Monday, January 18, 2010

ထိုသားအမိ

ဟဲလိ”ု

“ဟုတ်ကဲ့ပြောပါ။”

“ကျွန်တော် Shwerooms.com မှာ ကြော်ငြာထားတဲ့ အိမ်ခန်းအကြောင်းစုံစမ်းချင်လို့ပါခင်ဗျာ”

အဲဒီလို အစချီပြီး လူတစ်ယောက် ကျမကို ဆက်သွယ်လာပါတယ်။ သူပြောတာက သူ့သူငယ်ချင်း မိန်းမနဲ့ သမီးနေချင်လို့။ သူတို့ဟာ PR တွေဖြစ်တဲ့အကြောင်း၊ သမီးကကျောင်းတက် မှာဖြစ်ပြီး အမေကအိမ်မှာပဲနေပြီး အချိန်ပိုင်း အလုပ်ရှာမှာဖြစ်တဲ့ အကြောင်း ပြောပါတယ်။ နောက်နေ့ကျ ကျမ ကို ဖုန်းခေါ်တဲ့သူ ရယ်၊ သူ့မိန်းမ နဲ့ နေမည့်ကောင်မလေးတို့ အိမ်လာကြည့် ကြတယ်။ သူတို့လည်း ကြိုက်ကြတယ်၊ကျမက အဲဒီလူကို ဒီသားအမိနဲ့ပတ်သက်ပြီး အစစတာဝန်ယူတယ်ဆိုရင် စရံပေးခဲ့ဖို့ပြောလိုက်တယ်။ ကျမက အမေလုပ်တဲ့သူကို မမြင်မှမမြင်ဘူးပဲကိုး။

နောက် နှစ် ရက် လောက်နေတော့ သူတို့သားအမိ ရောက်လာကြပါတယ်။အဲဒီနေ့ကရုံးဖွင့်ရက် ဖြစ်နေတဲ့အတွက် ကျမအိမ်မှာမရှိပါဘူး။သူတို့ ပြောင်းလာတဲ့အချိန် မနက် ၁၁နာရီဝန်းကျင်လောက်ပေါ့။ ကျမအိမ်ကကောင်မလေးကိုသော့တစ်စုံပေးထားခဲ့ပါတယ်။သူတို့လာရင်ပေးလိုက်ဖို့ကိုလည်းမှာထားခဲ့ပါတယ်။

ကျမအိမ်ပြန်ရောက်တော့ ရှုပ်ပွနေတဲ့သူတို့ ပစ္စည်း တွေကို ဧည့်ခန်းမှာ တွေ့ရပါတယ်။ သူတို့ပြောတာကတော့ မောလို့ နေရာတကျမ ထားနိုင်သေးကြောင်း ကျမကိုပြောပြပါတယ်။ အဲဒီတော့မှ ကျမက အမေဆိုတဲ့သူကိုမြင်ဘူးတာပါ။ မပေးရသေးတဲ့ သော့ နောက်တစ်စုံ ကိုလည်းသူတို့ကို ပေးလိုက်ပါတယ်။မြင်မြင်ချင်းဆိုသလို မနှစ်မြို့စရာပါပဲ ။



"အမ တို့လိုတာရှိရင်ပြောနော် ဘာမှအားမနာနဲ့။ ကျမကလည်း လိုအပ်တာရှိရင်းပွင့်ပွင့် လင်းလင်းပဲပြောတက်ပါတယ်။
အမတို့အနေနဲ့ ကိုယ့်မိသားစုလိုပဲ သဘောထားပြီး တိုင်တိုင်ပင်ပင်နဲ့ပေါ့။ အမတို့အိပ်ခန်းကို တစ်ပတ် နှစ်ခါလောက်
အနည်းဆုံး ကြမ်းတိုက်စေချင်ပါတယ်။ ကျန်တဲ့ အိမ်သာ၊ ရေချိုးခန်းတွေကတော့ အိမ်ကကောင်မလေးလုပ်ပါတယ် "

ကျမပြောပြီး သူ့မျက်နှာကိုကြည့်လိုက်တော့ ပိုက်ဆံပေးနေတာပဲ ဘာမှဂရုစိုက်စရာ မလိုဘူး

ဆိုတဲ့ပုံ မျက်နှာထားနဲ့။ ကျမ သူ့ကိုမြင်ကတည်းက တစ်လ လောက်ထားပြီးရင် သူတို့ကို မထားဖို့ ဆုံးဖြတ်လိုက်တယ်။ ညကျတော့ အိမ်ကလူကြီးကိုတိုင်ပင်တော့ ကျမသဘောပဲလို့ပြောပါတယ်။ ပိုဆိုးတာက ညညစကားပြောရင် တော်တော်လေးကို ကျယ်ပါတယ်။ ကျမစိတ်အပျက်ဆုံးကတော့ နေတာထိုင်တာ ညစ်ပတ်တာနဲ့ စကားပြောကျယ်တာပါပဲ။ အမေဆိုတဲ့သူကစကားကိုအမျိုးမျိုးလည်းပြောတက်ပါတယ်

အခုတစ်မျိုး တော်ကြာတစ်မျိုးပေါ့။ ကျမကတော့ ဒီလိုပဲစောင့် ကြည့်အုန်းမယ်လို့ပါပဲ ဒါပေမဲ့ ရောက်ပြီး တစ် ရက်ခြားကြာတော့ ပြသာနာ ကစတော့တာပဲ။

အဲဒီ နေ့ ကSunday ဆိုတော့အိမ်မှာ လူစုံရှိကြတယ်။ သူတို့သားအမိနှစ်ယောက်ကတော့ မနက် ၁၀ နာရီ လောက်ကတည်းက ကျောင်းကိစ္စ စုံစမ်းစရာရှိလို့ဆိုပြီး ထွက်သွားကြတယ်။ ပြသာနာကသူတို့ပြန်လာမှစတာ သူတို့ပြန်လာတော့ ညနေ ၆နာရီ ဝန်းကျင်ပေါ့။ ကျမတို့က အိမ်မှာရှိရင် မိန်းတံခါး သော့ကို ပိတ်လေ့မရှိပါဘူး။ သူတို့ပြန်လာတော့ သော့ဖွင့်စရာမလိုပဲ ဒီအတိုင်းဝင် ခဲ့ကြတယ်။သူတို့အခန်းရှေ့ ရောက်တော့ သူတို့ အခန်းသော့ဖွင့်မယ်လို့ ပြင်မှ သော့ကအခန်းထဲမှာ မေ့နေတယ်ဆိုတာ သူတို့သိကြတယ်လေ။

ကျမကို သော့အပိုရှိ ရင် ဖွင့်ပေးဖို့ ပြောတယ်လေ။ ကျမလည်း ဖွင့်ပေးရတာပေါ့။



“အမ တို့ သော့ နှစ်စုံစလုံး အခန်းထဲမှာ မေ့ခဲ့တာလား?” လို့ကျမကမေးတော့

“မဟုတ်ပါဘူး သော့က တစ်စုံထဲရှိတာပါ။”

"မဟုတ်ဘူးလေ အမရဲ့ အမတို့ရောက်ခါစက တစ်စုံ ညနေကျမပြန်လာတော့ တစ်စုံပေးတာလေ"

ကိုယ့်ဘက်ကပြေပြေလည်လည်ပြောပေမဲ့သူကတော့ ကျမကို အော်ပြီး ပြောပါတယ်။ ပိုဆိုးတာက ပြောင်လိမ်ပါတယ်။ ကျမဖြင့်စိတ်ညစ်လိုက်တာ။ ကျမလည်း အခန်းထဲဝင်ပြီး စကားပျက်သွားအောင်ကြိုးစားပါသေးတယ်။ ဒါပေမဲ့ သူက အော်ကြီးဟစ်ကျယ် နဲ့ ပိုက်ဆံပေးနေတာအလကားနေတာကျနေတာပဲ ဘာညာ ပြောနေတော့ ကျမလည်းအပြင်ထွက်ပြီး



" အမစရိုက်နဲ့ ကျမစရိုက်က အတူနေလို့ ဖြစ်မှာမဟုတ်ပါဘူး
ဒီတော့ အိမ်အမြန်ရှာပြီး ရရင် ပြောင်းပေးပါ"

"ညည်းပဲပြောတာလေ ပြောင်းစေချင်ရင် တစ်လကြို ပြောရမယ်ဆို"

"ပုံမှန်ဆိုရင်တော့ ဟုတ်ပါတယ် အခုလိုချက်ချင်း ပြောင်းခိုင်းတဲ့အတွက် ကျမက အမပိုက်ဆံတွေ အကုန် ပြန်အမ်းမှာပါ"

အဲဒီလို ဖြစ်ပြီး သုံးရက်လောက် နေတော့ သူတို့ အိမ်ပြောင်းသွားကြပါတယ်။ သူတို့နေတဲ့ တစ်ပတ်စာကိုလည်း ကျမ ပြန်ပေးလိုက်ပါတယ်။တကယ်ကို စိတ်ညစ်စရာကောင်းပါတယ်။ ကိုယ်အိမ်မှာလာနေတဲ့သူနဲ့ အခုလိုစကားများရတာဟာ ကျမရဲ့ ညံ့ဖျင်းမှူ့ကြောင့်ပါ။ လူမမြင်ဘူးပဲနဲ့

လက်ခံလိုက်မိတာကိုး။ အခုနောက်ပိုင်း ကျမအိမ်မှာ လာနေတဲ့သူတွေကို နေမဲ့လူကိုယ်တိုင် လာကြည့်မှပဲ လက်ခံပါတယ်။ ဘာပဲဖြစ်ဖြစ်သင်ခန်းစာတော့ ရလိုက်တာပေါ့နော်။

ခင်မင်စွာဖြင့်

အညာမှ

ခရေညို

10 comments:

ပန်းခရမ်းပြာ said...

အိမ်ငှားတွေ ပေးတဲ့ သင်ခန်းစာတွေကတော့ အများကြီးပဲ ခရေညိုရေ ....။ ဒါပေမဲ့ အခုလို စရိုက်ကြမ်းတဲ့ သူမျိုးနဲ့တော့ မကြုံဘူးသေးဘူး။ ဒါကြောင့် နေမဲ့သူကို တွေ့ပြီးမှ လက်ခံတာ အကောင်းဆုံးပဲပေါ့နော်။ တအိမ်ထဲ စရိုက် မတူတဲ့သူတွေ အတူနေဘို့ မဖြစ်နှိုင်ဘူးလေ။ တချို့ကြတော့ ယဉ်ကျေးသိမ်မွေ့ပါရဲ့။ ဒါပေမဲ့ အခွင့်အရေး ယူလွန်းအားကြီးတာတွေလည်း ကြုံခဲ့ဘူးတယ်။ အဲဒီ အကြောင်းတွေ" အိမ်သူကြီးရဲ့ ဒိုင်ယာရီ " label အောက်မှာ ရေးထားတယ်။ ကြုံတုန်း ကြော်ငြာဝင်သလို ဖြစ်သွားသလား မသိ။

မချို

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေညို..

အင်း.. စောစောစီးစီး ပွင့်ပွင့်လင်းလင်းနဲ့ အိမ်ပြောင်းခိုင်းလိုက်တာ မှန်ပါတယ်။ မဟုတ်ရင် ဒီထက်ပိုပြီး အခြေအနေတွေ ရှုပ်ထွေးလာစရာ အကြောင်းရှိပါတယ်။
ကိုယ်နဲ့ အပြောအဆို အပြုအမူ အနေအထိုင် စရိုက် မတူညီသူတွေနဲ့ တစ်အိမ်တည်း နေလို့ အဆင်မပြေနိုင်ပါ။

ခင်မင်စွာဖြင့်
ကိုမျိုး

thawzin said...

ကိုယ်တိုင်းရင်းလိုက်၇တဲ့ သင်ခန်းစာပေါ့ဗျာ.. သင်ခန်းစာကို မျှဝေပေးလို့ကျေးဇူးတင်ပါတယ်ဗျာ

ရွှေရတုမှတ်တမ်း said...

အင်း...ဒါမျိုးတွေကြုံတတ်တယ်..
တအိမ်ထဲနေပြီးစိတ်ညစ်နေရရင်မကောင်းဘူး..

Myanmar Good Knowledg Co., Ltd said...

ခရေညိုရေ။
ဖတ်ရတာ ရင်ကိုလေးသွားတာပဲနော်။
မြန်မြန်ပြောင်းသွားလို့ တော်သေးတာပေါ့။
လူအမျိုးမျိုးနဲ့ တွေ့ ရတာ ကိုယ့်အတွက် သင်ခန်းစာတွေပါပဲ။

kiki said...

အသွင်မတူတဲ့ သူတွေနဲ့ တမိုးအောက် တူတူနေရတဲ့ ဒုက္ခတွေ အလွန်များလှပါတယ် မခရေညိုရေ ...

တော်သေးတာပေါ့ .. စောစောစီးစီး ဖယ်ခိုင်းလိုက်တာ .. နို့ မို့ ဆို ဘယ်လောက်များ စိတ်ညစ်စရာတွေ ဆက်တွေ့ ရမယ် မသိ နော် ...

~ဏီလင်းညို~ said...

မခရေညိုရေ...
ကျွန်တော်ကတော့ အားပေးတယ်...။
မြန်မြန်နှင်ထုတ်လိုက်တာ..အေးတယ်...း)
နို့မို့ဆို စိတ်ညစ်စရာတွေ ဘာထပ်လာဦးမလဲ မသိဘူးလေ....း(
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

အင်း.. ကြုံတတ်ပါတယ်လေ.....။

ကြယ်ပြာ said...

စိတ်ညစ်ဖူးတာတော့ရှိတယ် ... အနေအထိုင်ညစ်ပတ်တာ ... ဘယ်လိုပြောပြော အိမ်သန့်ရှင်းရေးဆိုတာ မဆိုင်သလိုကိုနေတာမျိုး ... အတော့ကိုစိတ်တို စိတ်ညစ်ခဲ့ဖူးပါတယ် ... ပိုဆိုးတာက သူငယ်ချင်းအရင်းခေါက်ခေါက်တွေဖြစ်နေတာပါ .... ခုတော့ အတူမနေဖြစ်တော့ဘူး ... စိတ်ချမ်းသာပါစေ ...

Unknown said...

My friend also want to rent a room.Let me know if ur room is still available.Thanks.