Tuesday, February 2, 2010

နားထောင်ဖြစ်သော သီချင်း

အခုတလော ယုံလေး နဲ့ခွန်းဆင့်နေခြည် တို့သီဆိုထားတဲ့ " လက်ဆောင်" ဆိုတဲ့သီချင်းလေးကို ခဏခဏ နားထောင်ဖြစ်နေတယ်။
အမှန်အတိုင် ပြောရရင် ယုံလေး ဆိုထားတဲ့ သီချင်းကို နားထောင်ဖူးတာ ပထမဆုံးပဲ :P
ပြီးတော့ ခွန်းဆင့်နေခြည် ကိုလည်းကြိုက်လို့ ဟုတ်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒါပေမဲ့ ဒီသီချင်းလေးက နားထောင်လို့ ကောင်းတယ်လို့ ထင်မိတယ် :)



အားပေးကြပါအုန်းနော်

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

5 comments:

မြတ်နိုး said...

တူတူပဲ.. အဲ့သီချင်းလေးကိုကြိုက်တယ်။

တလနွန် said...

ဒီသီချင်းတော့ အစ်မခရေညို ခံစားချက်နဲ့ တိုက်ဆိုင်နေတယ် ထင်တရ် ဟိဟိ :)....
ကောင်းပါတရ်.. မြူးနေတာပဲ

~ဏီလင်းညို~ said...

မခရေညိုရေ....
ဟုတ်ပဗျာ...
အက်ဖ်အမ်နှစ်ပတ်လည်ထဲက အဲ့ဒီသီချင်းလေးကို အိမ်ကညီလေးတွေလည်း...ခဏခဏဖွင့်လွန်းလို့..သေချာနားမထောင်ဘူးသေးဘဲ ကျွန်တော်တောင်တစ်ပိုင်းတစ်စရနေပြီလေ...။
“ဘာတဲ့....အို...ကြည်ဖြူစွာနဲ့ ချွန်မရဲ့လက်ဆောင်ဘာာာ”... ဆိုလား...။
(ခွန်းဆင့်နေခြည်ကို ကျွန်တော်စိတ်ကောက်ထားတယ်သိလား...။ ဆံပင်အရှည်ကြီးကို သူဖြတ်ပစ်လိုက်လို့....ဟိဟိ....း))
ခင်မင်တဲ့
ဏီလင်းညို

Myanmar Good Knowledg Co., Ltd said...

ခရေညိုရေ။
ဟုတ်တယ်။ နှစ်ယောက်စလုံး အခုမှ သိတာ။
သိပ်မသိတော့ ကြိုက်လားမကြိုက်လားဆိုတာထက် ဒီသီချင်းကတော့ ကောင်းတယ်လို့အရင်ပြောပါရစေ။
နဲနဲ လည်း ကြိုက်တယ်။
ကျေးဇူးပဲနော်။
သီချင်းကောင်းလေးမိတ်ဆက်ပေးတာ။

Anonymous said...

နာမည်တွေ ကြားတောင် မကြားဖူးဘူး ဟိ.. အမပြောမှသိတယ်.. ယုံလေးတဲ့... နောက်ဆို ခွေးလေးတွေ၊ နွားလေးတို့၊ ကျွဲလေးတို့တောင် ပေါ်လာဦးမလား မသိဘူးနော်.. လူနာမည် အဲဒီလောက်တောင် ရှားကုန်ပြီလား မသိဘူး..။