Sunday, October 25, 2009

ငယ်ငယ်တုန်းက ကဗျာလေး



  • နင်ကငါ့ကိုချစ်
    ငါကနင့်ကိုချစ် ..........Peace
    Peace တာကလက်
    နှစ်ချောင်း
    ချောင်း တာက သူခိုး
    ခိုး တာက
    ပိုက်ဆံ
ံ(ဆန်) တာက
    မိန်းမ
    တာက ဘုရား
    ရား (ယား) တာက ဝဲ
    ဝဲ တာက စွန်
    စွန်တာက မျက်စိ
    စိ တာက သွား
    သွား တာက ခြေထောက်
    ထောက် တာက
    လက်
    လက် တာက
    ကျောက်
    ကျောက်(ကြောက်)တာက
    သရဲ
    ရဲ တာက
    သွေး
    သွေး တာက သနပ်ခါး
    ခါး တာက
    ငရုပ်
    ရုပ်(ယုတ်) တာက နင်
    ယဉ်တာက ငါ..................

  • ငယ်ငယ်တုန်းက ကစားရင်း တစ်ယောက် နဲ့တစ်ယောက် အနိုင်လုပြီးဆိုကြတဲ့ ကဗျာလေးပါ။
    လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။

  • ခင်မင်စွာဖြင့်
    အညာမှ
    ခရေညို

8 comments:

Anonymous said...

ခါးတာက ငရုပ်လား
ခါးတာက တမာ
မာတာကအသည်း
သည်းတာက မိုး
မိုးတာကတဲ
တဲတာက.... အရှည်ကြီးရေးစရာတွေမှ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ.. ခရေညို ရေ..

ခ တာက ခရေ..
ရေ တာက ဒေါ်ညို
ညို တာက အညာသူ
သူ ဆိုတာက အညာမှ ခရေညို... :)

ခင်မင်စွာဖြင့်
ကိုမျိုး

Yu Ya said...

ဟုတ်တယ် မခရေညိုရေ.. ဒေသအလိုက်ပြီး ဒီကဗျာလေးက အဖွဲ့လေးတွေ ကွဲကြတယ်ဗျ.

yu ya

ရွှေရတုမှတ်တမ်း said...

ကဲ..ရော့..အိုးပုတ်ဂျိုးရုပ်...ကဗျာတွေ.အော်ပြီးရင်..ကစားတော့...း))

မိုးစက်အိမ် said...

ဒီကဗျာလေး အလန်းဆုံးဘဲ :) . . . ကလေးဘ၀တောင်
လွမ်းသွားတယ်ဗျာ

ဖြူတုတ်လေး said...

ဖြူတုတ်တို့ကလေးတုန်းကလည်း အဲလို့ကဗျာလေးဆိုခဲ့ကြဖူးတယ်။ နဲနဲတော့ ကွဲတယ်။ အတိအကျ မမှတ်မိတော့ဘူး ဖြစ်နေလို့။

Myanmar Good Knowledg Co., Ltd said...

ခရေညိုရေ
ကဗျာလေးကို ဖတ်ပြီး ကော်မန့်ရေးမလို့လုပ်တုန်း သားက ငိုလို့ မရေးဖြစ်ခဲ့ဘူး။ အခုမှရေးပါရစေနော်။ ကဗျာလေးကို ကိုယ့်ဘာသာ ပြန်ဆိုဆိုရင်တော့ မရဘူး အခုလိုရေးထားတာတွေ့မှာ အဲလိုဆိုခဲ့တာပဲဆိုပြီး ပြန်သတိရတယ်။
ပုံလေးကလည်း သိပ်ကို လွမ်းဆွတ်ဘွယ်နဲ့ ချစ်စရာလေးပါပဲ။

~ဏီလင်းညို~ said...

ကျွန်တော်တို့ကတော့...
“ခါး...တာက...ကြက်ဟင်းခါးသီး...
သီး...တာက...ဗူးသီး....
ကိုကိုနှာဘူးကြီး”....လို့ဆိုကြတာဗျ...အဟီး...။
“ကိုကို”..နေရာမှာ ကိုယ်ထည့်ဆိုချင်တဲ့လူနာမည်ကို ထည့်ဆိုပြီး...တွယ်ကြတာလေ...။ အချင်းချင်းတွေ...။
တွေးရင်းနဲ့တောင် ပြန်ရယ်ချင်လာမိတယ်...အဟီး...။
ကျေးဇူးပဲနော်ဗျ...