Tuesday, September 8, 2009

စဉ်းစားပေးကြပါအုန်း

ကျမအသိတစ်ယောက်အကြောင်းပြောပြအုန်းမယ်။ သူနာမည် ကမမိုး လို့ခေါ်တယ်။
သူနဲ့ ဘယ်လိုသိခဲ့တာလည်းဆိုတာကနေ အရင်ပြောပြမယ်နော်။ အိမ်ကလူကြီး ကျွန်းနိုင်ငံလေးမှာ အလုပ်လုပ်နေတော့ သူကကျမတို့ကို သူနဲ့ ဆက်သွယ်လို့လွယ်အောင်လို့ဆိုပြီး ရန်ကုန် ကသူ့အမ အိမ်မှာနေစေခဲ့တယ်။ အညာမှာဆိုတော့ သူ့ကိုဆက်သွယ်ရတာ အခက်အခဲရှိတယ်လေ။

ဒီလိုနဲ့ ကျမတို့သာအမိနှစ်ယောက်လည်း ရန်ကုန်မှာ ၁ နှစ် နီးပါလောက်နေခဲ့တယ်။
(ဒုတိယ သားလေးက ဒီရောက်ပြီး ၂ နှစ်ကျော် မှမွေးတာ) ကျမတို့ ရန်ကုန်မှာနေတော့ သားကြီး ၃နှစ် ကျော်ပြီ အဲဒီတော့ သာကြီး ကမူကြိုနေတယ် .......

အဲဒီမူကျောင်းမှာပဲ မမိုးနဲ့ စသိတာ ။ မမိုး ရဲ့ သားကလည်း မူကြိုတက်တယ်လေ။
သိတယ်ဆိုတာကလည်း ကျမကပဲသူကိုသိတာ သူကမသိဘူးထင်တာပဲ။ သူကလှတယ် ........့ ကလေးတစ်ယောက် အမေလို့တောင်မထင်ရဘူး ။ ကျမကတော့ အညာသူ ဆိုတော့ သူလိုတော့မပြင်တတ် မဆင်တတ်တော့မလှဘူးထင်ရတယ်

(ညိုချောလေးပါတဲ့ အိမ်ကလူကြီး စကား) ဟီ ဟိ....... ။

တိုတိုပြောရရင် သူကကျမကို မသိဘူး ကျမကသူ့ကိုသိတယ်။ မူကြိုကျောင်း မှာ သားကြီးတတ်ပြီး ၅လ လောက် နေတော့အိမ်ကလူကြီး ကပြောတယ် နောက် ၁လလောက်နေရင် သူ့ဆီလိုက်လာလို့ရပြီတဲ့။ အဲဒါကြောင့် မူကြိုကျောင်း ကို ထွက်တော့မယ် လို့ one month notic ပေးလိုက်တယ်။
( အဲဒီကျောင်းက ထွက်မယ်ဆိုရင်တစ်လကြိုပြောရတယ်) ။

ကျမပြောပြး တစ်ရက် နှစ်ရက်နေတော့ မမိုးကကျမကို လာပြီးမိတ်ဆက်တယ်။ ကျမလည်း အံ့ဩတာပေါ့ ဘာဖြစ်လို့ ငါ့ကိုလာပြီးစကားပြောတာလဲလို့။ အရင်က ကျမကို စကားပြောဖို့ နေနေသာသာ ဂရုတောင် မစိုက်ဘူး။ ( ကိုယ့်အထင်)

ဒါနဲ့ဒီရောက်လာတယ် စိုကြပါစို့..............။

လွန်ခဲ့တဲ့ တစ်ပတ် ကကျမကို မမိုး ဖုန်းဆက်တယ်

(phone number ကို အိမ်ကလူကြီး အမဆီကရတာတဲ့)။
အခုမမိုး ဒီကိုလာပြီး အလုပ်လာလုပ်တာတဲ့။သူ့အလုပ်က maid တဲ့။ ကျမကို တွေ့ချင်လို့တဲ့ အဲဒါသူအိမ်ရှင်ကို ဖုန်းဆက်ပေးပါတဲ့။ ကျမက သူ့ညီအမဝမ်းလို့ ပြောပါတဲ့
သူအပြင်ကို သွားချင်လို့တဲ့။

ကျမအနေ နဲ့စဉ်းစားရပြီ သူ့အကြောင်းကိုလည်း ဘာမှမသိဘူး။ ပြီးတော့သူနဲ့ ကလည်းသိပ်မရင်းနှီးဘူး။ အိမ်ကလူ ကြီးကိုမေးတော့ သဘောပဲတဲ့။ အဲဒါသာကြည့်တော့ တို့အိမ်ကလူကြီ:က အရမ်းအေးတာ .....

(ရေခဲတုံးကြီး ဒါသာသူဖတ် မိရင် ခရေညိုကို ...........................)

ကဲ ဘယ်လိုလုပ်ရမလဲ?
မမိုးပြောသလို လုပ်သင့်သလား?
မလုပ်သင့်ဘူးလား?
ကူညီပြီးစဉ်းစား ပေးကြပါအုန်းနော်။


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

5 comments:

ကိုမျိုး (အညာမြေ) said...

အင်း.. ခရေ ပြောသလိုဆို..

မမိုး က ဒီမှာ ခရေ ရဲ့ အကူအညီ လိုနေတာ သေချာပါတယ်။

မဆက်သွယ်ပြန်တော့လဲ မမိုး မှာ ဘာအခက်အခဲ..ဘာအကူအညီ လိုနေတယ် ဆိုတာ မသိရပြန်ဘူး။

ကျနော့ အလိုအရဆိုရင် မမိုးကို ဆက်သွယ်ပါ့မယ်..

အကျိုးအကြောင်း သိတော့ ကူညီနိုင်ရင် ကူညီရတာပေါ့...

ရွက်လွင့်ခြင်း said...

မခရေညိုရေ
အကြံပြုပါရစေဗျာ
မမိုးအနေနဲ့  ကျိန်းသေပေါက် မခရေညိုရဲ့ အကူအညီကို လိုမှာသေချာပါတယ်
မခရေ အနေနဲ့ လည်း သူ့ သဌေးဖုန်းနံပါတ်ဖြစ်ဖြစ် ယူထားပေါ့
ကိုယ်အာမခံထားလို့  အပြင်ထွက်ခွင့်ရရင်းနဲ့  အခြေအနေ မဟန်ဘူးဆိုရင် သူ သဌေးကို ပြောပြလိုက်တော့ပေါ့
သေချာ စဉ်းစားပါလေ

ကိုရင်နော်ခင်လေးငယ် said...

အဟေးဟေး ဒီကိစ္စဆို စိတ်မပူနဲ့ မေလေး နဲ့ ဆက်သွယ်ပေးလိုက်...း)

မီးမီးချစ် said...

ကူညီလိုက်ပါ မမရယ် သနားပါတယ်..
အိမ်တော့ မခေါ်နဲ့ ပေါ့...

naychi said...

မမရေ.. မေလေးကို မေးကြည့်ပါလား..