the saddle

You're on the front line
Everyone's watching
You know it's serious
We are getting closer
This isn't over

The pressure is on
You feel it
But you got it all
Believe it

When you fall get up, oh oh
If you fall get up, eh eh
Tsamina mina zangalewa
Cuz this is Africa
Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
This time for Africa

Listen to your God
This is our motto
Your time to shine
Don't wait in line
Y vamos por todo

People are raising
Their expectations
Go on and feed them
This is your moment
No hesitations

Today's your day
I feel it
You paved the way
Beleive it

If you get down get up, oh oh
When you get down get up, eh eh
Tsamina mina zangalewa
This time for AfricaTsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
Anawa a a
Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
This time for Africa

(Lady Singing)

Voice: Tsamina mina, Anawa a a
Tsamina mina
Tsamina mina, Anawa a a

Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
Anawa a a
Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
This time for Africa

Django eh eh
Django eh eh
Tsamina mina zangalewa
Anawa a a

Django eh eh
Django eh eh
Tsamina mina zangalewa
Anawa a a

(2x) This time for Africa

(2x) We're all Africa

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Wednesday, May 19, 2010

နောင်တ

နောင်တဆိုတာ နောက်ကျမှသိရတာချည်းပါပဲ။ ကျမလည်းအဲဒီလိုပါပဲ ကျမဘဝအတွက် ပြန်ပြင်လို့မရတော့တဲ့ ကြီးမားတဲ့နောင်တကြီးကို ဘဝတစ်ခုလုံးရင်းပြီးရလိုက်တယ်၊



ကျမ
အဖေနဲ့အမေဟာ ကျမ သုံးနှစ် သမီးလောက်ကတည်းက စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့လို့ အတူတူမနေကြပါဘူး။ တရားဝင် ကွဲကွာထားခြင်းလည်းမရှိပါဘူး။ ဘယ်သူမှလည်း အိမ်ထောင်သစ် ထူထောင်ခြင်းမရှိခဲ့ကြပါဘူး။ ဒီတော့ ကျမတို့ မောင်နှမ

အားလုံးဟာ အမေနဲ့ပဲအတူနေခဲ့ကြပါတယ်။ အမေ့ရဲ့ ကြီးမားတဲ့ မေတ္တာရိပ်အောက်မှာ အဖေကျမတို့နဲ့အတူရှိမနေခြင်းအတွက် အထူးတလည်ဘာမှ မခံစားခဲ့ရပါဘူး။ ပြီးတော့ အဖေနဲ့ကလည်းတစ်မြို့တည်းနေတာဆိုတော့ တွေ့ချင်ရင်သွားတွေ့လိုက်ရုံပဲ။ ဆိုတော့ ကျမတို့မောင်နှမတွေဟာ အမေ့ကိုပိုပြီးတွယ်တာခဲ့ပါတယ်။



ကျမ သုံး နှစ်အရွယ်ကတည်းက အမေနဲ့ပဲအတူနေခဲ့တော့ ကျမစိတ်ထဲမှာ အမေကလည်းအမေ၊

အဖေကလည်း အမေလို့ စိတ်ထဲမှာ အမြစ်တွယ်နေခဲ့တာအခုအချိန်ထိပါပဲ။ ကျမစိတ်အထင် ကျမနဲ့ ကျမထက်၂နှစ်ငယ်တဲ့မောင်လေးဟာ အဖေ့ကို အကြီးတွေ ၁၀ခါသွားတွေ့လို့မှ

တစ်ခါလိုက်မသွားခဲ့ပါဘူး။ ကျမစိတ်ထဲမှာ အမေရှိရင်ပြီးပြည့်စုံတယ်လို့ ယူဆထားလို့ပါ။

ကျမှငယ်စဉ်ကအဖေ့ကို အဖေလို့ ခေါ်ဖူးလား မခေါ်ဘူးလားဆိုတာလည်း မမှတ်မိပါဘူး။

ကျမဟာ အမေနဲ့ပဲ တစ်သက်လုံးအတူနေမယ်လို့ ငယ်စဉ်က ခဏခဏပြောခဲ့ဖူးပါတယ်။



ဒါပေမဲ့ အရွယ်ရောက်လာတော့ သဘာဝတရားကိုမလွန်ဆန်နိုင်လို့ အိမ်ကလူကြီးနဲ့တွေ့ပြီး လက်ထပ်ခဲ့ကြပါတယ် လက်ထပ်ပြီးတော့ အမေ့ကိုမေ့ထားကာ
ယောင်နောက်ဆံထုံးပါဆိုသလို့ လိုက်နေခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး အမေ့ရင်ခွင်နဲ့ဝေးမှန်းမသိဝေးခဲ့ရပါတယ်။

ကလေး ၂ ယောက်ရသည်အထိကျမဟာ အမေ့ကို မေ့ထားဆဲပါပဲ။ ဒီလို့နဲ့ အမေနဲ့ နိုင်ငံခြားတဲ့ ဒီကျွန်းနိုင်ငံလေးကို ယောင်နောက်ဆံထုံးကပါခဲ့ရပြန်တယ်။



အမေက ပြန်ခဲ့စေချင်ပေမဲ့ ဘယ်တော့မှ "သမီးငယ်ရေ ပြန်ခဲ့အုန်း" လို့မပြောခဲ့ပါဘူး။

"သမီး အဆင်ပြေရင် ခဏလောက်အလည်လာခဲ့ပါကွယ် " လို့ဆန္ဒကို မြိုသိပ်ခဲ့တာချည်းပါပဲ။

ဒါကိုပဲ ကျမဆိုတဲ့ သမီးမိုက်က မသိတက်စွာနဲ့ပဲ အမေ့ဆီကို မပြန်ဖြစ်ခဲ့ပါဘူး။ အမေကလည်း နားလည်ပေးခဲ့ပါတယ်။အဲဒီအချိန်တုန်းက ကျမဟာငွေနောက်ကိုလိုက်ကာ အလုပ်တွေကိုမရပ်မနားပဲလုပ်နေခဲ့ပါတယ်။ အမေ့ကို ဖုန်းဆက်တာတို့ ငွေလေးနည်းနည်း

ပါးပါး ကန်တော့တာကလွဲရင် ဘာမှမလုပ်ပေးခဲ့ပါဘူး။



ဒီလို့နဲ့ အမေဟာ ၂၀၀၉ ခုနှစ်နိုဝင်ဘာ ၁၅ ရက်ကဗိုက်ထဲမှာ အလုံးတွေ့လို့ဆိုပြီးဆေး

ရုံတက်ပြီးခွဲစိတ်ကုသခဲ့ပါတယ်။ အဲဒီအချိန်ကျမ ကျမဟာ အမေ့ကိုတွေ့ချင်စိတ်တွေ အရမ်းကိုပြင်းပြခဲ့တယ်။ဒါနဲ့ကျမတို့မိသားတစ်စုလုံး ၂၀၀၉ နိုဝင်ဘာ ၂၇ ရက်မှာ အမေ့ဆီကို

ခွင့် တစ်လယူပြီး ပြန်ခဲ့ကြပါတယ်။ ကျမတို့ ပြန်ရောက်တဲ့အချိန်မှာ အမေဟာခွဲစိတ်ကုသမှု့အောင်မြင်လို့ထူထူထောင်ထောင် နဲ့ ဖြစ်နေပါပြီ။ အဲဒီတော့ ကျမလည်း တစ်လပဲ နေပြီးပြန်ခဲ့ပါတယ်။ အဲဒီလိုပြန်ခဲ့ခြင်းဟာကျမရဲ့ ကြီးမားတဲ့ ဒုတိယ အမှားပါပဲ။ ပထမ အမှားက ကျမဟာ အမေ့ကိုခွဲစိတ်ကုသခဲ့တဲ့ ဆရာဝန် ကြီးနဲ့သွားမတွေ့ခဲ့လို့ပါပဲ။အဲဒီတော့ ရောဂါအခြေအနေကို ဂဃနဏ မသိခဲ့ပါဘူး။ ကျမလေ အမေ့ကို ရိုးရိုးအကျိတ် လို့ထင်ပြီး ဒီကိုပြန်လာခဲ့တယ်။



တကယ်တော့ အမေ
ဟာ အဲဒီအချိန်ကတည်း သားအိမ်ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးကို ခံစားနေရတယ်ဆိုတာ ကျမဟာ အချိန်လွန်မှသိခဲ့ရပါတယ်။တတိယ အမှားကတော့ ကျမရဲ့သားတွေကိုရှင်မပြုပဲ ပြန်ခဲ့လို့ပါပဲ။ အမေဟာ သူ့မြေးတွေကို သူရှိတုန်း ရှင်ပြုပေးစေချင်မှာပဲဆိုတဲ့အတွေးက အလွန်ကိုနောက်ကျသွားခဲ့ပါပြီ။

ကျမအထက်က အကိုတွေ အမတွေဟာ တော်တော့ကို ဟန်ဆောင်ကောင်းခဲ့ကြပါတယ်။

အဲဒီအချိန်ကတည်း ကျမသာမပေါ့ဆပဲဆရာဝန်နဲ့သွားတွေ့ခဲ့ရင် ဒီကိုမပြန်လာပဲ အမေ့ရဲ့နောက်ဆုံးအချိန်မှာ အမေ့နားမှာပဲ နေခဲ့မှာပါ။

ဒီလိုနဲ့ ဒီရောက်ပြီး
သိပ်မကြာခင် ၂၀၁၀ မေလ ၁၄ရက်နေ့မှာ ကျမ ဦးလေးဖြစ်သူက အမေအသည်းအသန် ဖြစ်နေလို့ အမြန်ပြန်ခဲ့ပါ ။အသက်မှီချင်ရင် ချက်ချင်းပြန်ခဲ့ပါလို့ ဖုန်းဆက်တယ်။ အဲဒီအချိန်ကျမှအမေ့ရောဂါ အခြေအနေကို သိလိုက်ရတဲ့ အတွက် ကျမသိပ်ကိုခံစားခဲ့ရပါတယ်။ အမေဟာ သူ့နောက်ဆုံးအချိန်မှာတောင်ကျမစောင့်နေခဲ့တယ်။

ကျမလည်း မေလ 15ရက် နေ့မှာ Silk Air လေကြောင်းနဲ့ပြန်သွားခဲ့ပါတယ်။

အဲဒီနေ့ ညနေမှာပဲကျမရဲ့ဇာတိမြို့ဖြစ်တဲ့ စစ်ကိုင်းကို ရရာကားနဲ့လိုက်သွားခဲ့ပါတယ်။ အရမ်းကိုဝမ်းနည်း စရာကောင်းတဲ့အဖြစ်အပျက်ပါပဲ။ ကျမဟာအမေ့အသက်မှီအောင်ကို အနည်းကြိုးစားနေရပြီ။



(၁၆) ရက်မနက်အစောကြီးပဲ အမေဆီကိုရောက်ခဲ့ပါတယ်။

" အမေ သမီးအလည်လာတယ် အမေ့မြေး အငယ်လည်းပါတယ်လေ" လို့ပြောတော့

ယဲ့ယဲ့လေးပြုံး ပြရှာတယ်။ နောက်နေ့ မေလ ၁၇ရက်နေ့မှာ ကျမရဲ့အမေဟာ ဘာဆိုဘာမှ မသိတော့ဘဲ့  ရောဂါဝေဒနာကို ခံစားနေရရှာတယ်။ နောက်နေ့ မေလ ၁၈ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်မှာ ကျမရဲ့ ကျေးဇူးရှင် မွေးမိခင်ဟာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါတော့တယ်။ ကျမလိုမျိုးအဖြစ်ဆိုး ရင်နာစရာ နောင်တတွေနဲ့မကြုံရလေအောင် အမေရှိစဉ်က ပြုစုပါလုပ်ကြွေးပါ အမေ့ခံစားချက်ကို နားလည်အောင်ကြိုးစားကြပါလို့ အကြံပြုချင်ပါတယ်။

ဒါဟာ ကျမဘဝတစ်ခုလုံးနဲ့ရင်းပြီးမှ ရလိုက်တဲ့ နှောင်းနောင်တတွေပါ။

ကျမရင်ဖွင့်ခံစားချက်များကို ကိုယ်ချင်းစာနားလည် စွာဖြင့် ဖတ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

လူအစစ် နဲ့ အတု

ပြီခဲ့တဲ့စနေနေ့က လျှောက်သွားရင်းနဲ့ ခရေညို စိတ်ဝင်စားမိတဲ့ နေရာလေး တစ်ခုတွေခဲ့တယ်။

အဲဒါနဲ့ ဓာတ်ပုံလေး တွေ ရိုက်ခဲ့တယ်။ ကဲကြည့်လိုက်ပါအုန်း။




ဒီပုံထဲမှာ လူအစစ်ဆိုလို့ ခရေညို့ သားအကြီးတစ်ရောက်ပဲပါတယ်။ သေခြာကြည့်နော် :)




ဒီပုံမှာလည်း ခရေညို အိမ်ကလူ ကြီးရယ်ကလွဲရင် နံရံကပ် ဓာတ်ပုံတွေပဲ။
လူတိုင်း သိပြီးသား ထင်ပါတယ်။ ဒါပေမဲ့ ခရေညိုကတော့ အမှန်တိုင်းဝန်ခံရရင် အဲဒီကိုရောက်ဖူးတာ ပထမဦးဆုံးပါပဲ။
(ဘယ်မှမသွားပဲ အိမ်တွင်းပုံး ကုလားမ လုပ်နေတာလေ။)
ကဲစလုံးမှာ နေတဲ့သူတွေ ဘယ်နေရာလည်း သိလား?


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Monday, May 17, 2010

စင်ကာပူ မှာဗီဇာလျှောက်ရအောင်

အားလုံးပဲ မဂ်လာပါနော်။


"စာရေးမယ်လို့ ကြံရွယ်တိုင်းလည်း
ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့
အခါခါအလီလီ ကြိုးစာပါ၍
ယခုအခါဖြင့် ရေးဖြစ်ခဲ့ပြီ
စာတိုပေစ
ရင်ထဲတွင်မတော့ ရေးဖြစ်ခဲ့လို့
ပျော်ရွှင်ကြည်နူးမိပါတယ်"



ခရေညိုလည်း စာရေမယ် ရေးမယ်နဲ့မရေးဖြစ်ဘူး။ ရေးဖို့ကြိုးစားနေတာတော့ကြာပြီ။

အခုတော့ ရေးချင်စိတ်ကလည်းပြင်းပြနေလို့ စင်ကာပူမှာဗီဇာလျှောက်တဲ့အကြောင်းလေးကို ရေးဖြစ်လိုက်တယ်။ (မသိသေးတဲ့သူများအတွက်သာ :) )



မြန်မာနိုင်ငံက ခရေညို့ အသိဘုန်းကြီးတစ်ပါးက စင်ကာပူ ကိုအလည်လာချင်လို့ ခေါ်စာပို့ပေးပါလို့ ပြောလို့ ခေါ်စာကို လိုအပ်တာတွေဖြည့် လက်မှတ်ထိုးပြီးပို့ ပေးလိုက်တယ်။ဒါနဲ့ အဲဒီဘုန်းကြီးက မြန်မာနိုင်ငံက စင်ကာပူ သံရုံးကိုသွားပြီ ဗီဇာလျှောက်တယ်လေ။ အဲဒီမှာ ပြသာနာကစတွေ့တာ။ သာသနာရေးဝန်ကြီး ဌာန ကထောက်ခံစာလို တယ် အဲဒါပျဉ်းမနားမှာ သွားယူလို့ပြောလိုက်တယ်။ သွားယူရင် ၂ပတ် ၃ပတ် လောက်ကြာမယ်တဲ့ ..



ဒီတော့ဘုန်းကြီးကအဲဒီလောက်ထိစောင့်လို့မရတဲ့အကြောင်းပြောတော့ ဒီကပဲလျှောက်ပေးလိုက်တယ်။ လိုအပ်တာကတော့ ပတ်စပို့ ဓာတ်ပုံ တစ်ပုံ မွေးသက္ကရာဇ်တို့ ကိုယ်ရေးရာဇဝင်တို့ လိုတာပေါ့နော် ဪ ပိုက်ဆံက သုံးဆယ်ဒေါ်လာပေါ့။



ပထမဆုံးလျှောက်မယ်ဆိုရင် User Manual ကိုသေခြာဖတ်ဖို့လိုပါတယ်နော်၊

ကွန်ပြူတာလည်းSetting ပြင်ရပါသေးတယ်။ ပြီးတော့လိုအပ်တဲ့Software တွေလည်း Install လုပ်ရပါတယ်။ (မရှိတဲ့သူအတွက်ပြောပါတယ်) အားလုံးပြည့်စုံပြီဆိုရင် Singpass ကိုသုံးပြီး ဝင်လျှောက်ရပါမယ်နော်။


ဒီမှာဝင်လျှောက်နိုင်ပါတယ်နော်။ (*) ဒီလိုအမှတ်အသားပြထားတာကိုပဲဖြည်ရမှာပါနော်။

ကျန်တာတွေ ဖြည့်စရာမလိုပါဘူးနော်။ တစ်ပတ်ကို ၇ ရက်စလုံးလျှောက်လို့ရပါတယ်။

လျှောက်ပြီးလို့ ၅မိနစ်လောက်ကြာရင် ICA ကသူတို့ လက်ခံရရှိကြောင်းကို မေလ်းပို့ပေးပါတယ်။

နောက်၁၅ မိနစ်လောက်ကြာရင်တော့ ဗီဇာကျတဲ့စာ ဒါမှမဟုတ် မကျဘူးဆိုတဲ့ မေလ်း ကိုလက်ခံရရှိပါမယ်။ ကျတာများပါတယ်။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Thursday, February 25, 2010

အခုတလောနားထောင်ဖြစ်သော သီချင်း

အခုတလော Hoobastank ဆိုထားတဲ့ The Reason ဆိုတဲ့သီချင်းလေးကို နားထဲစွဲနေတယ်။ ခဏ ခဏနားထောင်ဖြစ်တယ်။ ရုံးလည်းဒီသီချင်း ၊ အိမ်မှာလည်း ဒီချင်းပဲနားထောင် ဖြစ်နေတယ်။ ဖုန်း Ringtone ကိုတောင် ဒီသီချင်းလေးပြောင်းထားတယ်။ ဒီသီချင်းရဲ့ အဓိပ္ပာယ် လေးက ကောင်းတယ်လို့ထင်မိတယ်။ ခရေညို က သီချင်းတစ်ပုဒ်ကို ကြိုက်မိပြီဆိုရင် ခဏခဏကို နားထောင်တော့ တာပဲ။ အခုဒီ The Reason ဆိုတဲ့သီချင်းကို သားကြီးတောင် အလွတ်နီးပါးရနေပြီ။ ကဲနားထောင်ကြည့်ကြပါအုန်းနော့။


I'm not a perfect person
There's many things I wish I didn't do
But I continue learning
I never meant to do those things to you
And so I have to say before I go
That I just want you to know

I've found a reason for me
To change who I used to be
A reason to start over new
and the reason is you

I'm sorry that I hurt you
It's something I must live with everyday
And all the pain I put you through
I wish that I could take it all away
And be the one who catches all your tears
Thats why i need you to hear

I've found a resaon for me
To change who I used to be
A reason to start over new
[and the reason is You ]x 4

I'm not a perfect person
I never meant to do those things to you
And so I have to say before I go
That I just want you to know

I've found a reason for me
To change who I used to be
A reason to start over new
and the reason is you

I've found a reason to show
A side of me you didn't know
A reason for all that I do
And the reason is you




ခင်မင်စွာဖြင့်
အညာမှ
ခရေညို

ကိုယ့်အကြိုက်များ

ခရေညို့ကို တိုရင်ချီသူ ဆိုတဲ့ ကြောင်ကလေးက Tag ထားတာ ကိုယ့်အကြိုက်တဲ့။သူရေးခိုင်းတာက အသုံးအဆောင် ဆိုတော့ အစားအသောက်တွေ ကိုတော့ ထည့်မရေးတော့ပါဘူး (တကယ်တော့ကိုယ့်အကြိုက် အစားအသောက် ကိုရေးချင်လို့းP )

ရေးမယ် ရေးမယ်နဲ့ အလုပ်များချင်ယောင်ဆောင်ပြီး မရေးဖြစ်တာ



ခရေညိုက တော့ မိန်းမပီပီ (ဒီနေရာမှာပဲ မိန်းမပီသတာ )အီလက်ထရောနစ်ပစ္စည်းတွေတော့မကြိုက်ဘူး။ ခရေညိုက မိန်းကလေးဆိုတော့
အလှပြင်တဲ့ ပစ္စည်းတွေကိုကြိုက်တယ် (အလှပြင်တာကိုပြောတာမဟုတ်ပါ ခွဲခြားပြီသိစေလိုပါသည် ) အထူးသဖြင့် နှုတ်ခမ်းနီ ဗူးတွေကိုကြိုက်တယ် တခါတလေဆို Expo မှာဈေးချ တယ်ဆိုရင် နှုတ်ခမ်းနီဗူးကိုအဲဒီအထိကိုသွားဝယ်သေးတာ။ အဲလောက်တောင် နှုတ်ခမ်းနီ ဗူးတွေကိုကြိုက်တာ။ပြီးတော့ ခရေညိုတို့ မိသားစုမှာက မိန်းကလေးဆို ခရေညို တယောက်တည်း။ အဲဒီတော့ နှုတ်ခမ်းနီ ဗူးသုံးတဲ့သူက တယောက်တည်း။ ကိုယ်ကလည်း ဆိုးလည်းသိပ်မဆိုးဖြစ်ပါဘူး ဝယ်ပြီးစုထားတာကို ကြိုက်တယ် ။



ပြီးတော့ ဖိနပ်ဆိုရင်လည်း ခရေစီဖြစ်တယ်၊ ဟောင်းပြီးစုတ်ပြတ်နေရင်

တောင် လွှင့်ပြစ်ရမှာနှမြောလို့ သိမ်းထားတာ ဖိနပ်စဉ်မလောက်လို့ အိမ်ကလူကြီးနဲ့ နှောင်ဂျိမ်ပလေးရတာ ခဏခဏပဲ ။ တစ်လကို နှစ်ရံနှုန်း

လောက်ကိုဝယ်လို့ စကားများရတာလဲ အခါပေါင်းမနဲတော့ဘူး။ ရုံးမှာစီးတဲ့ဖိနပ်ဆိုတာလဲ ၅ ရံရှိတယ် အဲလောက်ကိုဖိနပ်ကြိုက်တယ်။ ခရေညို ကိုယ့်အတွက်တင်မကဘူး သားတွေအတွက်ပါကြုံရင်ကြုံသလို ဖိနပ်ဝယ်ပေးလိုက်သေးတယ်။ ခရေညို တို့အမိမြေပြန်တော့ ဖိနပ်တွေကို အိတ်တစ်လုံးနဲ့အပြည့်ပဲ.ဟိုကလူတွေကရောင်းဖို့ လားလို့တောင်အမေးခံရတဲ့အထိပါပဲ။ ဟီး အဲဒီလောက်ကို ကြိုက်တာ။



နောက်အသုံးအဆောင်ကတော့ အိတ်တွေကိုလည်းရမ်းကြိုက်တယ်။ အိတ်ဆိုရင် အကြွေစေ့ ထည့်တဲ့အိတ်ကစပြီး ခရီးဆောင်အိတ်အဆုံးကိုကြိုက်တာ။
တခါတလေဆို ပလတ်စတစ် အိတ်တောင်လှရင် လွင့်မပြစ်ပဲသိမ်းထားတာ။ အဲလိုသိမ်းထားလွန်းလို့ အိမ်ကစတိုခန်းထဲမှာဆို ဖိနပ်တွေ အိတ်တွေနဲ့ ပြည့်နေတာ။ ပြီးတော့ မိန်းမ မပီသစွာနဲ့ပဲ ဖန်စီ ပစ္စည်းတွေဆို လုံးဝ(လုံးဝ) ကိုမကြိုက်ရေးချမကြိုက်။(ဘာမှမဆိုင်ဘူး) ရေးခိုင်းတဲ့သူက ကိုယ့်အကြိုက် ပါဆို :)



တိုရင်ချီတူ
ရေ ကျေနပ်မယ်လို့ထင်ပါတယ်။ နောက်ကျမှ ရေးတဲ့အတွက် ဆောရီးပါ။ အခုလို ခရေညို.ကို ခင်မင်စွာနဲ့ သတိတရ ရေးခိုင်း
တဲ့အတွက် ကျေးဇူးပါ။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို