Thursday, September 10, 2009

ဖြစ်ပုံကဒီလို

ကျမတို့ ရွာမှာ ဒေါ်ညွန့်ဝေ ဆိုတဲ့မိန်းမကြီးတစ်ယောက်ရှိတယ်။သူ့အသက်က ၅၀ကျော်ပြီပေါ့။ သူကစာမတတ်ဘူး စာမတတ်ဘူးဆိုတာ စာရေးစာဖတ်မတတ်တာကိုပြောတာ။ ဒါပေမဲ့ပိုက်ဆံ တို့ဘာတို့တော့ရေတက်တယ်။ သူ့အမျိုးသား နာမည်က ဦးကြည်မောင်တဲ့။ ဦးကြည်မောင်က အရက်သိပ်သောက်တာ သူ့အလုပ်က လက်သမား။ ဦကြည်မောင်က သူများတွေလို အိမ်ကျယ်မဟုတ်ဘူး အိမ်မှာဆိုရင်ကုပ်နေတာပဲ အပြင်မှာဆိုရင် လူတွင်ကျယ်သိပ်လုပ်တာ။

ဒေါ်ညွန့်ဝေကလည်:ဦးကြည်မောင်ကိုအရမ်းနိုင်တာ။ ငယ်နိုင်တွေလို့ပြောသံကြားဖူးတာပဲ။ ဦးကြည်မောင်ကလည်း မူးလာပြီးအပြင်မှာ ဘယ်လောက်ကျယ်ကျယ် ဒေါ်ညွန့်ဝေ ဟေ့ဆိုရင် ပွဲပြးမီးသေပဲ။ သူတို့မှာသား၊သမီး၃ယောက်ရှိတယ်။ အကြီးဆုံးနဲ့ အငယ်ဆုံးက မိန်းကလေးတွေ ။ ဒေါ်ညွန့်ဝေကသူ့သမီးအကြီးဆုံးကို သိပ်ချစ်တာ အဲဒီအကြီးဆုံး သမီးနာမည်က မသောင်းစိန်တဲ့။ မသောင်းစိန် ရုပ်ကလေးက လှတပတရယ်။ ပြီးတော့မသောင်းစိန်က မြို့မှာကျောင်းသွားတက်နေတာ ရွာမှာက လေးတန်းအထိရှိတဲ့ မူလတန်းကျောင်းလေးပဲရှိတာ။ ဒေါ်ညွန့်ဝေ က မသူသောင်းစိန်ကို မတော်တရော်တွေနဲ့ တွေ့မှာကိုအလွန်စိုးတယ်။

နောက်တော့ ဦးကြည်မောင်ကြီး အရက်သောက်လွန်းလို့စိုပြီး ဒေါ်ညွန့်ဝေက အရက်ပြတ်အောင်ဆိုပြီး ဘုန်ကြီး တစ်လလောက်ဝတ်ခိုင်းလိုက်တယ်။ ဒါပေမဲ့ ဦးကြည်မောင်ကြီးဘုန်းကြီးဝတ် နဲ့ပျော်သွားပြီး အခုချိန်ထိ လူမထွက်တော့ဘူး။ ဒေါ်ညွန့်ဝေတို့ အိမ်နီးနားချင်းက ဒေါ်ငွေရီတဲ့ သူက မုဆိုးမ သားတွေချည်း သုံးယောက်။ဒေါ်ငွေရီတို့ မိသားစုက သူတို့ရွာမှာမိုးမကောင်းလို့ဆိုပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှပြောင်းလာတာ။ ဒေါ်ငွေရီရဲ့သားအငယ်ဆုံးလေးက မသောင်းစိန် နဲ့အသက်ရွယ်တူလောက်ပဲ။သူ့သားတွေကလည်း အသက်ငယ်ငယ်နဲ့အရက်သောက် ဖဲရိုက်တဖတ်ကမ်းပဲ။

ရွာမှာဆိုတော့ ခြံစည်းရိုးက အုတ်တံတိုင်းတွေ ဘာတွေ မဟုတ်ဘူး။ ဖြစ်သလိုပဲ တိုင်တစ်တိုင် သစ်ပင် တစ်ပင်ရှိရင် ပြီးပြီ အဲဒါခြံစည်းရိုးပဲ။ဒီတော့ ဒီအိမ်က ဘာဖြစ်တယ်ဘာလုပ်တယ်ဆိုတာကို တစ်ပြီဖက် အိမ်က မမြင်ချင် မသိချင်မှအဆုံးပဲ အကုန်လုံးကိုမြင်ရတယ် ဒီတော့ဒေါ်ငွေရီ ရဲ့သားတွေ ဆိုးတာကို ဒေါ်ညွန့်ဝေက အကုန်သိတာပေါ့။ အဲဒီတော့ ဒေါ်ညွန့်ဝေ က သူ့သမီးကြီး မသောင်းစိန် ကျောင်းပိတ်ရင် ရွာမပြန်လာခိုင်ဘူး။ မြို့ကသူ့ အမအိမ်မှာပဲ နေစေပြီး စက်ချုပ်သင် စေခဲ့တယ်။

ရှစ်တန်း ဖြေပြီး မသောင်းစိန်က ရွာကို ခဏပြန်လာတယ်။ ဒေါ်ညွန့်ဝေ တော့အလုပ်တစ်ခုပိုလာတာပေါ့။ သူ့သမီးကြီး နေ့တိုင်းစောင့်ကြည့်ရတဲ့အလုပ်ပေါ့။ မသောင်းစိန်ကလည်း ရွာကိုပြန်မလာတာကြာပြီဆိုတော့ပျော်နေတာပေါ့။ ဒါကိုပဲ ဒေါ်ညွန့်ဝေက လည်းစိတ်ပူနေတာပေါ့။ တဖက်အိမ်ကကောင်တွေနဲ့ဖြစ်သွားမှာကို အလွန်စိတ်ပူဆိုပဲ၊ သူကသာစိတ်ပူနေတာ မသောင်းစိန်က အဲဒီတဖက်ခြံက လူတွေနာမည်တောင် တိတိ ကျကျမသိရှာပါဘူး။ မသောင်းစိန်ကလည်း သူ့ဘာသာ သူ့သူငယ်ချင်းတွေနဲ့ပျော်နေတာပေါ့။

တစ်နေ့တော့ မသောင်းစိန်က " ချစ်ဦးရေ........ သောကဟူသမျှ အတူတကွ .............မျှခံစားဝေ အသဲနှလုံးက ဒီလောက်က ချစ်တာ............" ဆိုတဲ့ အဆိုတော် "တင်တင်မြ" ရဲ့သီချင်းကို ဆိုတော့ ဒေါ်ညွန့်ဝေက စိတ်ဆိုးဒေါသဖြစ်ပြီး မသောင်းစိန်ကိုလိုက်ရိုက်တာပေါ့။ဒေါ်ညွန့်ဝေက ရိုက်ရင်လည်း တအားကြမ်းတာတဲ့။ မသောင်းစိန်ကလည်း ထွက်ပြေးရင်းနဲ့ ရွာထဲက လယ်ကူလီ လေးတစ်ယောက်နဲ့ထွက်ပြေးသွားတယ်။ နောက်မှသိရတာက ဒေါ်ငွေရီ ရဲ့သားအငယ်ဆုံးကလေးနာမည် က " ချစ်ဦး" တဲ့။

(ဒေါ်ညွန့်ဝေကလည်း အဲဒီသီချင်းကိုကြားမှမကြားဘူး တာကို။)

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Tuesday, September 8, 2009

"အနေတော် ခင်ငြိမ်း"

ဟိးုရင်က ကျမ မမွေးခင် ကျမတို့ရွာမှာ လူကြီးတစ်ယောက်ရှိတယ်။
သူ့နာမည် က ဦးထွန်းကြိုင် အသက်က ၄၀ကျော်ကျော် ပေါ့။ သမီးကလေးတစ်ယောက်အဖေ မုဆိုးဖို။ သူ့သမီးလေးက အသက်၁၇ နှစ် ဝန်းကျင် လှချင် ပချင်တဲ့အရွယ်ပေါ့။ နာမည်က ခင်ငြိမ်း လို့ခေါ်တယ်။

အဲဒီ ဦးထွန်းကြိုင် ကြီး ကသိပ်အားနာ တက်တာ။ ဥပမာ သူကအရက်မသောက် တတ်ဘူး ဒါပေမဲ့ သောက်တတ်လူက သူ့ကိုတိုက်ခိုင်ရင် သူကလိုက်တိုက်တယ်။
သူနဲ့အတူတူ ထိုင်ပြီးစကား အလာပသလာပ ရောက်တတ်ရာရာပြောကြတယ်ဆိုကြပါစို့ သူသိတဲ့အရာတစ်ခု တခြားလူ ကအမှားတွေပြောနေရင် တောင် မှန်ကြောင်း ထောက်ခံတာ။ အဲလိုမျိုး လူ။

သူ့သမီးအကြောင်း ပြောရအုန်းမယ်။ သူသမီးက မျက်နှာမှာ ကျောက်ပေါက်ခွက်တွေနဲ့ အသားကလည်း မည်းမည်း ရုပ်ဆိုးထဲကို ပါတဲ့ရုပ်။ အရိပ်ကလည်းပုပု ။ သူသမီးက ပွဲလမ်းတွေသိပ်သွားချင်တာ ။တစ်နေ့တော့ တခြားရွာက ဘုရားပွဲကို သူသမီးက သွားဖို့ ပြင်ဆင်ပြီး ဦးထွန်းကြိုင်ကြီးကိုမေးတယ်။

"အဘ သမီးပြင်ဆင်ထားတာလှရဲ့လားတော်" လို့မေးတယ်။ အဲဒါမှခက်ပြီး ဦးထွန်းကြိုင် ကအရမ်းအာနာတတ်တော့ဘယ်လိုပြောရမှန်းမသိဘူး ဖြစ်နေတယ်။ သူ့သမီးမလှဘူး ဆိုတာတော့သူလည်းသိတယ် မလှဘူးလို့ ပြောရမှာလည်းအားနာတယ် လှပါတယ်လို့လည်းညာမပြောချင်ဘူး။
ဒါနဲ့သူလည်း ပြောလိုက်တယ် " အနေတော်ပဲ" တဲ့။

အဲဒီအချိန်ကစပြီး သူ့သမီးနာမည်က "အနေတော် ခင်ငြိမ်း" ဆိုပြီး အော်တိုပြောင်းသွားတယ်။ သူ့မြင်ရင် ရွာထဲကလူတွေ "အနေတော် ခင်ငြိမ်း" လို့ပဲခေါ်တော့တယ်။
ဦးထွန်းကြိုင်ကြီးကလည်း သူသမီး လုံမတို့ သမီးတို့မခေါ်တော့ပဲ "အနေတော်ရေ " "အနေတော်လေးရေလို့" ပဲခေါ်တော့တယ်တဲ့။သူကလည်းသဘောတွေကျလို့ဆိုပဲ။
(သဘောကျမှာပေါ့ ရုပ်ဆိုးတယ်လို့ပြောတာမှမဟုတ်တာကို။)

အခုတော့ သူတို့သာအဖလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ အခုချိန်ထိ "အနေတော် ခင်ငြိမ်း" ဆိုတာကိုကျမတို့ ရွာမှာပြောနေကြတုန်းပဲ။ ကောင်မလေးတွေ လှတပတ ပြင်ထားပြီဆိုရင် "အနေတော် ခင်ငြိမ်း" လို့ခေါ်ကြတော့တာပဲ။

(မှတ်ချက်။ ။ ခရေညိုကတော့ "အနေတော်ခင်ငြိမ်း" မဟုတ်ပါ)

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

စဉ်းစားပေးကြပါအုန်း

ကျမအသိတစ်ယောက်အကြောင်းပြောပြအုန်းမယ်။ သူနာမည် ကမမိုး လို့ခေါ်တယ်။
သူနဲ့ ဘယ်လိုသိခဲ့တာလည်းဆိုတာကနေ အရင်ပြောပြမယ်နော်။ အိမ်ကလူကြီး ကျွန်းနိုင်ငံလေးမှာ အလုပ်လုပ်နေတော့ သူကကျမတို့ကို သူနဲ့ ဆက်သွယ်လို့လွယ်အောင်လို့ဆိုပြီး ရန်ကုန် ကသူ့အမ အိမ်မှာနေစေခဲ့တယ်။ အညာမှာဆိုတော့ သူ့ကိုဆက်သွယ်ရတာ အခက်အခဲရှိတယ်လေ။

ဒီလိုနဲ့ ကျမတို့သာအမိနှစ်ယောက်လည်း ရန်ကုန်မှာ ၁ နှစ် နီးပါလောက်နေခဲ့တယ်။
(ဒုတိယ သားလေးက ဒီရောက်ပြီး ၂ နှစ်ကျော် မှမွေးတာ) ကျမတို့ ရန်ကုန်မှာနေတော့ သားကြီး ၃နှစ် ကျော်ပြီ အဲဒီတော့ သာကြီး ကမူကြိုနေတယ် .......

အဲဒီမူကျောင်းမှာပဲ မမိုးနဲ့ စသိတာ ။ မမိုး ရဲ့ သားကလည်း မူကြိုတက်တယ်လေ။
သိတယ်ဆိုတာကလည်း ကျမကပဲသူကိုသိတာ သူကမသိဘူးထင်တာပဲ။ သူကလှတယ် ........့ ကလေးတစ်ယောက် အမေလို့တောင်မထင်ရဘူး ။ ကျမကတော့ အညာသူ ဆိုတော့ သူလိုတော့မပြင်တတ် မဆင်တတ်တော့မလှဘူးထင်ရတယ်

(ညိုချောလေးပါတဲ့ အိမ်ကလူကြီး စကား) ဟီ ဟိ....... ။

တိုတိုပြောရရင် သူကကျမကို မသိဘူး ကျမကသူ့ကိုသိတယ်။ မူကြိုကျောင်း မှာ သားကြီးတတ်ပြီး ၅လ လောက် နေတော့အိမ်ကလူကြီး ကပြောတယ် နောက် ၁လလောက်နေရင် သူ့ဆီလိုက်လာလို့ရပြီတဲ့။ အဲဒါကြောင့် မူကြိုကျောင်း ကို ထွက်တော့မယ် လို့ one month notic ပေးလိုက်တယ်။
( အဲဒီကျောင်းက ထွက်မယ်ဆိုရင်တစ်လကြိုပြောရတယ်) ။

ကျမပြောပြး တစ်ရက် နှစ်ရက်နေတော့ မမိုးကကျမကို လာပြီးမိတ်ဆက်တယ်။ ကျမလည်း အံ့ဩတာပေါ့ ဘာဖြစ်လို့ ငါ့ကိုလာပြီးစကားပြောတာလဲလို့။ အရင်က ကျမကို စကားပြောဖို့ နေနေသာသာ ဂရုတောင် မစိုက်ဘူး။ ( ကိုယ့်အထင်)

ဒါနဲ့ဒီရောက်လာတယ် စိုကြပါစို့..............။

လွန်ခဲ့တဲ့ တစ်ပတ် ကကျမကို မမိုး ဖုန်းဆက်တယ်

(phone number ကို အိမ်ကလူကြီး အမဆီကရတာတဲ့)။
အခုမမိုး ဒီကိုလာပြီး အလုပ်လာလုပ်တာတဲ့။သူ့အလုပ်က maid တဲ့။ ကျမကို တွေ့ချင်လို့တဲ့ အဲဒါသူအိမ်ရှင်ကို ဖုန်းဆက်ပေးပါတဲ့။ ကျမက သူ့ညီအမဝမ်းလို့ ပြောပါတဲ့
သူအပြင်ကို သွားချင်လို့တဲ့။

ကျမအနေ နဲ့စဉ်းစားရပြီ သူ့အကြောင်းကိုလည်း ဘာမှမသိဘူး။ ပြီးတော့သူနဲ့ ကလည်းသိပ်မရင်းနှီးဘူး။ အိမ်ကလူ ကြီးကိုမေးတော့ သဘောပဲတဲ့။ အဲဒါသာကြည့်တော့ တို့အိမ်ကလူကြီ:က အရမ်းအေးတာ .....

(ရေခဲတုံးကြီး ဒါသာသူဖတ် မိရင် ခရေညိုကို ...........................)

ကဲ ဘယ်လိုလုပ်ရမလဲ?
မမိုးပြောသလို လုပ်သင့်သလား?
မလုပ်သင့်ဘူးလား?
ကူညီပြီးစဉ်းစား ပေးကြပါအုန်းနော်။


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Sunday, September 6, 2009

အိုသဇင်

ပန်ချင်ပါ ၍
ခူးချင်သော်လည်း
မမှီမကမ်း
အိုသဇင်။
နေရာတကာ
ပွဲလယ်တင့်၍
မွှေးကြူသင်းတဲ့
အိုသဇင်။
ဘယ်ဘဝက
ဆုတောင်းကြောင့်
ဖြူစင်ရှင်းသန့်
ရှူ့တိုင်းယဉ်
အိုသဇင် ။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

ဗီဇဆိုတာဘာလဲ?

တစ်ချို့ကပြောကြတယ် လူတစ်ယောက်ရဲ့
ဗီဇဆိုတာ မွေးကတည်းကပါလာတာတဲ့။

တစ်ချို့က တော့ဆိုကြတယ် လူတစ်ယောက်ရဲ့
ဗီဇဆိုတာ ပတ်ဝန်းကျင်က သတ်မှတ် ပေးတာတဲ့။

ကဲ သူငယ်ချင်းတို့ ရောဘယ်လိုထင်ကြလဲ?


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Tuesday, September 1, 2009

ရုံးကတရုတ်မ

ခရေညို့ ရုံးကအကြောင်းအရာလေးတချို့ပြောပြချင်တယ် သူငယ်ချင်းတို့။
ကျမ အခုလက်ရှိအလုပ်လုပ် နေတဲ့ company မှာ နှစ် နှစ်ရှိပြီ။ ပထမ တစ်နှစ် နီးပါးမှာ ခရေညိုက ကလေးမွေဖွားခွင့် (8 )ပတ် ရတယ် အဲဒီအချိန် မှာပဲ မလေးရှား ကတရုတ်မ အသစ်တစ်ယောက် company ကိုရောက်လာတယ်။ ပြောပြရအုန်း မယ် သူမရောက်ခင်ကဆို ကျမတို့ company ကဝန်ထမ်းတွေ ကသိပ်ပျော်စရာကောင်းတာ စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ် ကြတာ။

သူရောက်လာ တော့တစ်ဦးနဲ့တစ်ဦးနဲ့်တိုက်တာတွေ ဘာတွေဖြစ်လာတာပေါ့။ ကျမလည်း ကလေးမွေးဖွားခွင့် ရက်ပြည့်လို့အလုပ်ပြန်ဆင်းပါလေရော အဲဒီမှာပြသာနာ ကစတာ ။ဪ သူ့ရာထူး က HR ပါ။ ။ HR ဆိုတော့ သိတဲ့အတိုင်း နေရာတကာပါရတာပေါ့နော် ဒါပေမဲ့ ကျမနဲ့တော့ ဌာန မတူပါဘူး။ အလုပ်စဆင်းတဲ့ မနက်မှာပဲ စတွေ့တာ ။ကျမတို့ ကို လာကြိုတဲ့ရုံးကား ကဘန်ကားလေး ဘန်ကားဆိုတော့ ရှေခန်းက လူတစ်ယောက် စီးလို့ရတာပေါ့နော် အရင်ကတည်းက ကျမက အဲဒီနေရာမှာစီးနေကျ အလုပ်စဆင်းတော့ ကျမ စီးနေကျနေရာမှာ စီးတာပေါ့။ နောက်မှသိရတာက ကျမခွင့်ယူနေတုန်းက သူကအဲဒီနေရာမှာ စီးတာတဲ့ ။

အဲဒီကတည်းက သူကကျမကို မကျေနပ်တာ ကျမကလည်လည်းဘယ်သိမလဲ? ရုံးရောက်တော့ သူကကျမှကို control လုပ်ဖို့ကြိုးစားတော့တာပဲ။ဪပြောဖို့ မေ.နေတယ် ကျမတို့ သူဌေးက e သိပ်မကောင်းဘူး အဲဒီတော့ သူနဲ့သူဌေး ဆက်သွယ်မှု ကကျမထက်ပိုသာတာပေါ့နော်။ တခါတလေ သူဌေးက တစ်မျိုးပြောရင် သူကတစ်မျိုးပြောင်းပြောတတ်တယ်။သူတစ်ခုမှားသွားရင်လည်း ဘယ်တော့မှမှားကြောင်း ဝန်မခံဘူး။ ကျမကတော့ မှားရင်မှားကြောင်းဝန်ခံတယ်။

ကျမကလည်း လူအဟောင်းဆိုတော့ သူ control လုပ်တာကို မခံချင်ဘူး သူက HR အနေနဲ့ အစည်းအဝေး ဘယ်နေ့ ဘယ်အချိန် တို့ဘာတို့ပြော ရင်တောင် ကျမနား မထောင်ချင်ဘူး (ဗီဇအတိုင်း) နည်းနည်း နောက်ကျမှ သွားလိုက်ရမှကျေနပ်တာ။ ဥပမာ ကျမက သူကိုတခုခု လုပ်ခိုင်းရင်လည်း အချိန်ဆွဲပြီး နာရီဝက်လောက်နဲ့ ပြီးမဲ့ဟာ ကိုလည်း တစ်ရက် နှစ်ရက် နေမှပေးတာလေ။ သူသာသူနှက် ကိုယ်သာကိုယ်နှက် ပဲ ဟဲဟဲ။

ကျမက Payroll တာဝန်ခံ ဆိုတော့ အလုပ်သမား အများစုနဲ့ ဆက်သွယ်ရတယ်လေ။ တရုတ်ပြည် က လာတဲ့တရုတ်တွေဆိုe နားမလည်တော့ သူ့ကိုဘာသာပြန်ပေးဖို့ အကူအညီတောင်းရတယ်လေ အဲဒီလိုအချိန်ဆိုသူက နှက်တာပေါ့။ တကယ်လို့ သူကမြန်မာအလုပ်သမားတွေကို လက်မှတ်ထိုးခိုင်းချင် တာတို့ ဘာတို့ညာတို့ ဆိုရင်တော့ လာထားလေ ကျမက နှက်ပြီပဲ။ မြန်မာအ လုပ်သမားတွေ ကလည်း e သိပ်နားမလည်ကြဘူး တချို့ပြော တာပါ။ နောက်ပြီး သူကတရုတ်တွေရဲ့ ဝါဒအတိုင်းမျက်နှာ လိုက်တယ်လေ။

တိုက်ဆိုင်တာက သူမွေးနေ့နဲ့ ကျမမွေးနေ့က လအတူတူပဲ။ ကျမတို့ Company က Service ၆ လကျော်တဲ့သူ ကိုမွေးနေ့ပွဲလေး ကျင်းပြီလေ့ရှိတယ်။ ကျမမွေးနေ့က ၁၆ ရက်နေ့ အဲဒီ နေ့မှာ မန်နေဂျာ မွေးနေ့ပွဲလေး ကျင်းပပေးတယ် လေ။ နောက်မှသိရတာက သူမွေးနေ့က၁၂ ရက်နေ့တဲ့။ အဲဒါတွေကျတော့ ကျမကဝမ်းသာတာပေါ့နော်။နောက်တခုက Company ကကားက ကျမကိုအသွားရောအပြန်ပါ လာကြိုလာပို့ လုပ်တယ်လေ။ အဲဒါတွေလည်း မနာလိုမှာပေါ့နော် (ကိုယ့်စိတ်နဲ့နှိုင်းပြောတာ)။

ဒီလိုနဲ့ အလုပ်လုပ်လာကြတာ သူက PR လည်း ကြရော အလုပ်ထွက်စာတင်တယ် (သူကတော့မ ပြောပါဘူး သူများတွေပြောတာ)အရင်က သူက SP လေ။ သူနေရာတစ်နေရာရဖို့အ ကျမကိုတိုက်တာလေ။ ပြန်ခါနီး ပြီဆိုရင်လည်း အလုပ်လုပ်ချင်ယောင်ဆောင်ပြီး သူ့ကိုပဲအားလုံးကစောင့်ရတာ။အခုတော့သူ မရှိတော့ပါဘူး။ တိုက်စရာလူ အခုချိန်ထိတော့မရှိသေးပါဘူး။ နောက်ဆိုရင်တော့။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။.


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

အားလုံးသိအောင်

ခရေညို ဖြစ်ပုံကို အားလုံးသိ အောင်ပြောပြ ရအုန်းမယ်။ ခရေညို ဒီဘလောက်လေးလုပ် မယ်ဆိုတော့ အိမ်ကလူကြီး ကို ပြောတယ်။ ခရေညို ဘလောက်ရေးချင် လို့လို့။
သူကဘာပြော တယ်မှတ်လဲ? "ဘလောက်ရေးတယ် ဆိုတာက သူများ တွေဖတ်လို့ကောင်းအောင် အဖွဲ့အနွဲ့တွေ ဘာတွေနဲ့ ရေးရတာ ညည်းကစကားပြောတာ တောင် ဘောက်စက်ဘောက်စတ် နဲ့ " တဲ့ အိမ်ကလူကြီးက အဲဒီလိုပြောတယ်။ ရေးလို့မပြောသလို မရေးနဲ့ လည်း မပြောဘူး။ ဘာမှမပြောတော့ ထောက်ခံတာနဲ့အ တူပဲ လေ။ ( ကိုယ့်အယူအဆ) တိတ်တိတ်နေခြင်း သည်ဝန်ခံခြင်းတဲ့။

ဘာမှတော့မဆိုင်ဘူး ကိုယ်လိုရာ ကိုယ်ဆွဲတွေးတာ။ဒါပေမဲ့ သူ့ကို မေးတဲ့ အချိန်တုန်း က ခရေညို က ဘလောက် လေးကို အစတောင်ပျိုး ပြီးနေပြီ။ အခုလို ရေးနေတာကို အိမ်ကလူ ကြီး မသိသေးဘူး။ နောက်တော့ပြောမှာပါ အခုလောလောဆယ် မပြောချင်သေးလို့။
သွားမပြောကြနဲ့နော် ( မုန့်ဝယ် ကျွေးပါမယ် ) ။ ဘာလို့မပြော တာလဲဆိုတော့ ညည်းစာရေးတာမ ကောင်းဘူးလို့ ပြောမှာကြောက်လို့ ။ ( အမှန်အတိုင်း လက်မခံရဲတာ) ဒါကြောင့်မ ပြောတာ။
အရင်ကဆို စနေ နေ့ သူ အချိန်ပိုဆင်းရင် ပြင်းလိုက်တာ သူ့ကိုမဆင်းဖို့ ပြောရတယ်။ အခု တော့သူကို အချိန်ပိုဆင်းစေ ချင်တယ် ဒါမှ ဘလောက်ရေးလို့ ရမှာ ရုံးမှာ ကစာပဲ ရေးလို့ရတာ web side တိုင်းကိုလည်း အလည်သွား လို့မရဘူး။ သူ မရှိတဲ့ အချိန် ကြမှ အဲဒါတွေ အားလုံးလုပ် ရတာလေ။ အချိန်ရရင် ဘလောက်လေး ကိုခိုးဝင်ဖို့ ပဲကြိုးစားနေတာ ။ သူသိသွားမှာလည်းစိုး နဲ့ တခါတခါ ကိုယ်ဘာသာကိုယ်တောင်ရယ်ချင်တယ်။ရုံးရောက်ရင်တော့ ဝင်တော့တာပဲ။

ခရေညို မေးတဲ့ဟာတွေကို mail ပို့ပြီး ဖြေပေးကြ တဲ့ သူငယ်ချင်း အာလုံး နဲ့ c box မှာလိုအပ်တာ ကိုဝေဖန်ပေး ကြတဲ့သူငယ်ချင်းအားလုံး ကိုကျေးဇူးတင်ပါတယ်နော်။ကိုယ်ကိုတိုင် ဘလောက် ရေးမှ ဘလောက်ကာ တစ်ယောက်ရဲ့ ခံစားချက်ကို နားလည်တော့တယ်။ အရင်က ဘလောက် မရေးခင်ကဆို ဘလောက်တွေ လျှောက်လည် ပြီးရင်ဒီအတိုင်းပဲ ပြန်ပြန်လာခဲ့တာ ဘာခြေရာမှချန်မထားခဲ့ ဘူး။

ဘလောက်ကာ တစ်ယောက် က ကိုယ့်ဘလောက် ကို လာလည်ပြီးပြန်သွားရင် ခြေရာလေးတွေ ဖြစ်ဖြစ် ဘာပဲဖြစ် တစ်ခုတော့ချန်ထား ခဲ့စေချင်ကြတယ်။ အဲဒါလေးတွေကြည့်ပြီး ပီတိ ဖြစ်ကြရတယ်။အခုကိုယ်တိုင်ရေးမှ နားလည်တာ။ ဘလောက်လေးကိုလည်း ကိုယ့်ရဲ့သား/ သမီး လေးလိုတယုတရနဲ့ပေါ့။ စိတ်ထဲမှာ ဟိုဟာထည့်ချင် ဒီဟာ ထည့်ချင်နဲ့။ အိမ်ကလူကြီး ကိုလည်းဘာ လိုသေးလည်း လို့မပြရဲသေးလို့ သူငယ်ချင်းတို့ ပဲ လိုတာလေးပြောပေးကြပါအုန်း။ လိုနေသေးတယ်ဆိုတာ ဘယ်သူမှမ ပြောလဲသိပါတယ်။ ဘာလိုတာလဲတော့မသိဘူး။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို