Thursday, September 10, 2009

ဖြစ်ပုံကဒီလို

ကျမတို့ ရွာမှာ ဒေါ်ညွန့်ဝေ ဆိုတဲ့မိန်းမကြီးတစ်ယောက်ရှိတယ်။သူ့အသက်က ၅၀ကျော်ပြီပေါ့။ သူကစာမတတ်ဘူး စာမတတ်ဘူးဆိုတာ စာရေးစာဖတ်မတတ်တာကိုပြောတာ။ ဒါပေမဲ့ပိုက်ဆံ တို့ဘာတို့တော့ရေတက်တယ်။ သူ့အမျိုးသား နာမည်က ဦးကြည်မောင်တဲ့။ ဦးကြည်မောင်က အရက်သိပ်သောက်တာ သူ့အလုပ်က လက်သမား။ ဦကြည်မောင်က သူများတွေလို အိမ်ကျယ်မဟုတ်ဘူး အိမ်မှာဆိုရင်ကုပ်နေတာပဲ အပြင်မှာဆိုရင် လူတွင်ကျယ်သိပ်လုပ်တာ။

ဒေါ်ညွန့်ဝေကလည်:ဦးကြည်မောင်ကိုအရမ်းနိုင်တာ။ ငယ်နိုင်တွေလို့ပြောသံကြားဖူးတာပဲ။ ဦးကြည်မောင်ကလည်း မူးလာပြီးအပြင်မှာ ဘယ်လောက်ကျယ်ကျယ် ဒေါ်ညွန့်ဝေ ဟေ့ဆိုရင် ပွဲပြးမီးသေပဲ။ သူတို့မှာသား၊သမီး၃ယောက်ရှိတယ်။ အကြီးဆုံးနဲ့ အငယ်ဆုံးက မိန်းကလေးတွေ ။ ဒေါ်ညွန့်ဝေကသူ့သမီးအကြီးဆုံးကို သိပ်ချစ်တာ အဲဒီအကြီးဆုံး သမီးနာမည်က မသောင်းစိန်တဲ့။ မသောင်းစိန် ရုပ်ကလေးက လှတပတရယ်။ ပြီးတော့မသောင်းစိန်က မြို့မှာကျောင်းသွားတက်နေတာ ရွာမှာက လေးတန်းအထိရှိတဲ့ မူလတန်းကျောင်းလေးပဲရှိတာ။ ဒေါ်ညွန့်ဝေ က မသူသောင်းစိန်ကို မတော်တရော်တွေနဲ့ တွေ့မှာကိုအလွန်စိုးတယ်။

နောက်တော့ ဦးကြည်မောင်ကြီး အရက်သောက်လွန်းလို့စိုပြီး ဒေါ်ညွန့်ဝေက အရက်ပြတ်အောင်ဆိုပြီး ဘုန်ကြီး တစ်လလောက်ဝတ်ခိုင်းလိုက်တယ်။ ဒါပေမဲ့ ဦးကြည်မောင်ကြီးဘုန်းကြီးဝတ် နဲ့ပျော်သွားပြီး အခုချိန်ထိ လူမထွက်တော့ဘူး။ ဒေါ်ညွန့်ဝေတို့ အိမ်နီးနားချင်းက ဒေါ်ငွေရီတဲ့ သူက မုဆိုးမ သားတွေချည်း သုံးယောက်။ဒေါ်ငွေရီတို့ မိသားစုက သူတို့ရွာမှာမိုးမကောင်းလို့ဆိုပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှပြောင်းလာတာ။ ဒေါ်ငွေရီရဲ့သားအငယ်ဆုံးလေးက မသောင်းစိန် နဲ့အသက်ရွယ်တူလောက်ပဲ။သူ့သားတွေကလည်း အသက်ငယ်ငယ်နဲ့အရက်သောက် ဖဲရိုက်တဖတ်ကမ်းပဲ။

ရွာမှာဆိုတော့ ခြံစည်းရိုးက အုတ်တံတိုင်းတွေ ဘာတွေ မဟုတ်ဘူး။ ဖြစ်သလိုပဲ တိုင်တစ်တိုင် သစ်ပင် တစ်ပင်ရှိရင် ပြီးပြီ အဲဒါခြံစည်းရိုးပဲ။ဒီတော့ ဒီအိမ်က ဘာဖြစ်တယ်ဘာလုပ်တယ်ဆိုတာကို တစ်ပြီဖက် အိမ်က မမြင်ချင် မသိချင်မှအဆုံးပဲ အကုန်လုံးကိုမြင်ရတယ် ဒီတော့ဒေါ်ငွေရီ ရဲ့သားတွေ ဆိုးတာကို ဒေါ်ညွန့်ဝေက အကုန်သိတာပေါ့။ အဲဒီတော့ ဒေါ်ညွန့်ဝေ က သူ့သမီးကြီး မသောင်းစိန် ကျောင်းပိတ်ရင် ရွာမပြန်လာခိုင်ဘူး။ မြို့ကသူ့ အမအိမ်မှာပဲ နေစေပြီး စက်ချုပ်သင် စေခဲ့တယ်။

ရှစ်တန်း ဖြေပြီး မသောင်းစိန်က ရွာကို ခဏပြန်လာတယ်။ ဒေါ်ညွန့်ဝေ တော့အလုပ်တစ်ခုပိုလာတာပေါ့။ သူ့သမီးကြီး နေ့တိုင်းစောင့်ကြည့်ရတဲ့အလုပ်ပေါ့။ မသောင်းစိန်ကလည်း ရွာကိုပြန်မလာတာကြာပြီဆိုတော့ပျော်နေတာပေါ့။ ဒါကိုပဲ ဒေါ်ညွန့်ဝေက လည်းစိတ်ပူနေတာပေါ့။ တဖက်အိမ်ကကောင်တွေနဲ့ဖြစ်သွားမှာကို အလွန်စိတ်ပူဆိုပဲ၊ သူကသာစိတ်ပူနေတာ မသောင်းစိန်က အဲဒီတဖက်ခြံက လူတွေနာမည်တောင် တိတိ ကျကျမသိရှာပါဘူး။ မသောင်းစိန်ကလည်း သူ့ဘာသာ သူ့သူငယ်ချင်းတွေနဲ့ပျော်နေတာပေါ့။

တစ်နေ့တော့ မသောင်းစိန်က " ချစ်ဦးရေ........ သောကဟူသမျှ အတူတကွ .............မျှခံစားဝေ အသဲနှလုံးက ဒီလောက်က ချစ်တာ............" ဆိုတဲ့ အဆိုတော် "တင်တင်မြ" ရဲ့သီချင်းကို ဆိုတော့ ဒေါ်ညွန့်ဝေက စိတ်ဆိုးဒေါသဖြစ်ပြီး မသောင်းစိန်ကိုလိုက်ရိုက်တာပေါ့။ဒေါ်ညွန့်ဝေက ရိုက်ရင်လည်း တအားကြမ်းတာတဲ့။ မသောင်းစိန်ကလည်း ထွက်ပြေးရင်းနဲ့ ရွာထဲက လယ်ကူလီ လေးတစ်ယောက်နဲ့ထွက်ပြေးသွားတယ်။ နောက်မှသိရတာက ဒေါ်ငွေရီ ရဲ့သားအငယ်ဆုံးကလေးနာမည် က " ချစ်ဦး" တဲ့။

(ဒေါ်ညွန့်ဝေကလည်း အဲဒီသီချင်းကိုကြားမှမကြားဘူး တာကို။)

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

8 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ..

ဖြစ်ရလေ ဒေါ်ညွန့်ဝေ ရယ်...

မသောင်းစိန် က လဲ ဒီသီချင်းကိုမှ ဆို မိရတယ်လို့....

ဟ ဟ...

naychi said...

ဟဟး)
ဖြစ်တတ်တယ်နော်..

မိုးစက်အိမ် said...

ဖြစ်ရမယ် ဖြစ်ရမယ် ဖြစ်ကိုဖြစ်ရမယ် အဟတ်
အစ်မခရေညိုရော သီချင်းလေးဘာလေး မဟစ်ဘူး
လားဗျ ... :)

ဂေါက်သီးနဲ့ရှောက်သီး said...

ဟဟ..ရေးလည်းရေးတက်ပါ့အမရာ၊တကယ်ကိုပေါ့ပေါ့ပါးပါးလေးနဲ့ကိုရယ်ရတယ်။

ရွက်လွင့်ခြင်း said...

အမရေ ဖတ်ရင်းနဲ့ ကို ရီချင်ပါတယ်
လောကမှာ ဒီလိုတွေလည်း ဖြစ်တက်ပါလားလို့ 
း)

Htoo Aung Lwin said...

ဟဟ
ဖြစ်ရမယ်
တိုက်ဆိုင်လိုက်တာများကွာ ဖေဖော်ဝါရီ ကိုးရက်.......
ဒီသီချင်းလေးလိုပဲ...........။

ကိုလူထွေး said...

ကိုချစ်ဦးနဲ့ ညားသွားမိရင်တော့ ပြောစရာတွေ ပိုဖြစ်တော့မှာပဲ...

းဝ)

Anonymous said...

အင်..... ဖြစ်ပုံများ...အဟေဟေ