Thursday, October 29, 2009

ပန်းတိုင်

ပန်းတိုင်ဆိုတာ
အရှုံးပေး လက်လျှော့တတ်သူတွေအတွက်မဟုတ်
ဇွဲလုံးလရှိသူ အတွက်ဆုလဒ်။

ပန်းတိုင်ဆိုတာ

ရေသာခို အချောင်လိုက်သူတွေအတွက် မဟုတ်
ကြိုးစားသူတွေအတွက် ဘုရား က ချီးမြှင့်တဲ့
အကောင်းဆုံးသော ဆုလဒ်။

ပန်:တိုင်ဆိုတာ

ပေါ့ပေါ့နေသူတွေအတွက် မရှိ
လေးလေးနက်နက် ကြိုးစားသူတွေအတွက်
ဘယ်တော့မှ ပျောက်ပျက်မသွားပဲ ထာဝရရှိနေမည့်
တန်ဖိုးအကြီးမားဆုံး ရလဒ်။ ။



ခင်မင်စွာဖြင့်
အညာမှ
ခရေညို

13 comments:

Waing said...

မှန်ပါတယ် ပန်းတိုင်ဆိုတာ မရပ်မနားကြိုးစားနေသူတွေအတွက် အမြဲကြိုဆိုနေမှာပါ
မျှော်မှန်းထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ တက်လှမ်းနိုင်ပါစေနော်......

စည်သူ said...

အင်း... အလွယ်တကူ အရှုံးပေးတတ်မယ်.. ပေါ့ပေါ့ပျက်ပျက် နေမယ်.. ဘာလုပ်လုပ် လေးလေးနက်နက် မလုပ်ဘူးဆိုရင်.. ရည်မှန်းချက်ပန်းတိုင်ကို မရာက်နိုင်ဘူး ဆိုတာ မှတ်သားသွားပါတယ်.. ခရေညှိုရေ..

ပျော်ရွှင်ပါစေ
စည်သူ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေညို ရေ..

ဒီ ပို့စ်လေးကို ဖတ်ပြီး အောင်မြင်မှု ပန်းတိုင် အတွက် တကယ့်ကို မလျှော့သော ဇွဲလုံ့လ ဖြင့် ကြိုးစားသွားကြသူတွေကို မြင်ယောင်လာမိတယ်... လုံ့လ၀ရိယရဲ့ ရလဒ် အတွက် အောင်မြင်မှု ပန်းတိုင် ဆိုတာ ထာဝရ ရှိနေမှာပါ....


ခင်မင်စွာဖြင့်
ကိုမျိုး

မိုးစက်အိမ် said...

ပန်းတိုင်ကိုရောက်ဖို့ ဆိုတာ သက်လုံကောင်းဖို့ 
လိုအပ်သလို ဇွဲရှိဖို့ လည်းလိုပါတယ် မှတ်သားသွားပါတယ်

Myanmar Good Knowledg Co., Ltd said...

ခရေညိုရေ။ ပန်းတိုင်ကိုဖတ်ရတာ အားရှိတယ်။ ကြိုးစားသူအတွက် ပန်းတိုင်ဆိုတာရှိကို ရှိနေတယ်။ သားလေးကလည်းရှိတော့။ပိုကြိုးစားမယ်။

WWKM said...

ကဗျာလေးမှာ အားမာန်တွေပါနေတယ် ညီမလေး။
ကဗျာကောင်းလေးတစ်ပုဒ်ပါ။
ပျော်ရွှင်ချမ်းမြေ့ပါစေ။

မမ၀ါ

သိင်္ဂါကျော် said...

ကောင်းလိုက်တဲ့ စကားလုံးလေးတွေပဲ။

thawzin said...

ပန်းတိုင်ရဲ့ အင်္ဂါရပ်တွေကို ဖော်ပြပေးတဲ့ပို့စ်လေနော်

ကိုလူထွေး said...

ငါ့အတွက် မဟုတ်ဘူးတဲ့...
ကောင်းရော.....

း(

ဖြူတုတ်လေး said...

မခရေညိုရေ...အရမ်းကောင်းတဲ့ကဗျာလေး တစ်ပုဒ်ပါ။ ကျေးဇူးတင်ပါတယ်။

~ဏီလင်းညို~ said...

ဖတ်ခွင့်ရတာ...ကျေးဇူးပါပဲခင်ဗျာ....

kiki said...

ဟုတ်ပါရဲ့  ..
ပန်းတိုင်ဆိုတာ ဇွဲ လုံ့ လ ဝီရိယတွေ နဲ့ ကြိုးစားသူတွေ အတွက်သာ ဖြစ်တယ် ။ ဖြစ်သင့်တယ် ။ ဖြစ်ရမယ် ပေါ့ ...

ဒါပေမဲ့ ပန်းတိုင်ရောက်ခါနီးမှ ခြေခေါက်ပြီး ခွာလိပ်သွားရသူတွေ အဖို့  ရင်နာစရာကောင်း လှတယ် ....

ပုံ့မေ said...

မမညိုရေ......ပန်းတိုင်အကြောင်းရေးထားတာကောင်းတယ်...

မေသူတို့ လဲ ကြိုးစားချီတက်ရဦးမယ်...

"မောတော့ မောတာပေါ့....ဒါပေမဲ့ မမောဘူး" စိုင်းထီးဆိုင်သီချင်းလိုပေါ့....... ဟိဟိ