Monday, October 26, 2009

ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်

ကိုအောင်သာငယ် က Tag ထားတာ ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်တဲ့။

တကယ်တော့ လူ့ဘဝဆိုတာ ရခဲပါတယ် ဘာကောင်းမှူ့ မှမလုပ်ရသေးခင်

ကမ္ဘာကြီး ပျက်သွားရင် နောက်ဘဝမှာ ဘာဖြစ်မလဲ?

လူမှပြန်ဖြစ်ပါအုန်းမလားလို့တွေးပူမိလာတယ် ငါဘာဖြစ်မလဲ?

သားလေးတွေအတွက် မိဘအတွက် လုပ်ပေးသင့်တာတွေ အများကြီးရှိသေးပါလား

ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ်ဆိုတဲ့ အတွေးတွေဝင်လာတယ်။

ဒီအတွေးတွေ ဝင်လာအောင် Tag လိုက်တဲ့ ကိုအောင်သာငယကို ကျေးဇူးတင်ပါတယ်နော်



၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..



အတူရှိနေချင်တာကတော့ ကျမရဲ့ သားလေး နှစ် ယောက်ရယ် အိမ်ကလူကြီး နဲ့ ကျမရဲ့ မိဘတွေပဲ ဖြစ်ပါတယ်။သူတို့တွေက ကျမဘဝရဲ့ အခန်းတွေမှာ အရေးကြီးတဲ့ နေရာတွေကနေ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင် ပေးခဲ့ကြပါတယ်။


၂။ဘာတွေခံစားနေရမလဲ..



ဘာတွေခံစားနေမလဲ ဆိုတော့ သေခြာမသိသေးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကမ္ဘာ ပျက်တာကို ကျမတခါမှ မခံစားဘူးတော့ အတွေ့
အကြုံမရှိ သေးလို့ပါ။

အတွေ့အကြုံ ရှိသွားရင်တော့ ကျမခံစားရတာတွေကို ပြောပြနိုင်မှာပါ။



၃။ ဘာတွေပြင်ဆင်ထားမလဲ



အမိမြေကို အရင်ဦးဆုံး ကျမမိသားစုနဲ့တကွ ပြန်နေပါမယ်။ ကျမရဲ့သား လေးတွေကိုလည်း ဘုရားစာတို့ မြန်မာ့ဓလေ့ ချစ်စရာ ကဗျာလေးတွေကို
လည်း သင်ပေးထားမယ်။

ပြီးတော့ သူတို့လေးတွေကို မြန်မာနိုင်ငံ အနှံ့ လိုက်ပို့ထားမယ်။

တော်ကြာကမ္ဘာ ပျက်သွားရင်မ ရောက်ဖူးပဲနေမှာဆိုးလို့။



၎။ ၀မ်းနည်းမိမှာက




ဝမ်းနည်ဲးမိမှာကတော့ ကျမသားလေး တွေ အရွယ်မရောက်ကြသေးတာကြောင့် အလှူမလှူ ရသေးလို့ ပြီးတော့ ချဉ်ပေါင်ကြော် နဲ့ထမင်းမစား လိုက်ရမှာကို ...ဟိ.. . ..



၅။ကြောက်လန့်မိတာက..



တကယ် ကမ္ဘာ ပျက်မယ်ဆိုရင်တော့ လူတိုင်း ကြောက် လန့်ကြမှာမလွဲမသွေပဲ။ လူတိုင်းသေချင်ကြမှာမဟုတ်ပါဘူး သေရတော့မယ်လို့ ကြိုသိ

နေရင် သွေးပျက်မတက် ကြောက်နေကြမှာပဲလေ ပြီးတော့ ကျမရဲ့သားလေးတွေကို အဲဒီလိုအဖြစ်ဆိုးကြီး တွေ့ရင် ခံနိုင်ရည်ရှိကြပါ့မလားဆိုတာကိုတွေးပြီး ကြောက်လန့်မိတယ်



၆။ဆောင်ထားချင်တာ..



ဆောင်ထားချင်တာကတော့ ရေနဲ့ စားစရာတွေပေါ့။ ကျမရဲ့သားလေးတွေ အစာရေစာပျက်မှာစိုးလို့ပါ။ ပြီးတော့ တစ်နေရာနဲ့ တစ်နေရာ ဆက်

သွယ်လို့ရနိုင်တဲ့ ဆက်သွယ်ရေးကရိယာ တစ်ခု ( ဘာပဲဖြစ်ဖြစ်ပေါ့)



၇။ဘာတွေရေးမိမလဲ..



သားလေးတွေအတွက် ပူပင်သောကရောက်နေရတာနဲ့ရေးချိန်တောင်ရမှာမဟုတ်ပါဘူး။
ဪ ဒါပေမဲ့ ကမ္ဘာပျက်သွားတဲ့ ရက်စွဲလေးကိုတော့ ရေးချင်သား။



ဂ။တွေးမိတွေးရာ အတွေး



ပြေးလို့မလွတ်နိုင်မှန်း သိရက်နဲ့ ဘယ်နေရာကိုပြေးလို့ လွတ်နိုင်မလဲလို့ တွေးနေမိမှာပါ ။

၉။ဂုဏ်ယူချင်တာက



ကမ္ဘာကြီးပျက်တာကို ကိုယ်တိုင် ကိုယ်ကျ တွေ့မြင်လိုက်ရလို့ ………………….

ငါကွ………….




၁၀။ရှာကြံဖြေသိမ့်မိတာက



မိဘအတွက် သမီးဆိုး တစ် ယောက်၊ သားတွေ အတွက် မိခင်ဆိုးတစ်ယောက်၊ ခင်ပွန်းအတွက် ဇနီးဆိုး တစ်ယောက်၊ အမိမြေအတွက် လူ
ယုတ်မာ တစ်ယောက်မဟုတ်ခဲ့တဲ့အတွက်။

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း



အမလေး…………… ဟာသွားပါပြီ …………………..



ကိုအောင်သာငယ် ရေ ကျေနပ်မယ်ထင်ပါတယ်နော် အခုလို သတိတရ နဲ့ ရေးခိုင်းတဲ့အတွက် ကျေးဇူးပါ။



ကဲ ကိုယ့်အလှည့် တော့ပြီးသွားပြီ ။ ကိုယ်ပြီးတော့ သူများ အလှည့်


၁။ အညာသား ကိုမျိုး


၂။ ဖြူတုတ်လေး


၃။ ကိုစည်သူ


၎။ တလနွန်


၅။ရှောက်သီးနဲ့ဂေါက်သီး



သူတို့တွေဘယ်လို
ကမ္ဘာပျက်ကြမလဲဆိုတာ စပ်စုချင်ပါသေးတယ်ရှင်။



ခင်မင်စွာဖြင့်


အညာမှ


ခရေညို

14 comments:

တလနွန် said...

ဒီပိုစ့်လေးဖတ်ပြီး သားသမီးတွေအပေါ်ထားတဲ့ မခရေညို ရဲ့ မေတ္တာကို လေးစားရပါတယ်။ သားအတွက် ဆိုတဲ့ စေတနာဖိတ်လျံနေတာကို ကြည့်ရင်း မမြင်ဖူးတဲ့ တူငယ်လေးအတွက် ဝမ်းသာမုဒိတာပွားပါတယ်။
တော့ပစ်နဲ့  လွဲချင်လွဲနေမယ်နော် :) ။ ကမ္ဘာကြီးပျက်တော့မယ်အောက်မှာ ပါလာတဲ့စာသားလေးအတွက် ပိုခံစားမိဖြစ်မိလို့ ......

အစ်မရေ တဂ်ထားတာလေး ရေးပါ့မယ်နော်။

ခင်လျက်
တလနွန်

ဂေါက်သီးနဲ့ရှောက်သီး said...

အမလေးနော်။လုပ်ချလိုက်ပြီ အမတို့ကတော့ အခုကမ္ဘာပျက်နေပြီ....:D

ဂျပန်ကောင်လေး said...

ဝမ်းနည်းမိမှာက ချဉ်ပေါင်ကြော်မစားရလို့တဲ့.. အဟင့်.. ကျနော်ကတော့ ကမ္ဘာမပျက်သေးပေမယ့် ချဉ်ပေါင်ကြော်က ငတ်နေတယ်...း(

Waing said...

ကမ္ဘာကြီးများပျက်ခဲ့မယ်ဆိုရင်တောင် မိသားစုစိတ်ဓါတ်အပြည့်အ၀ ရှိနေသေးတဲ့ မခရေရဲ့ စိတ်ဓါတ်ကို ချီးကျူးမိပါတယ်။ ပျော်ရွှင်နိုင်ပါစေ မ

ATN said...

အရေးထဲမှာ ချဉ်ပေါင်ကြော် မစားလိုက်ရမှာ စိုးလို့-တဲ့...
မိခရေရယ်... ခက်ထှာ...
အင်း... ကမ္ဘာပျက်တာကို ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရလို့ ဂုဏ်ယူနေမယ့် မျက်နှာကြီးကိုလည်း မြင်ယောင်နေမိသေး...
(ကြောက်ကြောက်နဲ့ ရှုံ့မဲ့မဲ့ကြီး ဖြစ်နေမယ် ထင်တယ်...း)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ...

ခရေညို တို့ Tag လို့ကတော့ ကမ္ဘာကြီးပျက်သည် အထိ ရေးနေမယ်... ဟိ..ဟီး..
အခုလို သတိတရနဲ့ Tag လို့ ကျေးဇူးပါ...


ခင်မင်စွာဖြင့်
အညာမှ ကိုမျိုး

မိုးစက်အိမ် said...

စိတ်ချပါအမရ ကမ္ဘာမပျက်ပါဘူး ပျက်ရင်လည်း ပြေးမနေနဲ့ အချိန်ကုန်ပါတယ် အေးအေးဆေးဆေး
လေးသာငြိမ်သက်နေလိုက်ကြတာပေါ့  . . . ထွက်ပြေး
လည်းလွတ်မှာ မဟုတ်တာကြီး နော့ဗျာ . . .

Myanmar Good Knowledg Co., Ltd said...

ခရေညိုရေ
ကမ္ဘာကြီးပျက်တော့မယ်ဆိုရင် ခေါင်းစဉ်ကြီးနဲ့ ခေါင်းစဉ်လေးတွေခွဲရေးထားတာ စိတ်ဝင်စားစရာကောင်းသလို၊ ကမ္ဘာကြီးပျက်တောင် မပျက်နိုင်တဲ့ ခရေညိုရဲ့မေတ္တာစိတ်နဲ့ ရက်စွဲလေးတော့ ရေးသွားမယ်ဆိုတဲ့ စာရေးတာကို ၀ါသနာပါတဲ့ စိတ်ကလေးကိုတွေ့ရတာ တကယ်ကြည်နူးစရာပါပဲ။ (ကမ္ဘာကြီးပျက်မှာကို တော့ မလိုလားပါဘူး)

thawzin said...

ကမ္ဘာကြီးပျက်တာ မကြုံဖူးတဲ့သူမရှိပါဘူးဗျာ။ ဘာလို့လဲဆိုတော့ အခုချိန်ထိ ကျွန်တော်တို့တွေမှာ လက်ဆုပ်လက်ကိုင်ပြရမယ့် အသိတရားတွေ မရှိကြလို့ပါ။ ပြီးတော့ သားအတွက်ပူရ၊ ယောက်ျားတွေအတွက်ပူရနဲ့ အစ်မကြီးရဲ့ ရေးသားချက်တွေက အမလေးတချင်စရာ။ ကမ္ဘာပျက်တာအမလေး မတနိုင်ပါဘူး။ ကိုယ်တယောက်တည်း သေမှာမှမဟုတ်တာနော့်။ ဒီတခါ ကျွန်တော့်မပါလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကိုသာရေးခိုင်းရဲ့ အစ်မကြီးရေးသားချက်တွေရဲ့ ဆန့်ကျင်ဘက်တွေဖြစ်သွားမယ်။ ကမ္ဘာကြီးပျက်တာမပျက်တာ မသေချာပါဘူး။ သေဖို့အချိန်က ရော့ရော့လာတယ်ဆိုတာက သေချာတယ်ဗျ။ မြန်မာနိုင်ငံကိုတော့ ကလေးတွေကို အရောက်ပို့ပေးပါ။ ပြီးတော့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်လေးဖြစ်အောင်တော့ သွန်သင်ပြပေးဖို့ တိုက်တွန်းတောင်းဆိုပါရစေ။ အစ်မကြီးက ဗုဒ္ဓဘာသာမိုလား။ ဘာသာခြားဆိုရင်တော့ ဆေားရီးနော်။ ကမ္ဘာကြီးပျက်ဖို့ မတွေးပဲ သေရမယ့်အရေးပိုပြီး တွေးစေချင်ပါတယ်။ ဒါလေးက စေတနာစကားနဲ့ပါ။

pandora said...

သားသမီးအပေါ်မှာ ထားတဲ့ မိခင်မေတ္တာပေါ့။
ပျော်ရွှင်အေးချမ်းပါစေ မခရေညို

ဖြူတုတ်လေး said...

မခရေညိုလို အမေမျိုးရတာ အရမ်းကံကောင်းပါတယ်။ မိခင်စိတ်အပြည့်ပဲ။

Ooooooooooooo ဒီTag ကနဲနဲ Heavy ဖြစ်တယ်။ ဖြူတုတ်ကို အချိန်နဲနဲ ပေးပါ။ Blog ရွာလည်ပြီး စနည်းနာလိုက်ပါဦးမည်။ ဟီးဟီး

ဖြူတုတ်ကို ယခုလို ခင်မင်တာ ကျေးဇူးပါ။

ကိုလူထွေး said...

မိဘအတွက် သမီးဆိုး တစ် ယောက်၊ သားတွေ အတွက် မိခင်ဆိုးတစ်ယောက်၊ ခင်ပွန်းအတွက် ဇနီးဆိုး တစ်ယောက်၊ အမိမြေအတွက် လူယုတ်မာ တစ်ယောက်... ဆိုလို့ တကယ်လားလို့...း)

ရေတမာ said...

မိခင်မေတ္တာအစွမ်းတွေ ကမ္ဘာကိုတောင် လွှမ်းလောက်ပါတယ်ဗျာ

WWKM said...

သားလေးနှစ်ယောက်ရှိတာ အခုမှသိတယ်.း)