Wednesday, October 14, 2009

ကျမနှစ်သက်သော အမျိုးသားများ

ဖြူတုတ်လေး tag ထားတာ ကျမနှစ်သက်သောအမျိုးသားများတဲ့။ ကျမနှစ်သက်တဲ့ အမျိုးသားတွေကတော့အများကြီပဲ ( ဟီ ဟိ) ။အဲဒီထဲကမှ ကျမ အထင်ကြီး ပြီး နှစ်သက်တဲ့

အမျိုးသားတွေကို ရွေးချယ်လိုက်ပါတယ်နော် ။


ကျမအထင်ကြီး ပြီးနှစ်သက်တဲ့ အမျိုးသားတွေကတော့


၉ တန်းနှစ်က ကျမတို့ကို Bio သင်ပေးတဲ့ ဆရာကြီး သူ့နာမည် ဦးသိန်းထွန်းဝင်း တဲ့။

တကယ်တော့ Bio ဘာသာရပ်ကို ကျမသင်ခဲ့ရတာကတော့ ၈တန်း နှစ်ကစပြီး သင်ခဲ့ရတာပါ။

၈ တန်းနှစ်က Bio ဘာသာရပ်ကို အရမ်းကြောက်ပါတယ်။ စိတ်လည်းမဝင်စား ခဲ့ဘူး။

၉ တန်းနှစ်ကျ တော့ ဆရာကြီး ဦးသိန်းထွန်းဝင်း ကသင်ပြပေးပါတယ်။ ဆရာကြီး ရဲ့ ပုံဆံက

ခပ်တည်တည် နဲ့ ပြီးတော့ နှုတ်ခမ်းမွေးကြီး တကားကားနဲ့။ သူကစာအသင်အပြ ကောင်းသလို စည်းကမ်းလည်း ကြီးပါတယ် ။ ၉ တန်းနှစ်ကစပြီး ကျမဟာ Bio ဘာသာရပ်ကို စိတ်ဝင်စားလာပြီး မကြောက်တော့တာပါ။ တိုတို ပြောရရင် ကျမနှစ်သက်မိသော အမျိုးသားတွေ ထဲက

တစ်ယောက်ကတော့ ဆရာကြီး ဦးသိန်းထွန်းဝင်း ပါ။

သူ့ဓာတ်ပုံ မရှိလို့ မတင်ပေးနိုင်ပါဘူးရှင်။


နောက်တယောက်ကတော့ နိုင်ငံကျော် အဆိုတော် လေးဖြူ ပါ။ သူအသံ ကပြာတာတာ ဩရှရှလေးပါ .........................

ဒါပေမဲ့ ပြောလောက် အောင်လည်းမကောင်းဘူး ဆိုတာ လူ တိုင်းသိကြမှာပါ ဒါပေမဲ့ သူကသီချင်းအရမ်း ဆိုတတ်တယ်လို့ထင်ပါတယ် ရှင် ။

ကျမကသူ ကိုအရမ်းနှစ်သက်ပါတယ်ရှင် ။





နောက်တစ်ယောက် ကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့စာရေးဆရာ တာယာမင်းဝေ ပဲ ဖြစ်ပါတယ်ရှင်။ သူ့စာတွေ ဖတ်ရတာ ကျမအတွက် ဗဟုသုတတွေ ခံစားမှူ့တွေ အများကြီး ရပါတယ်ရှင်။ ဒီနေ့ခေတ် စာရေးဆရာ တွေ ထဲမှာ သူ့ကို ကျမအရမ်းနှစ်သက်ပါတယ်ရှင်။

နောက်တစ်ယောက်ကတော့ David Beckham ပဲဖြစ်ပါတယ် သူက အရမ်းတော်တဲ့ဘောလုံးကစားသမားတဦးဖြစ်သလို Style နဲ့ ရုပ်ရည်ရှိသူတစ်ဦး

ဖြစ်ပါတယ် ရှင်….. သူလည်းပဲ ကျမနှစ် သက်တဲ့ အမျိုးသားတစ်ဦး ဖြစ်ပါတယ်ရှင်။






နောက်တစ်ယောက်ကတော့ Will Smith ပဲဖြစ်ပါတယ် သူက သူတို့လူမည်းတွေရဲ့ မကျေနပ်ချက်တွေကို သီချင်းလုပ်ဆိုလေ့ရှိ ပြီး ရုပ်ရှင်ဇာတ် ကား အတော်များများလည်း ရိုက်ကူးထားပါတယ်။

သူ့ကိုလည်း ကျမအရမ်းပဲ နှစ်သက်ပါတယ်ရှင်။




အခုနောက်ဆုံး တစ်ယောက်ကတော့ ကျမရဲ့ အိမ်ကလူကြီးပဲ ဖြစ်ပါတယ်ရှင် ။သူကစိတ်တိုတယ် ရုပ်ဆိုးတယ် အသာမည်းတယ် အအိပ်ကြီးတယ် အိပ်ရင်လည်းဟောက်တယ် အစားကြီးတယ်

ဆရာလည်း အားကြီးလုပ်တယ် ။ (အဲဒါတွေ ရဲ့ ဆန့်ကျင်ဘက် )

သူ့ကိုလည်း ကျမ အရမ်းနှစ်သက်ပါတယ်ရှင်....................။

သူ့ဓာတ်ပုံကိုတော့ မတင်တော့ဘူးနော်။ ဟိ ::))

ညီမလေးဖြူတုတ်ရေ ကျေနပ်ပါနော်.... အခုလို ခရေညိုကို သတိတရ ရှိတဲ့အတွက်

ကျေးဇူး အထူးစပါယ်ရှယ် တင်ပါတယ်နော်......... ။

ခရေညို လည်းနောက်ထပ် ရေးခိုင်းချင်ပါသေးတယ်နော် ။ နှင်းဆီပန်း ချစ်တဲ့ကောင်းမလေး ညီမလေးနွေးနေခြည်ညီမလေး ဇူးဇူး တို့တွေ ဘယ်သူ့တွေကို နှစ်သက်ကြတယ်ဆိုတာကိုလည်း သိချင်ပါသေးတယ်ကွယ် ။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

10 comments:

နွေးနေခြည် said...

မမရက်စက်တယ်...း)

ဖြူတုတ်လေး said...

ကျေးဇူးအရမ်းတင်ပါတယ် မခရေညို။ ရေးတဲ့ပုံစံလေးကို ဖြူတုတ် သဘောကျတယ်။
ဝေးဟေးဟေး... ဖြူတုတ်နဲ့ ကြိုက်တာ တစ်ယောက်တူတယ်။
လေးဖြူရဲ့ သီချင်းအချို့ကို ဖြူတုတ်နှစ်သက်ပါတယ်။
Beckham ကိုလဲကြိုက်ပါတယ်။ ဒါပေမဲ့ Baggioနဲ့တူတူမကြိုက်နိုင်လို့။ ဟီး

မေလေး said...

ရက်စက်ပါ့စ်စ်စ်
ဟင့်
ရေးရမှာပေါ့လေ
ချစ်လို့တက်ခ့်တာဘဲနော့
ရေးမယ်နော်
လာမယ်
မကြာပါဘူးး

Anonymous said...

မြင့်မြတ်တဲ့ယောက်ျားတွေလို့တော့ မပြောလိုပါဘူး။ ခေတ်လူငယ်တစ်ယောက်အမြင်နဲ့ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ယောက်ျားသားကောင်းတွေပါဗျာ။ ဒေးဗစ်ဘက်ခမ်းကတော့ လေးစားပါတယ် မိန်းမ မရှုပ်လို့ကို လေးစားတာပါ။ လေးဖြူကတော့ အဆိုတော်တွေထဲမှာတော့ ပါရမီအသံရှင်ပြောရမလား။ သူ့အသံကို လိုက်တုလို့ မလွယ်ဘူးဗျာ။ အိမ်ကလူကြီးကတော့ အားလုံးထက်သာမှာပေါ့။ သူက အိမ်မှာတောင် ရောက်နေတာပဲ နော့်။

Myanmar Good Knowledg Co., Ltd said...

ခရေညိုတို.များ၊ ရေးတတ်လိုက်ပုံက၊ အဖွင့်ကို ဆရာကြီးအကြောင်းတဲ.တဲ.ရေးပြီးစတယ်။ အပိတ်ကို အိမ်ကလူကြီးအကြောင်းပြောင်းပြန်တွေရေးပြီးအဆုံးသတ်ထားတယ်။ အလယ်ကို နိုင်ငံကျော်။ကမ္ဘာကျော်တွေအကြောင်း ဓါတ်ပုံကြီးတွေနဲ. သယ်ထားတယ်။ ကျွန်မလည်းဘယ်လိုကော်မန်.ပေးရမလဲဆိုတာလောက်တော့သိပါတယ်နော်။ ဒီလိုဆိုရလား →
“ အလယ်ကလူတွေအားလုံးကို ကျွန်မလည်းကြိုက်ပါတယ်။”

မယ့်ကိုး said...

အယ် မရေ....မ နှစ်သက်တဲ့ အမျိုးသားတွေ (မရဲ့ အိမ်ဦးနတ်ကလွဲရင် :P ) ကို အကုန်နှစ်သက်ပါတယ်။

ကိုလူထွေး said...

(အဲဒါတွေ ရဲ့ ဆန့်ကျင်ဘက် ) ဆိုတဲ့ စာတန်းကို ဖတ်လို့မရဘူးဖြစ်နေတယ်... အပေါ်ကရေးထားတာတွေကိုပဲ အတည်ယူလိုက်တယ်ဗျာ...

ဟားဟား...

Waing said...

မခရေရေ...အကြိုက်ချင်းတူတယ် အဲ...တစ်ယောက်ပဲ လေးဖြူတော့ မကြိုက်ဘူး
သူ့သီချင်းတွေတော့ နားထောင်ဖြစ်ပါတယ် တက်ဂ်ဂိမ်းလေးတွေနဲ့ အမြဲပျော်ရွှင်နိုင်ပါစေနော်
ခင်လျက်
ဝိုင်း

မိုးစက်အိမ် said...

ဘက်ခမ်းကြီးတော. ကြိုက်တယ်ဗျာ သူ free kick ကန်ခါနီး လူတွေက
မတ်တပ်တွေ ထရပ်ကြည့်တာ တော်တော်သဘောကျတယ် :P

Anonymous said...

အိမ်ကလူကြီးက အဲလိုလားလို့ တွေးတုန်းရှိသေးတယ်.. အဲဒါတွေရဲ့ ဆန့်ကျင်ဘက်ဆိုတော့မှ ဟားဟား... တော်သေးတာပေါ့ သူသာဒီစာဖတ်မိလို့ရှိရင် အရိုက်ခံရတော့မှာပဲလို့တောင် တွေးပူနေတာ.. ဟားဟား