Tuesday, September 1, 2009

ရုံးကတရုတ်မ

ခရေညို့ ရုံးကအကြောင်းအရာလေးတချို့ပြောပြချင်တယ် သူငယ်ချင်းတို့။
ကျမ အခုလက်ရှိအလုပ်လုပ် နေတဲ့ company မှာ နှစ် နှစ်ရှိပြီ။ ပထမ တစ်နှစ် နီးပါးမှာ ခရေညိုက ကလေးမွေဖွားခွင့် (8 )ပတ် ရတယ် အဲဒီအချိန် မှာပဲ မလေးရှား ကတရုတ်မ အသစ်တစ်ယောက် company ကိုရောက်လာတယ်။ ပြောပြရအုန်း မယ် သူမရောက်ခင်ကဆို ကျမတို့ company ကဝန်ထမ်းတွေ ကသိပ်ပျော်စရာကောင်းတာ စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ် ကြတာ။

သူရောက်လာ တော့တစ်ဦးနဲ့တစ်ဦးနဲ့်တိုက်တာတွေ ဘာတွေဖြစ်လာတာပေါ့။ ကျမလည်း ကလေးမွေးဖွားခွင့် ရက်ပြည့်လို့အလုပ်ပြန်ဆင်းပါလေရော အဲဒီမှာပြသာနာ ကစတာ ။ဪ သူ့ရာထူး က HR ပါ။ ။ HR ဆိုတော့ သိတဲ့အတိုင်း နေရာတကာပါရတာပေါ့နော် ဒါပေမဲ့ ကျမနဲ့တော့ ဌာန မတူပါဘူး။ အလုပ်စဆင်းတဲ့ မနက်မှာပဲ စတွေ့တာ ။ကျမတို့ ကို လာကြိုတဲ့ရုံးကား ကဘန်ကားလေး ဘန်ကားဆိုတော့ ရှေခန်းက လူတစ်ယောက် စီးလို့ရတာပေါ့နော် အရင်ကတည်းက ကျမက အဲဒီနေရာမှာစီးနေကျ အလုပ်စဆင်းတော့ ကျမ စီးနေကျနေရာမှာ စီးတာပေါ့။ နောက်မှသိရတာက ကျမခွင့်ယူနေတုန်းက သူကအဲဒီနေရာမှာ စီးတာတဲ့ ။

အဲဒီကတည်းက သူကကျမကို မကျေနပ်တာ ကျမကလည်လည်းဘယ်သိမလဲ? ရုံးရောက်တော့ သူကကျမှကို control လုပ်ဖို့ကြိုးစားတော့တာပဲ။ဪပြောဖို့ မေ.နေတယ် ကျမတို့ သူဌေးက e သိပ်မကောင်းဘူး အဲဒီတော့ သူနဲ့သူဌေး ဆက်သွယ်မှု ကကျမထက်ပိုသာတာပေါ့နော်။ တခါတလေ သူဌေးက တစ်မျိုးပြောရင် သူကတစ်မျိုးပြောင်းပြောတတ်တယ်။သူတစ်ခုမှားသွားရင်လည်း ဘယ်တော့မှမှားကြောင်း ဝန်မခံဘူး။ ကျမကတော့ မှားရင်မှားကြောင်းဝန်ခံတယ်။

ကျမကလည်း လူအဟောင်းဆိုတော့ သူ control လုပ်တာကို မခံချင်ဘူး သူက HR အနေနဲ့ အစည်းအဝေး ဘယ်နေ့ ဘယ်အချိန် တို့ဘာတို့ပြော ရင်တောင် ကျမနား မထောင်ချင်ဘူး (ဗီဇအတိုင်း) နည်းနည်း နောက်ကျမှ သွားလိုက်ရမှကျေနပ်တာ။ ဥပမာ ကျမက သူကိုတခုခု လုပ်ခိုင်းရင်လည်း အချိန်ဆွဲပြီး နာရီဝက်လောက်နဲ့ ပြီးမဲ့ဟာ ကိုလည်း တစ်ရက် နှစ်ရက် နေမှပေးတာလေ။ သူသာသူနှက် ကိုယ်သာကိုယ်နှက် ပဲ ဟဲဟဲ။

ကျမက Payroll တာဝန်ခံ ဆိုတော့ အလုပ်သမား အများစုနဲ့ ဆက်သွယ်ရတယ်လေ။ တရုတ်ပြည် က လာတဲ့တရုတ်တွေဆိုe နားမလည်တော့ သူ့ကိုဘာသာပြန်ပေးဖို့ အကူအညီတောင်းရတယ်လေ အဲဒီလိုအချိန်ဆိုသူက နှက်တာပေါ့။ တကယ်လို့ သူကမြန်မာအလုပ်သမားတွေကို လက်မှတ်ထိုးခိုင်းချင် တာတို့ ဘာတို့ညာတို့ ဆိုရင်တော့ လာထားလေ ကျမက နှက်ပြီပဲ။ မြန်မာအ လုပ်သမားတွေ ကလည်း e သိပ်နားမလည်ကြဘူး တချို့ပြော တာပါ။ နောက်ပြီး သူကတရုတ်တွေရဲ့ ဝါဒအတိုင်းမျက်နှာ လိုက်တယ်လေ။

တိုက်ဆိုင်တာက သူမွေးနေ့နဲ့ ကျမမွေးနေ့က လအတူတူပဲ။ ကျမတို့ Company က Service ၆ လကျော်တဲ့သူ ကိုမွေးနေ့ပွဲလေး ကျင်းပြီလေ့ရှိတယ်။ ကျမမွေးနေ့က ၁၆ ရက်နေ့ အဲဒီ နေ့မှာ မန်နေဂျာ မွေးနေ့ပွဲလေး ကျင်းပပေးတယ် လေ။ နောက်မှသိရတာက သူမွေးနေ့က၁၂ ရက်နေ့တဲ့။ အဲဒါတွေကျတော့ ကျမကဝမ်းသာတာပေါ့နော်။နောက်တခုက Company ကကားက ကျမကိုအသွားရောအပြန်ပါ လာကြိုလာပို့ လုပ်တယ်လေ။ အဲဒါတွေလည်း မနာလိုမှာပေါ့နော် (ကိုယ့်စိတ်နဲ့နှိုင်းပြောတာ)။

ဒီလိုနဲ့ အလုပ်လုပ်လာကြတာ သူက PR လည်း ကြရော အလုပ်ထွက်စာတင်တယ် (သူကတော့မ ပြောပါဘူး သူများတွေပြောတာ)အရင်က သူက SP လေ။ သူနေရာတစ်နေရာရဖို့အ ကျမကိုတိုက်တာလေ။ ပြန်ခါနီး ပြီဆိုရင်လည်း အလုပ်လုပ်ချင်ယောင်ဆောင်ပြီး သူ့ကိုပဲအားလုံးကစောင့်ရတာ။အခုတော့သူ မရှိတော့ပါဘူး။ တိုက်စရာလူ အခုချိန်ထိတော့မရှိသေးပါဘူး။ နောက်ဆိုရင်တော့။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။.


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

3 comments:

rose of sharon said...

တော်သေးတာပေါ့နော်... အလုပ်ထွက်သွားလို့... စိတ်ဓာတ်မကောင်းသူနဲ့ အလုပ်တွဲလုပ်ရတာ စိတ်ညစ်ဖို့ကောင်းတယ်

ရွက်လွင့်ခြင်း said...

ဒီလိုပါပဲဗျာ
ဘယ်နေရာရောက်ရောက်
"စိတ်ရှည်၊ သည်းခံ၊ ဇွဲရှိရန်"
ဒိဆောင်ပုဒ်လေးကို လက်ကိုင်ထားပေါ့

Anonymous said...

အမဘောစိ အီးမကောင်းဘူးလားဗျ ဒါဆို ဒုံးပျံလား... ဘာလားမသိဘူး ဝမ်းနှုတ်ဆေးကျွေးလိုက်လေ ကောင်းလာမှာပါ အဲဒါမှမရရင်တော့ ဆပ်ပြာကို ထိပ်ချွန်ပြီးသာ ဝမ်းချူပေးလိုက် သိလား... ဟီ...
အင် ပြောပုံက ကြောက်စရာပါလား တိုက်စရာ လူမရှိဘူးဆိုတော့ တိုက်စ၇ာ လူရှိအောင်ပဲ ကိုယ်တွေက လုပ်ပေးရမလိုလို..ဟီ