Thursday, February 25, 2010

ကိုယ့်အကြိုက်များ

ခရေညို့ကို တိုရင်ချီသူ ဆိုတဲ့ ကြောင်ကလေးက Tag ထားတာ ကိုယ့်အကြိုက်တဲ့။သူရေးခိုင်းတာက အသုံးအဆောင် ဆိုတော့ အစားအသောက်တွေ ကိုတော့ ထည့်မရေးတော့ပါဘူး (တကယ်တော့ကိုယ့်အကြိုက် အစားအသောက် ကိုရေးချင်လို့းP )

ရေးမယ် ရေးမယ်နဲ့ အလုပ်များချင်ယောင်ဆောင်ပြီး မရေးဖြစ်တာ



ခရေညိုက တော့ မိန်းမပီပီ (ဒီနေရာမှာပဲ မိန်းမပီသတာ )အီလက်ထရောနစ်ပစ္စည်းတွေတော့မကြိုက်ဘူး။ ခရေညိုက မိန်းကလေးဆိုတော့
အလှပြင်တဲ့ ပစ္စည်းတွေကိုကြိုက်တယ် (အလှပြင်တာကိုပြောတာမဟုတ်ပါ ခွဲခြားပြီသိစေလိုပါသည် ) အထူးသဖြင့် နှုတ်ခမ်းနီ ဗူးတွေကိုကြိုက်တယ် တခါတလေဆို Expo မှာဈေးချ တယ်ဆိုရင် နှုတ်ခမ်းနီဗူးကိုအဲဒီအထိကိုသွားဝယ်သေးတာ။ အဲလောက်တောင် နှုတ်ခမ်းနီ ဗူးတွေကိုကြိုက်တာ။ပြီးတော့ ခရေညိုတို့ မိသားစုမှာက မိန်းကလေးဆို ခရေညို တယောက်တည်း။ အဲဒီတော့ နှုတ်ခမ်းနီ ဗူးသုံးတဲ့သူက တယောက်တည်း။ ကိုယ်ကလည်း ဆိုးလည်းသိပ်မဆိုးဖြစ်ပါဘူး ဝယ်ပြီးစုထားတာကို ကြိုက်တယ် ။



ပြီးတော့ ဖိနပ်ဆိုရင်လည်း ခရေစီဖြစ်တယ်၊ ဟောင်းပြီးစုတ်ပြတ်နေရင်

တောင် လွှင့်ပြစ်ရမှာနှမြောလို့ သိမ်းထားတာ ဖိနပ်စဉ်မလောက်လို့ အိမ်ကလူကြီးနဲ့ နှောင်ဂျိမ်ပလေးရတာ ခဏခဏပဲ ။ တစ်လကို နှစ်ရံနှုန်း

လောက်ကိုဝယ်လို့ စကားများရတာလဲ အခါပေါင်းမနဲတော့ဘူး။ ရုံးမှာစီးတဲ့ဖိနပ်ဆိုတာလဲ ၅ ရံရှိတယ် အဲလောက်ကိုဖိနပ်ကြိုက်တယ်။ ခရေညို ကိုယ့်အတွက်တင်မကဘူး သားတွေအတွက်ပါကြုံရင်ကြုံသလို ဖိနပ်ဝယ်ပေးလိုက်သေးတယ်။ ခရေညို တို့အမိမြေပြန်တော့ ဖိနပ်တွေကို အိတ်တစ်လုံးနဲ့အပြည့်ပဲ.ဟိုကလူတွေကရောင်းဖို့ လားလို့တောင်အမေးခံရတဲ့အထိပါပဲ။ ဟီး အဲဒီလောက်ကို ကြိုက်တာ။



နောက်အသုံးအဆောင်ကတော့ အိတ်တွေကိုလည်းရမ်းကြိုက်တယ်။ အိတ်ဆိုရင် အကြွေစေ့ ထည့်တဲ့အိတ်ကစပြီး ခရီးဆောင်အိတ်အဆုံးကိုကြိုက်တာ။
တခါတလေဆို ပလတ်စတစ် အိတ်တောင်လှရင် လွင့်မပြစ်ပဲသိမ်းထားတာ။ အဲလိုသိမ်းထားလွန်းလို့ အိမ်ကစတိုခန်းထဲမှာဆို ဖိနပ်တွေ အိတ်တွေနဲ့ ပြည့်နေတာ။ ပြီးတော့ မိန်းမ မပီသစွာနဲ့ပဲ ဖန်စီ ပစ္စည်းတွေဆို လုံးဝ(လုံးဝ) ကိုမကြိုက်ရေးချမကြိုက်။(ဘာမှမဆိုင်ဘူး) ရေးခိုင်းတဲ့သူက ကိုယ့်အကြိုက် ပါဆို :)



တိုရင်ချီတူ
ရေ ကျေနပ်မယ်လို့ထင်ပါတယ်။ နောက်ကျမှ ရေးတဲ့အတွက် ဆောရီးပါ။ အခုလို ခရေညို.ကို ခင်မင်စွာနဲ့ သတိတရ ရေးခိုင်း
တဲ့အတွက် ကျေးဇူးပါ။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

5 comments:

ရွက်လွင့်ခြင်း said...

အမရေ ရွာကို ဖိနပ်တွေ အိတ်တစ်လုံးစာ သယ်သွားတာ ပြောစရာဖြစ်ရော
း)

ရွှေရတုမှတ်တမ်း said...

လမ်းမှာ..အိပ်အကြီးကြီးလွယ်..အသေးလေးကိုင်..
ဘိနပ်ကို ဘယ်တဖက်ညာတဖက်မတူတာစီး..
နှုတ်ခမ်းနီတွေဆိုးထားတဲ့သူတွေ့ရင်..သေချာပေါက် မယ်ခရေပဲ

Unknown said...

မခရေ... တက်စ်ပို့ရေးပို့လို့ ကျေးဇူးတင်ပါတယ်ဗျာ။ ဒီလောက် ဖိနပ်တွေများနေပုံဆို မြန်မာပြည်ရောက်ရင် အလှူအိမ်သွားစားလဲ စိတ်ပူစရာမလိုတော့ဘူးပေါ့နော့.. အဟီး... :P ပီတော့ အိတ်တွေကလည်း အများကြီးဆိုတော့ အိတ်ဖောင်းရင် တားတားတို့အပေါ် စိတ်မပြောင်းရဘူးနော်.. :D အကြိုက်ဆုံးတွေထဲမှာ နောင်ဂျိန်းပလေးပလေးနေတဲ့ အိမ်ကလူကြီးကော မပါဘူးလား ခင်ညာ... ဟိဟိ.. ခင်မင်စွာနဲ့ နောက်သွားပါသည်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အိမ်ကလူကြီးနဲ့ နှောင်ဂျိမ်ထပ်ပြီး ပလေး ရတော့မယ် ထင်တယ်..... ကိုယ့်အကြိုက်များထဲမှာ သူ မပါလို့ လေ... :) :).. သိပြီးသား ဖြစ်မှာပါ.. :) :)...

အကြွေစေ့ ထည့်တဲ့ အိပ် အဟောင်းလေးများ ရှိရင် စွန့်ပါလားဗျာ...

ခင်မင်စွာဖြင့်
ကိုမျိုး

~ဏီလင်းညို~ said...

မခရေညိုရေ....
ဟုတ်ပ...
ကိုယ့်အကြိုက်ဆိုပြီး... အိမ်ကလူကြီးကျတော့ ထည့်မရေးဘူး....။
အစ်ကိုကြီးစိတ်ဆိုးနေဦးမယ်....ဟိဟိ...း))
ခင်မင်တဲ့
ဏီလင်းညို