Tuesday, October 6, 2009

အမေသို့ လွမ်းချင်း

အမေဆို တာလူတိုင်းမှာရှိကြပါတယ်။ အမေ့ကို လူတိုင်းကလည်းချစ်ကြမှာပါ ဒီလိုပဲ အမေတိုင်းကလည်း သားသမီးတွေကို ရင်နှင့် အမျှချစ် ကြတယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာမလိုပါဘူးရှင်။ ကျမရဲ့ အမေဟာလည်း ကျမကို အငယ်ဆုံးဆိုပြီး ပိုချစ်ပိုအလိုလိုက်ပါတယ်။ အခုလို ကျမအဝေးတနေရာကို ရောက်နေတော့ အမေ က ကျမကို အရမ်း တမ်းတ လွမ်းနေမှာဆိုတာ အသေအခြာပါပဲ။ ကျမလည်း အမေ့ကို အရမ်းလွမ်း လှပါပြီရှင်။

အမေ့ ကို မတွေ့ရတာ လေး နှစ်ရှိပြီလေ။ ကျမငယ်ငယ် လေးကတည်း ကအမေက ကျမလိုချင်တာမှန် သမျှကို အတက်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့ ကျမကတော့
အမေ လိုချင်တာကို လုပ်ဆောင် မပေးနိုင်ခဲ့ပါဘူး။ ကျမဒီကိုမလာခင် အမေက ၂ နှစ်
တစ်ခါပြန် ခဲ့ဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျမလုပ်ဆောင်မပေးနိုင် ခဲ့ပါဘူး။
အခုချိန်မှာ ကျမ အမေ့ဆီပြန်ဖို့ ကြိုးစားနေပါတယ် အမေက တော့ ကျမကို ဘာကြောင့်မပြန် လာနိုင်တယ်ဆို တာကို ကျမဘာမှမပြော ခင်ကတည်းက နားလည် ခွင့်လွတ် ပေးခဲ့ပါတယ်။

ကျမရဲ့ အမေက အညာသူပါပဲရှင်.. အမေကဘယ်တော့မှ အခြယ်အသ မရှိခဲ့ပါဘူး။
ကျမ ၁၀ တန်း အောင်တဲ့နှစ်ကပဲ အမေသနပ်ခါး လိမ်းတာကိုမြင် ခဲ့ဘူးတယ်။
အဲဒီလိုနေခဲ့ တဲ့အမေ ဒီ လေး နှစ်အတောအတွင်း မှာလည်း ဘာမှမပြင်မဆင် ပဲ
ကျမကိုမျှော် နေမှာပဲ....................
အမေ ဆီ ကိုဖုန်းဆက်တိုင်း ကျမ ကို ဘယ်တော့အလည်ပြန်လာမှာလဲ လို့လည်း ခဏ ခဏ မေးတတ်ပါတယ်။ အမေရယ် အမေ့ပေါ် တာဝန်မ ကျေခဲ့သမီးကိုခွင့်လွတ်ပါနော်။ ကျမလည်း ဒီနှစ်တော့ အမေ့ဆီကိုပြန်ဖို့ ပြင်ဆင်ပြီးပါပြီ။ အမေ့ကို ကျမပြန်လာခဲ့မယ် လို့ ပြော တုန်းကအမေ့ရဲ့ အသံက ကလေးတစ်ယောက် လို ပျော်ရွှင်နေတယ်လေ။ ကျမလည်း ဒီလိုပါပဲ အမေ့ကို တွေ့ရတော့ မယ်ဆို တော့တွေး တွေးပြီး ပျော်နေတာလေ................။


အခုဆို ကျမအမေက (07/10/09) မှာ အသက် (၆၁) နှစ် ပြည့်ပါပြီ။ အရင်တုန်းက အမေ့မွေးနေ့တိုင်း တတ်နိုင်တဲ့ ကောင်းမှူ့လေးတွေ ပြူလုပ်ကြပါတယ်။ အခု ကျမတို့ မောင်နှမတွေက တနေရာဆီဆို တော့ အမေ့မွေးနေ့ကို မကျင်းပ နိုင်ကြတော့ပါဘူး။ အမေ ဒီအချိန်ဆို အမေဘာတွေလုပ်နေမလဲ ကျမပြန်လာရင်စားဖို့ကျမကြိုက်တဲ့ အစာအစာတွေကိုချက် ကျွေးဖို့တွေးပြီးပျော်နေမယ်ထင်တယ်။ ကျမလည်း အမေ့ကို လွမ်းလှပါပြီ။
အမေ့ဆီ ပြန်ရမဲ့ရက်ကို အမြန်ဆုံးရောက်ပါစေလို့ဆုတောင်းနေပါတယ်။

ပြီးတော့ အမေ့ကျေးဇူးကို ပြန်ဆပ်နိုင်တဲ့ သမီး ဖြစ်ပါရစေလို့လည်း ကျမနေ့တိုင်းဆုတောင်းနေပါတယ်....................။

(07/10/09) တွင်ကျရောက်သောအမေ့မွေးနေ့အမှတ်တရ။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

7 comments:

Myanmar Good Knowledg Co., Ltd said...

ခရေညို ရေ၊ အမေ့ကို သတိရနေတယ်လား။
ကျွန်မသိပါတယ်။ ခရေညို.လို အမြဲ နောက်တီးနောက်တောက်ပြောတတ်၊ ပျော်ပျော်နေတတ်တဲ. သမီးလေးကို ခရေညို.အမေကတော့ ပို လွမ်းနေမှာပေါ.။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ...

Happy Birthday to ur Mom... နော်.. တွေ့ရင်လဲ ပြောလိုက်အုံး.. ကိုမျိုးက Happy Birthday လို့ ပြောတယ်လို့။

ခင်မင်စွာဖြင့်..
ကိုမျိုး

thawzin said...

အမေကို ကျေးဇူးဆပ်ချင်ရင် တရားတွေ နာခိုင်း ဥပုသ်တွေစောင့်ခိုင်းပေါ့... သမီးကိုသတိရတိုင်း တရားရိပ်လေး ၀င်ခိုပြီး အပန်းဖြေ အလွမ်းဖြေပါလို့ တိုက်တွန်းရင်လဲ တနည်းတလမ်းနဲ့ ကျေးဇူးဆပ်ခြင်းလို့ ယူဆပါသည်။ အဖေကိုလဲ ထိုနည်းလည်းကောင်းပေါ့။ အကြံပြုချင်တာက မိဘကို လွမ်းရင် မိမိရဲ့ စိတ်ကလေးမှာ ကုသိုလ်စိတ်လေးတွေ အမြဲဖြစ်နေအောင် ကြိုးစားပါလို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ “မိဘထက် ကိုယ့်အပေါ်ကောင်းတာ မိမိရဲ့ စိတ်ထားကောင်းလေးပါ”

မေလေး said...

ခရေညိုရယ် တို့ဘဝတွေက တူတူပါဘဲဟယ်။ မိဘတွေကို စိတ်မချပေမဲ့ မတတ်တာလို့ အဝေးကနေဘဲ စောင့်ရှောက်နေရတယ်။

maylay said...

ခရေညိုရေ ခရေ့မေမေ သက်ရာကျော်ရှည်ပါစေ အနာရောဂါကင်းဝေးပြီး သားသမီးတွေနဲ့ အတူ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ အသက်ထက်ဆုံးနေနိုင်ပါစေ လို့ ဆုတောင်းပါတယ်။ ခရေရ တို့လည်း နည်းနည်းနီးတဲ့နေရာမှာပဲ ရှိတဲ့မေမေ့ကို လွမ်းတယ်ဆိုတော့လေ ခရေ့ကို ကိုယ်ချင်းစာတယ်။ စိတ်နဲ့ကိုယ် ပျော်ရွှင်စွာ မေမေ့ဆီပြန်နိုင်ပါစေနော်

Waing said...

မခရေ မေမေတစ်ယောက် မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ မနဲ့ ၀ိုင်းတို့နဲ့ ခံစားချက်ချင်းတူပါတယ်။ သားသမီးတွေက အဝေးမှာလေ။ ပြီးတော့ ၀ိုင်းလည်း အိမ်မှာ အငယ်ဆုံးပဲ။ မခရေကိုလည်း ကိုယ်ချင်းစာမိပါတယ်။ မိဘကျေးဇူးဆပ်နိုင်တဲ့ သမီးတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းရင်း...

မိုးစက်အိမ် said...

Happy Birthday to you Mom ပါနော် ... အမေ့ကျေးဇူးဆပ်နိုင်တဲ့ သမီးလေး
ဖြစ်ပါစေဗျာ ...