Thursday, October 8, 2009

အမေ

နွေးထွေးသောအပြုံး

ကြင်နာသောနှလုံး

ရွှန်းလဲ့သောမျက်ဝန်း

အေးမြသောမေတ္တာ

မကုန်ခန်းနိုင်သော စေတနာများနဲ့

အမေ …………

အဝေးတစ်နေရာ ရောက်နေပေမဲ့

နေ့စဉ်မခြား စိတ်အရင်သွားခဲ့

အမေ့ရင်ခွင်…………..

မျှော်ယောင်တမ်းတ အမေ့အကြင်နာ

တစ်ချိန်ခါက ငယ်ဘဝများ

တမ်းတ၍မကုန်

ဘယ်ဆီရောက်ရောက် အောက်မေ့တမ်းတ

အနှိုင်းမဲ့လှ အမေ့မေတ္တာ

မြင်ယောင်တမ်းတ လွမ်းရပြီပေါ့………………….

ပြန်ချင်လှ ပြီ အမေ့ရင်ခွင်

လွမ်းဆွတ်မိ အမေ့လက်ရာ

လူတကာရေး ဖွဲ့အမေ့မေတ္တာ

ရေး၍မကုန် ဖွဲ့၍မကုန်

သမီးတစ်ယောက် ရေးဖွဲ့ချင်လို့

ရေးလိုက်ပါပြီ အမေ

ရေး၍ပြီးသော် ပို၍လွမ်းဆွတ်မိရပါပြီ

အမေ…………….. ။

(07/10/2009 တွင်ကျရောက်သောအမေ့ ၆၁ နှစ်မြောက်အမှတ်တရ)

ဒီကဗျာလေးကို ရေးထားတာတော့ အမေ့မွေးနေ့မတိုင်ခင်ကပါ။ ဒါပေမဲ့ ကိုသက်တန့်

စီစဉ်တဲ့ "ပန်းပျိုးသူတို့ရဲ့ အလင်္ကာ” ဆိုတဲ့ ကဗျာ စာအုပ် လေးမပြီးသေး

လို့ မတင်တာပါ။ ဒီကဗျာလေး အဲဒီစာအုပ် ထဲမှာလည်း

ထည့်ထား လို့ပါ။ အခု အဲဒီ ကဗျာ စာအုပ် လေးလည်း ပြီးသွားလို့ တင်လိုက်တာပါ။

ခင်မင်စွာဖြင့်

အညာမှ

ခရေညို

7 comments:

Myanmar Good Knowledg Co., Ltd said...

ခရေညို၊ တော်တော်ဆိုး၊သူ.စာတွေနဲ.၊ လူကိုရယ်အောင်လည်းလုပ်တတ်။ ငိုအောင်လည်းလုပ်တတ်။ “ခရေညိုနဲ. ခရေညို.မေမေ တို.နှစ်ယောက်၊ပျော်ရွှင်ဘွယ်ပြန်လည်ဆုံတွေ.ခြင်းကို ကြည်နူးမြင်ယောင်လျှက်”

မေလေး said...

မခရေ

ကဗျာလေး လာဖတ်တယ်နော်။ ပျော်ရွှင်ပါစေ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ..

ကဗျာတွေလဲ တကယ့်ကို ပြောင်မြောက်အောင် ရေးဖွဲ့နိုင်သူလို့ ပြောချင်ပါတယ်။ ဖတ်ရင်းနဲ့.. အမေ့ရင်ခွင်ထဲကို ပြေးဝင်ချင်မိတယ်။ အမေ့ လက်ရာတွေကိုလဲ လွမ်းလာတယ်။

ခရေညို ရဲ့ မေမေ ကျန်းမာချမ်းသာပါစေလို့ ထပ်လောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ခင်မင်စွာဖြင့်
ကိုမျိုး

ဖြူတုတ်လေး said...

အရမ်းကောင်းတယ်ခရေ... ခရေ့ အမေအတွက် ပျော်ရွှင်မွေးနေ့ဖြစ်ပါစေ။

တလနွန် said...

အနှိုင်းမဲ့လှ အမေ့မေတ္တာ
မြင်ယောင်တမ်းတ လွမ်းရပြီပေါ့………………….
ပြန်ချင်လှ ပြီ အမေ့ရင်ခွင်

ဒီအပိုဒ်လေးဖတ်ပြီး အိမ်ပြန်ချင်လာပြီး အစ်မရေ။
အစ်မ ရဲ့ အမေ မွေးနေ့ မှသည် နောက်ထပ်လာမဲ့မိုင်တိုင်များစွာ ကျန်းမာပျော်ရွှင်ချမ်းမြေ့ ပါစေ။

thawzin said...

အမေကို လွမ်းသူတိုင်းဟာ သားသမီးများဖြစ်နေမှာပါ။ မှန်တယ်နော်။ အိမ်နဲ့ ဝေးသူတိုင်း မိဘရဲ့ အရိပ်ကို တန်ဖိုးထားတတ်ကြပါတယ်။ မိမိအရိပ် မိမိဖန်တီးပြီးနေရတဲ့ ဘ၀မှာ ပြီးပြည့်စုံတဲ့ မိဘအရိပ်ကို လွမ်းမိကြတာ
“မပြောလဲသိ, ပြောတော့ထိ” ဆိုသလို ကျွန်တော်တောင် အမေကိုလွမ်းလာပြီး။ ဒီလတော့ ဖုန်းမဆက်နိုင်လောက်တော့ဘူး။

ကိုလူထွေး said...

အမေ့ကို ဒီကဗျာလေးပေးဖတ်လိုက်ပါလား ခရေညို... အမေပျော်မှာပါ...

းဝ)

ကဗျာတွေကို print ထုတ်ပြီး အေးအေးဆေးဆေးမှ ဖတ်တော့မယ်... အများကြီးပဲ...