Monday, January 4, 2010

နောင်လာမယ့် ၅ နှစ်မှာ....

ချစ်သော မမဝါ ကခင်မင်စွာ နဲ့ Tag ထားတာပါ။ မမဝါ တက်ဂ် ထားတာကို နောက်ကျမှသိတဲ့အတွက် နောက်ကျမှ ရေးလိုက်တာပါ (စိတ်ဆိုး ရဘူးနော်)


1.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ…………


ခရေညို နောက် ၅ နှစ်မှာ သေခြာတာကတော့ စလုံးမှာရှိနေ အုန်းမှာပါပဲ။

ခရေညို လုပ်ချင်တဲ့ ကိုယ်ပိုင်စီးပွါး ရေးက ဒီမှာမလုပ်ချင်ပါဘူး။

ခရေညိုက အမိမြေမှာပဲ ခြံအကျယ်ကြီးတွေဝယ်။ ပြီးတော့ လူတွေ ငှါးပြီး သီးပင်စားပင်တွေစိုက်ခိုင်းမယ်။စိုက်ပြီးတော့ စလုံးကိုသွင်းမယ်။

ခရေညိုက ဒီမှာရုံးထိုင်မယ် ဒီမှာလိုအပ်တဲ့ဝန်ထမ်းတွေကိုလည်း မြန်မာကပဲ ခေါ်မယ်။

နေရာကတော့ မေမြို့ လိုတောင်ပေါ်မြို့ လေးပေါ့။

စိတ်ချရတဲ့ မန်နေဂျာတစ်ယောက်ကတော့မဖြစ်မနေလိုတာပေါ့နော်
ဒါမှ စလုံးကနေ လိုအပ်တာတွေကို ညွှန်ကြားနိုင်မှာပေါ့။

အခု ကိုယ်ကသူများ ညွှန်ကြားတာကိုလုပ်နေရတာဆိုတော့ နောင် ၅ နှစ်မှာ ကိုယ်ကသူများတွေကို ညွှန်ကြား ချင်လို့။ (စိတ်ကူးယဉ်တာပါ ဟိ)

ခရေညို ကိုယ်ပိုင်လုပ်မှာဆိုတော့ ပြန်ချင်တဲ့ အချိန်ပြန်ရအောင်လို့ ကိုယ်ပိုင် လေယာဉ် တစ်စီးတော့ ဝယ်ထားရမှာပေါ့ ဟိ (စိတ်ကူးနော်)။

ခရေညိုးရုံးခန်းလေးကိုတော့ မြန်မာနိုင်ငံကလို ပွဲရုံ နဲ့တွဲပြီးတော့ မဖွင့်ချင်ဘူး။ ပွဲရုံက တစ်နေရာ ရုံးခန်းကတော့ ပင်နီစူလာမှာဖွင့်ချင်ပါတယ်။

ဒါမှ မြန်မာနိုင်ငံက အသီးအနှံ တွေကို ဈေးနှုန်းချိုချို နဲ့စလုံးက "ရွှေ" တွေဝယ်စားလို့ရမှာပေါ့နော်။ ပွဲရုံမှာ အောက်ခြေသိမ်း အလုပ်သမားတွေကိုတော့ စလုံးတရုပ် တွေကိုခန့်မယ်။ ကျန်တဲ့ ရာထူး တွေကိုမြန်မာတွေကို ခန့်မယ် ။ ဒါမှ "ရွှေ" တွေက သူတို့ကို ဟောက်စား လုပ်လို့ရမှာပေါ့။ဒါကတော့ နောင် ၅ နှစ် မှာ ခရေညို လုပ်ချင်တဲ့ ကိုယ်ပိုင်စီးပွါးရေး။ လက်ရှိကတော့ သူများဝန်ထမ်း ဟင့် ။


2.မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့)စိတ်ကူးထဲက အိမ်ထောင်ရေး


ခရေညို့ အတွက်ကသိပ်ပြီးထွေထွေးထူးထူး ရေးစရာမရှိပါဘူး။

အခုအိမ်ထောင်ရေးကလည်း ခရေညို့စိတ်ကူးထဲကအတိုင်း စိတ်တိုင်းကျဖြစ်နေလို့ပါပဲ။ ငယ်ငယ်ကစိတ်ကူးယဉ်တဲ့အတိုင်း ကိုယ့်ထက် အသက် အနည်းဆုံး ၅ နှစ်တော့အနည်းဆုံးကြီးရမယ် (ဒါမှ ဆိုးလို့ရမှာပေါ့)

ပြီးတော့ ခရေညို့ကို နားလည်နိုင်ရမယ်အိမ်ထောင်ရေးမှာ နားလည်မှူ့ကသိပ်လိုအပ်တယ်လေ (ကိုယ့်အယူ အဆနော်)

ရုပ်ကလည်း ကြည့်ကောင်းရမယ် (ချောဖို့မဆိုလိုပါ) စသည်ဖြင့်ပေါ့ …………………..

ခရေညို့ အားလုံး ပြည့်စုံခဲ့ပါတယ်။ ဒီတော့ နောင် ၅ နှစ်မှာလည်း ဒီလိုပဲ ပေါ့နော်။



မမဝါ ရေ ကျေနပ်တော့နော်။ အခုလို ခရေညို့ကိုသတိတရ ရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

11 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေညိုရေ..

ကောင်းတဲ့ စိတ်ကူးလေးပါဘဲ။ နောင် ငါးနှစ်အတွင်း စင်ကာပူ ပင်နီဆူလာမှာ "KhaYayNyo Airline" တို့... "ခရေညို သီးနှံရောင်းဝယ်ရေး " တို့ မှာ စလုံးက တရုတ်တွေ တံမျက်စည်းလှည်း ၊ ကြမ်းတိုက်၊ တောက်တိုမယ်ရ ခိုင်း။....
အလုပ်ကြော်ငြာရင်လဲ.. Only Singaporean ဆိုပြီး တောက်တိုမယ်ရ အလုပ်တွေကို ကြော်ငြာ... :)

စိတ်ကူးလေး အောင်မြင်ချောမွေ့ပါစေလို့.. ဆုမွန်ချွေပါတယ်..

ခင်မင်စွာဖြင့်
ကိုမျိုး

WWKM said...

ha haaa!!! :D
အပေါ်ကကွန်မန့် ဖတ်ပြီး ရယ်သွားတယ် ညီမလေးရေ.
မမလည်း အဲလိုကွန်မန့်လေးရေးမလို့ တွေးနေမိတာလေ....း)

ညီမလေးရဲ့စိတ်ကူးလေးက ရှယ်ပါပဲ..
စိတ်ကူးရှိထားရင် တနေ့နေ့တော့ ကိုယ့်ရဲ့စိတ်ကူးလေးတွေကို အကောင်အထည်ဖော်နိုင်တဲ့ အခွင့်အရေးလေးတွေ ရလာဦးမှာပါ ညီမလေးရေ.

အပေါ်ကပြောသလိုပဲ..
နောင် ငါးနှစ်အတွင်း စင်ကာပူ ပင်နီဆူလာမှာ "KhaYayNyo Airline" တို့... "ခရေညို သီးနှံရောင်းဝယ်ရေး " တို့ မှာ စလုံးက တရုတ်တွေ တံမျက်စည်းလှည်း ၊ ကြမ်းတိုက်၊ တောက်တိုမယ်ရ ခိုင်း။မြန်မာပြည်သူ ဒေါ်ခရေညိုက MD ပေါ့နော်..း)
မမကိုလည်း မမေ့နဲ့ဦးနော်. လိန်ပျံ လူကြုံလိုက်စီးဘို့တော့ ခေါ်ပါဦး။း)

စင်္ကာပူမှာ အသီးအနှံတွေ ဈေးကြီးသလား.. စိတ်ကူးကောင်းလေးတွေ တွေးထားတတ်တာ တော်ပါတယ်။ကိုယ်ရောက်တဲ့နေရာမှာ ဘယ်လို လုပ်ကွက်ကလေးတွေရှိတယ်ဆိုတာကို လေ့လာထားရမယ်။ အခွင့်အရေးပေးတဲ့ အချိန်အခါမှာ အကောင်အထည်ဖော်နိုင်ရမှာပေါ့ ညီမရယ်။ညီမလေးရဲ့ စိတ်ကူးလေး မမသိသွားပြီ။မမလည်း အပင်တွေစိုက်ပြီး စလုံးကို သွင်းဦးမှပဲ.း))
မောင်နှမတွေရဲ့ စိတ်ကူးကောင်းလေးတွေကို ဖတ်ရတာ
တကယ် ၀မ်းသာကျေးဇူးတင်မိပါတယ်။

ညီမလေးရဲ့ အိမ်ထောင်ဖက်က ညီမလေးရဲ့စိတ်ကူးထဲ
က အိမ်ထောင်ဖက်နဲ့ ထပ်တူကျနေတော့ ကံကောင်းတာပေါ့ ညီမလေးရယ်။း))ကံကောင်းခြင်းတွေကို တသက်လုံးပိုင်ဆိုင်နိုင်ပါစေနော်.


ရေးပေးတာ ကျေးဇူးတင်ပါတယ် ညီမငယ်ရေ.

ချစ်တဲ့
မမ၀ါ

thawzin said...

“ရွှေ” ဆိုတဲ့စကားတော့ နားမလည်ပါဘူး။ ကိုယ့်လူမျိုးကို အရေးပေးမယ်ဆိုတဲ့ မျိုးချစ်စိတ်လေးကို လေးစားမိပါတယ်ဗျာ

Anonymous said...

မန်နေဂျာ ရာထူးလာလျှောက်ထားပါကြောင်း.....

~ဏီလင်းညို~ said...

မခရေညိုရေ...
တက်ဂ်ပို့စ်လေး ဖတ်ရင်း...ကော်မန့်မှာ မန်နေဂျာလျှောက်သွားရကောင်းမလားစဉ်းစားနေတာ...။ ကိုရွာသားလေးက ဦးသွားပြီ...။ အဲ့ဒီတော့ ငါးမရ ရေချိုးပြန်တဲ့ အနေနဲ့ TTMY ရာထူးပဲလျှောက်တော့မယ်ဗျာ...။ ခန့်မလား...ဟင်င်င်င်.....
(မှတ်ချက်- TTMY= တောက်တိုမယ်ရ)
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေဗျား....
ခင်မင်တဲ့
ဏီလင်းညို

မိုးစက်အိမ် said...

သူများတွေက အမအိတ်စပို့ အတွက် အလုပ်လာလျောက်
နေတယ် ကျွန်တော်လည်းပါချင်တယ် ( ရှယ်ရာပြောတာပါ ) အဲဒါ အနော်ကို ဒါရိုက်တာ တစ်နေရာစာလောက် ဦးထား
ပေးနော်မကြီး ဟီးးးးးးးးးးးးး

Anonymous said...

စိတ်ကူကလဲ ရှယ်ပါလား.. ဖြစ်အောင်ကြိုးစားဖို့တော့ လိုမယ်ဗျို့

ရွှေရတုမှတ်တမ်း said...

စိတ်ကူးထဲကအတိုင်း..စိတ်တိုင်းကျရွေးထားတာပေါ့လေ..
အိမ်ကလူကြီးဖတ်မိရင်တော့..ငါကွလို့အော်နေဦးမယ်

မြတ်မွန် said...

မမရေ..ထိုင်ဝမ်ကိုလည်းလာပို့နော်..ဒီမှာလဲ ရွှေတွေရှိတယ်။ ကိုယ်ပိုင်လေ ယာဉ်နဲ့လာနော်..:p

အင်ကြင်းသန့် said...

မရေ...
ကောင်းလိုက်တဲ့ စိတ်ကူး...
ညီမလေးပါ ရှယ်ယာပါရင်ကောင်းမလားမသိဘူး...ဟီးးးးးးး
ဒီက စလုံးတွေကိုဟောက်စားလုပ်ချင်လို့လေ...

ခင်မင်တတ်တဲ့
အင်ကြင်း

ကိုလူထွေး said...

ဝယ်မယ်ဆို ပိုက်ဆံစုထားပါ...
ခရေညိုတို့အတွက် လေယာဉ်ပျံ စဆောက်နေပြီ...

(စိတ်ကူးနဲ့ပြောပါတယ်...)

းဝ)