Sunday, January 3, 2010

ရောက်ခဲ့တဲ့ ပန်းမြို့တော်

ခရေညို အမိမြေကိုပြန်သွားတာ ဘယ်ကိုမှမသွားခဲ့ကြပါဘူး အမေ့နားမှာပဲ အကြာကြီးနေရအောင်လို့ပါ။ခရေညို ရဲ့မွေးရပ်မြေကို ရောက်တော့ သားအကြီးက အရမ်းအေးနေတာကိုအံ့ဩ နေပြီး ခရေညိုကို "မေ့........... မြန်မာနိုင်ငံမှာ နေရာတိုင်း အဲယားကွန်း ရှိတယ်နော်" လို့ပြောလို့ ရယ်ရသေးတယ်။ (သူကခရေညိုကို မေ လို့ ပဲခေါ်ပါတယ်)

ဒါပေမဲ့ သားအကြီးက မေမြို့ကိုသွားဖို့တောင်းဆိုတဲ့အတွက် မေမြို့ကိုသွားခဲ့ကြပါတယ်။ဆောင်းတွင်းကြီး အရမ်းချမ်းနေပေမဲ့ ခရေညို ရဲ့သားအကြီးက မေမြို့ကို

အရမ်းသွားချင် နေလို့ ခရေညို အဲဒီခရီး ကိုစီစဉ် ခဲ့ပါတယ်။ သွားမဲ့ရက် မနက် ၄နာရီ မှာထရမယ်လို့ သားတော်မောင်ကို ပြောတော့ သူကမနက် နှစ်နာရီကတည်းက နိုးနေပါတယ်။ သူကအရမ်းကိုစိတ်အား ထက်သန်နေပါတယ်။ တကယ်တမ်းကျတော့ မနက် ၄နာရီ ခွဲကျမှ အိမ်ကထွတ်ခဲ့ကြပါတယ်။ မေမြို့ကို မနက် လင်းအားကြီး ၇နာရီ ကျော်ကျော် လောက်မှာရောက်ပါတယ်။ ပြည်ချစ်ဘုရားကို အရင်ဝင်ဖူး ကြပါတယ်။ ပြီးတော့ ပိတ်ချင်းမြောင် ကိုသွားကြပါတယ်။ ပိတ်ချင်းမြောင်က ပြန်ခဲ့တော့ ပွဲကောက်ကိုသွားကြတယ်။

(ရှူ့ခင်းပုံ မရိုက်ခဲ့ရလို့)

ပွဲကောက်မှာသားအကြီးက ရေကူးချင်တယ် ပြောမှ အဝတ်ပိုတွေ ထည့်ထားတဲ့အိတ် မေ့နေခဲ့တယ်ဆိုတာသိရတယ်။(ခရေညို တို့ကတစ်ခုခုတော့ လွဲလိုက်ရမှ စားဝင် အိပ်ပျော်တာ) သားတော်မောင်ကိုချော့ပြီးပြောရတော့တာပေါ့။ ခရေညိုတို့က ဓာတ်တော်ချိုင်. ကိုသွားချင်နေသေးတဲ့အတွက် ဘယ်သွားသွား မြန်မြန်သွားခဲ့ကြပါတယ်။

ဓာတ်တော်ချိုင်. ခရီးစဉ် ကိုနောက်မှပဲ ရေးပါအုန်းမယ်။

ပြီးတော့ နေ့လည်စာကို ရုက္ခဗေဒ ဥယာဉ်မှာသွားစားဖို့ပြင်ဆင်ကြပါတယ်။ အဲဒီမှာ ဝင်ကြေးပေးရတာအများဆုံးပဲ။

လူကြီး တစ်ယောက် တစ်ထောင် ၊ ကလေးတစ်ယောက် ငါးရာ ၊ ကင်မရာ ကနှစ်ထောင် ပါ။ ခရေညိုတဲ့သွားတဲ့ အချိန်က ပန်းပွဲတော် ကျင်းပ နေ

တဲ့အတွက် ပန်းမျိုးစုံ နဲ့လုပ်ထားတာတွေကို ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။

အားလုံးက တကဲ့ပန်းတွေနဲ့လုပ်ထားတာပါ။
(ခရေညို ထိကြည့်ခဲ့လို့ပါ မကိုင်ရလို့ရေးထားလို့ ထိရုံပဲထိခဲ့တာ )






ပန်းခြင်္သေ.ပါ။

ပန်းနဂါး။

ပန်းဝက်ဝံပါတဲ့။


အပျော်တမ်း ရိုက်ခဲ့တဲ့အတွက် ဓာတ်ပုံတွေကသိပ်မကောင်းပါဘူးနော် :P

ခင်မင်စွာဖြင့်
အညာမှ
ခရေညို




8 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေညို ရေ..

ပန်းမြို့တော်မှာ ရိုက်ခဲ့တဲ့ ပုံတွေအားလုံး ကောင်းပါတယ်။ တကယ့်ပန်းတွေနဲ့ ပြုလုပ်ထားတာ ဆိုလို့ အတိုင်းမသိ အံသြမိပါတယ်။ တကယ့် လက်ရာမြောက်တဲ့ ပန်း ပန်းချီလို့ တင်စားရမှာပေါ့။
အခုအချိန် ဆောင်းရာသီဆိုတော့ မေမြို့မှာ တော်တော် အေးနေပြီပေါ့။ မြန်မာနိုင်ငံ နေရာတိုင်းမှာ အဲယားကွန်း တွေ ရှိနေမယ့် အချိန်ပေါ့နော်... :) :)

(ပြန်လာကတည်းက အခုမှဘဲ ပို့စ် ဖတ်ရတော့တယ်)..

ခင်မင်စွာဖြင့်
ကိုမျိုး

မေလေး said...

လွမ်းသွားတယ်မမရေ
တို့ပြည် တို့မြေမှာလဲ ဒီလို ရှုခင်းလှလှလေးတွေ ရှိပါတယ်နော် ဆိုပြီးလဲ ဂုဏ်ယူမိပါတယ်။

Unknown said...

ပန်းပွဲတော်ချိန်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်သွားတယ်ဆိုတော့ တော်တော်ပျော်ခဲ့မယ်ထင်တယ်နော်။ပုံလေးတွေလာကြည့်သွားတယ် အစ်မရေ။ပျော်ရွှင်ပါစေနော်။

thawzin said...

စင်္ကာပူထက်စာရင်တော့ မြန်မာနိုင်ငံက နည်းနည်း အေးတယ်လို့ ပြောလို့ရလောက်တယ်နော်။ ပြီးတော့ အေးတဲ့နေရာတွေကလဲ အများကြီးရှိတာပဲလေ။ ပွဲကောက်က ရေတွေက သိပ်မသန့်ဘူး။ ညစ်ပတ်တယ်။
ပန်းမြို့တော်ကြီးနဲ့ ဝေးလာတာ ၂နှစ်ကျော်ပြီးဗျာ။ လွမ်းတော့ မလွမ်းဘူး။ အဲဒီ ချွေးတွေ ပေးဆပ်ခဲ့ရတာ ပင်ပန်းလွန်းလို့ပါ။
ပန်းတွေနဲ့ အလှဆင်ထားတဲ့ ဓါတ်ပုံလေးတွေ ရှုစားသွားပါတယ်ဗျာ

~ဏီလင်းညို~ said...

မခရေညိုရေ...
ပျော်စရာကြီးနော်...။
ပန်းတွေကလည်းအများကြီးပဲ...။
ဓာတ်ပုံလေးတွေကြည့်ရလို့ ကျေးဇူးပါဗျ...။
ခင်မင်တဲ့
ဏီလင်းညို

ရွှေရတုမှတ်တမ်း said...

မယ်ခရေ..တော်တော်ပျော်ခဲ့ရဲ့လား

အင်ကြင်းသန့် said...

မရေ...
ပန်းတွေကလှလိုက်တာနော်
ဒီစလုံးက ဟာတွေကိုဒီပုံတွေပြပြီးကြွားချင်လိုက်တာ...ဟွန်း
မျှဝေပေးလို့ကျေးဇူးပါ မရေ..

ခင်မင်တတ်တဲ့
အင်ကြင်း

အင်ကြင်းသန့် said...
This comment has been removed by the author.