Thursday, October 1, 2009

ကိုဘရင်

ကျမတို့ရွာမှာ ကိုဘရင်ဆိုတဲ့လူ တစ်ယောက်ရှိတယ်။ ( လူတစ်ယောက်ထဲရှိတာလို့ပြောတာ မဟုတ်ဘူး ကိုဘရင် နာမည်နဲ့ လူတစ်ဦးရှိတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်)။
သူကသိပ်အလုပ် လုပ်တာ ထိုင်နေတယ်လို့ကို မရှိဘူး။ သူ့မှာ အမေပဲရှိတော့တယ်။ သားအမိ နှစ်ယောက်ထဲရှိကြတာ။ကိုဘရင် ရဲ့အမေနာမည်က ဒေါ်ဒေါင်းတဲ့။ ကိုဘရင် တို့က ချမ်းသာတဲ့လူတန်းစားမဟုတ်ပေမဲ့ ဆင်းဆင်းရဲရဲ လည်းမဟုတ်ဘူး။ စားနိုင်သောက်နိုင်ဝတ်နိုင်ဆိုတဲ့ “နိုင်တယ်”ဆိုတဲ့ လူတမ်းစားပေါ့။

ကိုဘရင်က လူအေး အရက်မသောက် ဖဲမရိုက် မိန်းမ မရှုပ် လူလိမ္မာ ဆိုကြပါစို့ ။ သူ့အသက်က 30 ၊ 35 ဝန်းကျင် လူပျိုကြီ:။ သူ့အမေက တော့သူကို မိန်းမယူစေချင်လှပြီ။ ရွာထဲမှာလည်း အပျိုကြီး အပျိုလေးများသာမက သမီးရှင်များကပါ သူ့ကိုမျက်စိကျနေကြတာ။ ဒါပေမဲ့
သူကတော့ဘယ်သူ့ကိုမှ စိတ်မဝင်စားသေးဘူး။ တစ်နေ့တော့ သူ့အမေကို သူသဘောကျနေ့တဲ့ ကောင်မလေး ရှိတယ်ဆိုတာပြောပြလာတယ်။ သူ့အမေကလည်း ပျော်လို့ လိုက်တောင်းပေးမယ် ဘယ်သူလဲ ဘယ်ကလဲ မေးတာပေါ့။ ကိုဘရင် သဘောကျနေ တဲ့ကောင်မလေးက သူ့ထက် ငါး နှစ် လောက်ငယ်တယ်။ ငယ်တာက ကိစ္စ မရှိဘူး ခက်တာကအဲဒီကောင်မလေးက သိပ်ပြင်းတာ ဘာမှမလုပ်ချင်ဘူး။ ကိုဘရင် နဲ့တော့ဆန့်ကျင်ဘက် ပေါ့။ဪ မေ့လို့ အဲဒီကောင်းမလေး နာမည်က နှင်းမြ တဲ့။ နှင်းမြက ရုပ်ကလေးကတော့မဆိုးပါဘူး ဒါပေမဲ့ကလေးနည်းနည်းဆန်တယ်။

ဒေါ်ဒေါင်းတော့ အခက်တွေ့ပြီ သူ့သားက ရှားရှားပါးပါး တွေ့ထားတဲ့ကောင်မလေး တော်ကြာသဘောမတူပါဘူး လို့ပြောလိုက်လို့ ဒီတစ်သက် မိန်းမ မယူ တော့ပါဘူးဆိုရင်
သူကပဲ တရားခံ ဖြစ်ရမှာ တကယ်လို့ ပေးစားလိုက်ရင်လည်း အဲဒီနှင်းမြက ဘာမှ မလုပ်ပဲ ကိုဘရင်က လုပ်ပေးရမှာ။ ဒေါ်ဒေါင်း နဖူးပေါ်လက် တင်ပြီး စဉ်းစားရတော့တာပေါ့။

နှင်းမြက လင်မယူရသေးလို့ ပြင်းနေတာပါလေလို့ တွေးပြီ နောက်ဆုံးတော့ ပေးစားလိုက်တယ်။

ကိုဘရင် နဲ့ နှင်းမြတို့ ယူပြီး နှင်းမြက ကိုဘရင်တို့အိမ်မှာ လိုက်နေတယ်
စစခြင်းတော့ နှင်းမြက မဆိုးပါဘူး အလုပ်လုပ်သေးတယ် အလုပ်ဆိုတာကလည်းအိမ်မှူ့ကိစ္စ လျှော်ဖွတ် ချက်ပြုတ်တို့ ဘာတို့ပေါ့။ နောက် နှစ်လလောက် ကြာတော့နှင်းမြ တို့ပြင်းတဲ့ဇာတိ ပြလာပြီ။ (ပြင်းတယ်ဆိုတာနာမည်တာဆိုးတာ သိပ်ဇိမ်ရှိတာ) ဘာလေးလုပ်လုပ် ကိုဘရင် မပါရင်မပြီး တော့ဘူး။ ဒီလိုနဲ့ သူတို့မှာ ကလေး တစ်ယောက်ရပါလေရော။ နှင်းမြ ကလည်း ကလေးရမှ ပိုတောင်ပြင်းလာသေးတယ်။ပိုပြီး အကြောင်းပြ ကောင်းလာတာပေါ့။


ဘာလုပ် ကိုဘရင် ရေ ဒီမှာ ကလေးကိုနို့တိုက်နေလို့၊ ကလေးကိုနို့တိုက်နေလို့ ဆိုပြီ: ခိုင်းတော့တာပဲ။ တခုခုလုပ် ရတော့မယ်ဆို ကလေးနို့တိုက်တော့တာပဲ။ ဒါကို ကိုဘရင်ကလည်း သိတယ် အစတော့ဘာမှမပြောပါဘူး ကြာလာ တို့ သူလည်း သီးညည်းသိပ်မခံနိုင်တော့ဘူး။ နှင်းမြက လည်း ထမင်အိုး တည်တာကစလို့ အဝတ်လျှော်တာအဆုံး အကုန်လုံး ကို ကိုဘရင်ရေဆိုပြီး ခိုင်းတော့တာ။ ကိုဘရင်ကလည်း နှင်းမြ ပြင်းတာကို သူသိနေကြောင်း ပြချင်တယ်။

တစ်နေ့တော့ ကိုဘရင်က အစောကြီးထပြီး ထမင်းချက် လုပ်စရာရှိတာတွေ လုပ်ပြီး ကလေးကို သူ့အမေ အခန်းမှာပို့ထားလိုက်တယ်။ ပြီးတော့သူက နှင်းမြဘေးမှာ ဝင်ပြီး အိပ်ချင်ယောင် ဆောင်နေလိုက်တယ်။ လင်းခါနီး တော့ နှင်းမြက သူလုပ်နေကြအတိုင်း ကိုဘရင် ရေ ထမင်းထချက်လိုက်ပါအုန်း ဒီမှာကလေး နို့တိုက်နေလို့။ ကိုဘရင် ကလည်း ဘာမှမပြောပဲ အိပ်ချင်ယောင်ဆောင် မြဲဆောင်နေတာပေါ့။ နှင်းမြက လည်း ကိုဘရင် မနိုးဘူးထင်ပြီး ထပ်ပြောတာပေါ့။ ဒါနဲ့ နှင်းမြကလည်း ဆက်နှိုးတာပေါ့ မရတော့ကြည့်လိုက် မှ ကလေးကလည်းမရှိ ကိုဘရင်ကလည်း သူ့ကိုပြုံးပြုံးကြီး ကြည့်လို့။

(ခရေညို လည်း အိမ်ကလူ ကြီးကို ကိုဘရင် လုပ်တာပဲ သွားမပြောနဲ့နော်)

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

10 comments:

ကိုမျိုး (အညာမြေ) said...

အော်..ဖြစ်ရလေ.. ခရေ ရယ်..
အဲ..ဟုတ်သေးပါဘူး..
ဖြစ်ရလေ.. နှင်းမြ ရယ်.. လို့ပြောတာ.. :)


ခင်မင်စွာဖြင့်
ကိုမျိုး

thawzin said...

အားလုံးဖတ်လိုက်တော့ ပို့စ်အကြောင်းနားလည်ပါသည်။ မယားကြောက်ကိုဘရင်အကြောင်းပေါ့။ အောက်ကစာသားကဘာပြောသည် ကျွန်ုပ်မသိဖြစ်၏။
(ခရေညို လည်း အိမ်ကလူ ကြီးကို ကိုဘရင် လုပ်တာပဲ သွားမပြောနဲ့နော်)

ဖြူတုတ်လေး said...

ရယ်ရတယ်နော်။

Myanmar Good Knowledg Co., Ltd said...

ခရေညိုရေ၊ အဲဒီဇတ်လမ်းက၊ တကယ့်ရှိခဲ့ပုံပေါ်တယ်နော်။ ငယ်ငယ်တုန်းကလေ၊ ကြားဘူးတယ် “ထိုင်ရာမထ၊ မနှင်းမြ” မလုပ်နဲ.နော်တဲ့ ၊ အခုမှ ခရေညိုရဲ.ပို.စ်ကို ဖတ်ပြီးဘာကြောင့်ဒီလိုပြောတာလည်းဆိုတာသိတော့တယ်။ ငယ်ငယ်က အဖွားတို.စကားပြောတာတွေ သွားသတိရမိတယ်။

ကျောက်တာ said...

ကောင်းပါတယ်ဗျာ ...ထိုင်ရာမထ မနှင်းမြ မလုပ်နဲ့ဆိုတဲ့ စကားပုံ လိုလို စာလေးနဲ့ဆိုတော့ အမ ရဲ့ စာလေးက မမေ့လောက်တော့ပါဘူး။အဟဲ ပြောချင်တာကတော့ ..
နောက်လြ အမြဲ ပညာ လာယူမယ်နော် ..သတ်ပုံလေးတွေ မှန်အောင် ဂရုစိုက်သင့်တယ်။
ပျင်း ပြင်း ပုံစံက မမှားသင့်ဘူး D:မေတ္တာဖြင့် ...
အမ ပျော်ရွှင်ပါစေ

ကိုလူထွေး said...

နှင်းမြက သိပ်ပြင်းတာဆိုလို့ တော်တော် ပြင်းထန်သလားအောက်မေ့မယ်... လစသတ်တော့ "ပျင်း" တယ်လို့ ရေးချင်တားကိုး...

းဝ)

ခရေညို said...

ကိုလေးထူ နဲ့ ကျောက်တာရေ အမှားကိုထောက်ပြတဲ့အကျေးဇူးတင်ပါတယ်ရှင်။

Anonymous said...

အင်... ချိုချိုစို့တာ ကလေးလား လူကြီးလား မသိရအောင် ..အဲဒီလောက်တောင်ပဲ တုန်းရသလား...။ ခုဟာက အပျင်းတစ်ရုံ တင်မဟုတ်ဘူး.. ဘာမှလဲ မသိတဲ့ အတုံးမ...ဗျ..အဟီးဟီး ပေါက်ပေါက်ရှာရှာမှ လာတွေ့တတ်ပါပေ့ဗျာ။

မိုးစက်အိမ် said...

ဟားဟား ရီရတယ် အမရာ အကြံ ပိုင်တယ်နော် :P
ကိုဘရင် လက်သစ်တော.မဖြစ်ဖို. ဆုတောင်းရမယ် ဟတ် ဟတ်

ဂေါက်သီးနဲ့ရှောက်သီး said...

ဟားဟား..ဒါဆို ကိုဘရင်ကြီးက နှင်းမြကို တော်တော်ချစ်တာပေါ့နော်..:)