Tuesday, September 8, 2009

"အနေတော် ခင်ငြိမ်း"

ဟိးုရင်က ကျမ မမွေးခင် ကျမတို့ရွာမှာ လူကြီးတစ်ယောက်ရှိတယ်။
သူ့နာမည် က ဦးထွန်းကြိုင် အသက်က ၄၀ကျော်ကျော် ပေါ့။ သမီးကလေးတစ်ယောက်အဖေ မုဆိုးဖို။ သူ့သမီးလေးက အသက်၁၇ နှစ် ဝန်းကျင် လှချင် ပချင်တဲ့အရွယ်ပေါ့။ နာမည်က ခင်ငြိမ်း လို့ခေါ်တယ်။

အဲဒီ ဦးထွန်းကြိုင် ကြီး ကသိပ်အားနာ တက်တာ။ ဥပမာ သူကအရက်မသောက် တတ်ဘူး ဒါပေမဲ့ သောက်တတ်လူက သူ့ကိုတိုက်ခိုင်ရင် သူကလိုက်တိုက်တယ်။
သူနဲ့အတူတူ ထိုင်ပြီးစကား အလာပသလာပ ရောက်တတ်ရာရာပြောကြတယ်ဆိုကြပါစို့ သူသိတဲ့အရာတစ်ခု တခြားလူ ကအမှားတွေပြောနေရင် တောင် မှန်ကြောင်း ထောက်ခံတာ။ အဲလိုမျိုး လူ။

သူ့သမီးအကြောင်း ပြောရအုန်းမယ်။ သူသမီးက မျက်နှာမှာ ကျောက်ပေါက်ခွက်တွေနဲ့ အသားကလည်း မည်းမည်း ရုပ်ဆိုးထဲကို ပါတဲ့ရုပ်။ အရိပ်ကလည်းပုပု ။ သူသမီးက ပွဲလမ်းတွေသိပ်သွားချင်တာ ။တစ်နေ့တော့ တခြားရွာက ဘုရားပွဲကို သူသမီးက သွားဖို့ ပြင်ဆင်ပြီး ဦးထွန်းကြိုင်ကြီးကိုမေးတယ်။

"အဘ သမီးပြင်ဆင်ထားတာလှရဲ့လားတော်" လို့မေးတယ်။ အဲဒါမှခက်ပြီး ဦးထွန်းကြိုင် ကအရမ်းအာနာတတ်တော့ဘယ်လိုပြောရမှန်းမသိဘူး ဖြစ်နေတယ်။ သူ့သမီးမလှဘူး ဆိုတာတော့သူလည်းသိတယ် မလှဘူးလို့ ပြောရမှာလည်းအားနာတယ် လှပါတယ်လို့လည်းညာမပြောချင်ဘူး။
ဒါနဲ့သူလည်း ပြောလိုက်တယ် " အနေတော်ပဲ" တဲ့။

အဲဒီအချိန်ကစပြီး သူ့သမီးနာမည်က "အနေတော် ခင်ငြိမ်း" ဆိုပြီး အော်တိုပြောင်းသွားတယ်။ သူ့မြင်ရင် ရွာထဲကလူတွေ "အနေတော် ခင်ငြိမ်း" လို့ပဲခေါ်တော့တယ်။
ဦးထွန်းကြိုင်ကြီးကလည်း သူသမီး လုံမတို့ သမီးတို့မခေါ်တော့ပဲ "အနေတော်ရေ " "အနေတော်လေးရေလို့" ပဲခေါ်တော့တယ်တဲ့။သူကလည်းသဘောတွေကျလို့ဆိုပဲ။
(သဘောကျမှာပေါ့ ရုပ်ဆိုးတယ်လို့ပြောတာမှမဟုတ်တာကို။)

အခုတော့ သူတို့သာအဖလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ အခုချိန်ထိ "အနေတော် ခင်ငြိမ်း" ဆိုတာကိုကျမတို့ ရွာမှာပြောနေကြတုန်းပဲ။ ကောင်မလေးတွေ လှတပတ ပြင်ထားပြီဆိုရင် "အနေတော် ခင်ငြိမ်း" လို့ခေါ်ကြတော့တာပဲ။

(မှတ်ချက်။ ။ ခရေညိုကတော့ "အနေတော်ခင်ငြိမ်း" မဟုတ်ပါ)

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

5 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ..

အနေတော် ခင်ငြိမ်း ကို ဖတ်ပြီးတော့... ခရေညို ရဲ့ အရေးအသားတွေကို သဘောကျတယ်။ ရေးလဲ ရေးတတ်တယ်..ပြောလဲ ပြောတတ်တယ် ခရေ ရယ်.. အနေတော် လေး တဲ့...


ကျန်းမာ ပျော်ရွင်ပါစေ ခရေ..

မိုးစက်အိမ် said...

ဟားဟား ရယ်ရီတယ် အမက ကိုယ်.ကို ကိုယ်ကာတာဘူးရဘူး
အနော်ကတော. နာမည်ဖျက်ပြီ အနေတော် ခရေညို ... :P ခင်လို.
စသွားတာနော် ... :)

ဂေါက်သီးနဲ့ရှောက်သီး said...

ဟဟဟ..အနေတော်ခင်ငြိမ်းမဟုတ်ဘူးဆိုတော့၊ ကိုယ့်ကိုကိုယ်ကြော်ငြာက
ဝင်ထားပါ့ဗျာ ဖတ်ရတာလည်းကောင်းပါ့
အဆင်ပြေပါစေဗျာ..

naychi said...

စကားတလုံးတော့ ရသွားပြီး)

Myanmar Good Knowledg Co., Ltd said...

အဟင်း၊ ရီရတယ်။ ခရေညိုဘာကိုရေးရေးသွက်သွက်ကလေးပဲနော်။ ပြီး ရီရတယ်။