Sunday, October 18, 2009

ချစ်သူ့အမုန်း



ချစ်သူ နင့်အတွက်နဲ့

ငါဘဝကို နင့်စိတ်တိုင်းကျ ချယ်လှယ်ပါ

ငါပေးပါမည် နင်အလိုရှိသမျှ

ငါ့အသက်ကိုရော နင်လိုချင်ရင်

အဆင်သင့်ပါပဲ ချစ်သူ………..



ဘယ်သောခါမှ မပြောင်းလဲဘဲ ချစ်နေမည့်

ငါ့အချစ်တွေပါ

မိုးမြေဆုံးသည့်တိုင် နင့်အပေါ်

ငါရဲ့ချစ်စိတ်တွေ ရှင်သန်နေမှာပါ

နင်ကိုယ်တိုင် ချေမှုန်းသည့်တိုင်

ငါ့အချစ်က ဘယ်သောအခါမှ

သေဆုံးသွားမည် မဟုတ်ပါ………….



ရင်ထဲအမြှစ်တွယ် နင့်ပုံရိပ်တွေ

ငါဘယ်လိုကြိုးစား မေ့ပြစ်

အချည်းနှီးပါပဲချစ်သူ

ခြေကုန်လက်ပန်း ကြိုးစားမေ့ပြောက်

မရခဲ့ပါ ငါ့ရင်ထဲကနင့်ပုံရိပ်…………….


နင့်ရက်စက်မူ့တွေအား

တွေးကြည့်သော်လည်း

မုန်း၍မရခဲ့ပါ ချစ်သူ

ငါကိုယ်တိုင်သတ်မှသေဆုံးမည့်

ငါ့အချစ်တွေကို ငါ့တသက်လုံး

ဘယ်သောအခါမှ ငါ့အသေသတ်မည်မဟုတ်…..



နင့်အမုန်းက အဆိပ်တမျှခါးသက်ပါစေ

အဲဒီအဆိပ်ကို မြိန်မြိန်စားသုံးလိုက်ရင်း

ငါ့ဘဝကို မြုပ်နှံလိုက်မယ်

ဘယ်ဘဝရောက်ရောက် ငါဟာနင့်ကိုချစ်ရင်း

အသေခံလိုက်မယ်။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

10 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ..

တကယ်ပဲလား ခရေညိုရယ်.. ရေးဖွဲ့တတ်လိုက်တာ..
ချစ်သူ့အမုန်းက အဆိပ်တမျှခါးသက်ပါစေ
မြိန်မြိန်ကြီး စားသုံးရင်း အသေခံလိုက်မယ် တဲ့....

ချစ်သူ့အမုန်းတွေနဲ့ ကင်းဝေးကြပါစေ...

ခင်မင်စွာဖြင့်
ကိုမျိုး

Myanmar Good Knowledg Co., Ltd said...

ဒီစာသား⇒ ငါကိုယ်တိုင်သတ်မှသေဆုံးမည့်
ငါ့အချစ်တွေကို ငါ့တသက်လုံး
ဘယ်သောအခါမှ ငါ့အသေသတ်မည်မဟုတ်…
ကို ကြိုက်တယ်။ ပုံလေးနဲ. ကဗျာလေးနဲ.လည်း လိုက်တယ်နော်။
မျက်ဝန်းထောင့်မှာမျက်ရည်စက်၊
နှုတ်ခမ်းထောင့်က အပြုံးလက်လက်။
ရွေးတတ်တယ်နော်။

thawzin said...

ကဗျာလေးရဲ့ အဓိပ္ပါယ်နဲ့ ပုံလေးရဲ့သရုပ်က တကယ်လိုက်ဖက်ပါတယ်ဗျာ။ အမုန်းတွေကင်းဝေးနေနိုင်ကြပါစေဗျာ

ရွှေရတုမှတ်တမ်း said...

မယ်ခရေ က..ချစ်သူ့အမုန်းက အဆိပ်တမျှ ခါးသက်ပါစေ..
မြိန်မြိန်ကြီးစားသုံးရင်း.. အသေခံလိုက်မယ်...
ဦးကတော့..ကြက်ဟင်းခါးသီးတို့..တမာရွက် တို့ပဲ .စားတယ်...
အဲဒါတွေက..မသေတတ်ဘူး...း))

သိင်္ဂါကျော် said...

ကဗျာလေး လှပါတယ်...
အဓိပ္ပါယ်ကိုတော့ မကြိုက်ဘူး...။ :D

မေလေး said...

ကဗျာလေး ကောင်းပေမဲ့
အချစ်အတွက် အသေခံမယ်ဆိုတာတော့
ကောင်းဖူး မမ

တလနွန် said...

ဘယ်သောခါမှ မပြောင်းလဲဘဲ ချစ်နေမည့်

ငါ့အချစ်တွေပါ

မိုးမြေဆုံးသည့်တိုင် နင့်အပေါ်

ငါရဲ့ချစ်စိတ်တွေ ရှင်သန်နေမှာပါ

နင်ကိုယ်တိုင် ချေမှုန်းသည့်တိုင်

ငါ့အချစ်က ဘယ်သောအခါမှ

သေဆုံးသွားမည် မဟုတ်ပါ…


ဒီအပိုဒ်လေးကို ကြိုက်တယ် အစ်မ။

Anonymous said...

ဘယ်လိုတွေ ဖြစ်တာလဲ ချစ်သူနဲ့ လက်ထပ်ပြီးလို့ ကလေးရမှ မုန်းနေကြပြီလား...။ ဟီ

ဂျူနို said...

ကဗျာလည်း မိုက်တယ်။
ကဗျာထဲက မိန်းကလေးလည်း မိုက်တယ်။ :)

စာတွေ မြင်ရဘူးဆိုတာ မှိန်လို့ လား။ လုံးဝ မမြင်ရတာလား။

မအယ်

ဖြူတုတ်လေး said...

မခရေ... ဒီကဗျာက မိန်းကလေးရှူထောင့်က ရေးတာလားဟင်? ကဗျာရေးအရမ်းကောင်းပါတယ်။