Tuesday, September 1, 2009

အားလုံးသိအောင်

ခရေညို ဖြစ်ပုံကို အားလုံးသိ အောင်ပြောပြ ရအုန်းမယ်။ ခရေညို ဒီဘလောက်လေးလုပ် မယ်ဆိုတော့ အိမ်ကလူကြီး ကို ပြောတယ်။ ခရေညို ဘလောက်ရေးချင် လို့လို့။
သူကဘာပြော တယ်မှတ်လဲ? "ဘလောက်ရေးတယ် ဆိုတာက သူများ တွေဖတ်လို့ကောင်းအောင် အဖွဲ့အနွဲ့တွေ ဘာတွေနဲ့ ရေးရတာ ညည်းကစကားပြောတာ တောင် ဘောက်စက်ဘောက်စတ် နဲ့ " တဲ့ အိမ်ကလူကြီးက အဲဒီလိုပြောတယ်။ ရေးလို့မပြောသလို မရေးနဲ့ လည်း မပြောဘူး။ ဘာမှမပြောတော့ ထောက်ခံတာနဲ့အ တူပဲ လေ။ ( ကိုယ့်အယူအဆ) တိတ်တိတ်နေခြင်း သည်ဝန်ခံခြင်းတဲ့။

ဘာမှတော့မဆိုင်ဘူး ကိုယ်လိုရာ ကိုယ်ဆွဲတွေးတာ။ဒါပေမဲ့ သူ့ကို မေးတဲ့ အချိန်တုန်း က ခရေညို က ဘလောက် လေးကို အစတောင်ပျိုး ပြီးနေပြီ။ အခုလို ရေးနေတာကို အိမ်ကလူ ကြီး မသိသေးဘူး။ နောက်တော့ပြောမှာပါ အခုလောလောဆယ် မပြောချင်သေးလို့။
သွားမပြောကြနဲ့နော် ( မုန့်ဝယ် ကျွေးပါမယ် ) ။ ဘာလို့မပြော တာလဲဆိုတော့ ညည်းစာရေးတာမ ကောင်းဘူးလို့ ပြောမှာကြောက်လို့ ။ ( အမှန်အတိုင်း လက်မခံရဲတာ) ဒါကြောင့်မ ပြောတာ။
အရင်ကဆို စနေ နေ့ သူ အချိန်ပိုဆင်းရင် ပြင်းလိုက်တာ သူ့ကိုမဆင်းဖို့ ပြောရတယ်။ အခု တော့သူကို အချိန်ပိုဆင်းစေ ချင်တယ် ဒါမှ ဘလောက်ရေးလို့ ရမှာ ရုံးမှာ ကစာပဲ ရေးလို့ရတာ web side တိုင်းကိုလည်း အလည်သွား လို့မရဘူး။ သူ မရှိတဲ့ အချိန် ကြမှ အဲဒါတွေ အားလုံးလုပ် ရတာလေ။ အချိန်ရရင် ဘလောက်လေး ကိုခိုးဝင်ဖို့ ပဲကြိုးစားနေတာ ။ သူသိသွားမှာလည်းစိုး နဲ့ တခါတခါ ကိုယ်ဘာသာကိုယ်တောင်ရယ်ချင်တယ်။ရုံးရောက်ရင်တော့ ဝင်တော့တာပဲ။

ခရေညို မေးတဲ့ဟာတွေကို mail ပို့ပြီး ဖြေပေးကြ တဲ့ သူငယ်ချင်း အာလုံး နဲ့ c box မှာလိုအပ်တာ ကိုဝေဖန်ပေး ကြတဲ့သူငယ်ချင်းအားလုံး ကိုကျေးဇူးတင်ပါတယ်နော်။ကိုယ်ကိုတိုင် ဘလောက် ရေးမှ ဘလောက်ကာ တစ်ယောက်ရဲ့ ခံစားချက်ကို နားလည်တော့တယ်။ အရင်က ဘလောက် မရေးခင်ကဆို ဘလောက်တွေ လျှောက်လည် ပြီးရင်ဒီအတိုင်းပဲ ပြန်ပြန်လာခဲ့တာ ဘာခြေရာမှချန်မထားခဲ့ ဘူး။

ဘလောက်ကာ တစ်ယောက် က ကိုယ့်ဘလောက် ကို လာလည်ပြီးပြန်သွားရင် ခြေရာလေးတွေ ဖြစ်ဖြစ် ဘာပဲဖြစ် တစ်ခုတော့ချန်ထား ခဲ့စေချင်ကြတယ်။ အဲဒါလေးတွေကြည့်ပြီး ပီတိ ဖြစ်ကြရတယ်။အခုကိုယ်တိုင်ရေးမှ နားလည်တာ။ ဘလောက်လေးကိုလည်း ကိုယ့်ရဲ့သား/ သမီး လေးလိုတယုတရနဲ့ပေါ့။ စိတ်ထဲမှာ ဟိုဟာထည့်ချင် ဒီဟာ ထည့်ချင်နဲ့။ အိမ်ကလူကြီး ကိုလည်းဘာ လိုသေးလည်း လို့မပြရဲသေးလို့ သူငယ်ချင်းတို့ ပဲ လိုတာလေးပြောပေးကြပါအုန်း။ လိုနေသေးတယ်ဆိုတာ ဘယ်သူမှမ ပြောလဲသိပါတယ်။ ဘာလိုတာလဲတော့မသိဘူး။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

5 comments:

ရွက်လွင့်ခြင်း said...

စိတ်ထဲရှိတာသာရေး
ဘာရေးရေးဖတ်မှာပဲ
ရေးပါများရင်းနဲ့  ကြာလာရင်
ပျင်းမှာတောင်စိုးရတယ်း)
ဘာမှရေးစရာ မရှိရင် အိမ်ကလူကြီးနဲ့ 
စာပေးစာယူတွေပြန်တင်
း))

ရွက်လွင့်ခြင်း said...

အကြံပြုပါရစေ
comment မှာ word varification ဖြုတ်ထားရင် ပိုကောင်းမယ်

rose of sharon said...

ဒို့ရေးတာလဲ အိမ်ကလူမသိဘူး... ရဲဘော်ဆက်လုပ်း)

Anonymous said...

ဂင်.... အဲဒါပဲ... မိန်းမတွေ ညားပြီးလို့ နှစ်နဲနဲကြာတာနဲ့ အိမ်ဦးနတ်ကို မရိုမသေ မလေးမစား လုက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြှော်မာန်လျော့..... အင်... ဘယ်ရောက်သွားလဲ ရေးရင်းနဲ့ ဘုရာရှိခိုးတာ ရောက်သွားတယ်..ဟိ။..
မရဘူးတိုင်ပြောမယ် ဒါပဲ..။

Myanmar Good Knowledg Co., Ltd said...

ဟားဟားဟား၊ ကျွန်မလည်း အဲလိုပဲ။