Tuesday, September 29, 2009

စီးပွါးရှာကြသည်ဆိုရာဝယ်

ဲသူငယ်ချင်းတို့ကို မကျေနပ် ဝမ်းနည်းတာလေးတစ်ခုပြောပြအုန်းမယ် ။
သိလား ?(ဘယ်သိမှာလဲနော် ပြောမှမပြောရသေးတာ) လွန်ခဲ့တဲ့ အပတ်စနေနေ့ကပေါ့ အိမ်ကလူကြီး Drawing ပုံတွေကို အရေးတကြီထုတ်ဖို့လိုအပ်လာတယ်။
ပုံမှန်ဆိုရင် ခရေညို့ ရုံးမှာဖြစ် သူ့ရုံးကဖြစ်ဖြစ် ထုတ်ခဲ့နိုင်တယ်။ ဒါပေမဲ့ အိမ်ကလူကြီး စနေနေ့မှ သတိရတာ အဲဒီတော့ အပြင်ကဆိုင်မှာထုတ် ဖို့စဉ်းစားရတာပေါ့။

အိမ်ကလူကြီးက ပုံတွေကို ကာလာနဲ့ A 3 ဆိုဒ်နဲ့လိုချင်တာလေ။ ဒါနဲ့ပထမဆုံး Clementi ကဆိုင်တွေမှာလိုက်မေးတော့ မရဘူးတယ် ခရေညိုတို့ ဆိုင်တိုင်းလိုလို လိုက်မေးတာပဲ။ အဲဒီဆိုင်တွေမှာက A 4 ဆိုဒ်နဲ့ အဖြူအမည်းပဲရတယ်တဲ့။ သူကလည်း အရေးတကြီး လိုအပ်နေတာ အဲဒီတော့ ပင်နီဆူလာ ကိုသွားဖို့စဉ်းစားကြတာပေါ့။ ပင်နီဆူလာ ရောက်တော့ မြန်မာဆိုင် တစ်ဆိုင်ကိုဝင်မေးကြတယ်။ အဲဒီဆိုင်မှာလဲ ကာလာနဲ့ ထုတ်လို့မရဘူး ဆိုဒ်ကလည်း သူလိုချင်တဲ့ ဆိုဒ်မရဘူးဆိုတာ နဲ့ A 4 ဆိုဒ်နဲ့ အဖြူအမည်း ပဲထုတ်ခဲ့ရတယ်။ အဲဒီဆိုင် မှာ စာရွက် ရေ ၁၉ ရွက် ထုတ်ခဲ့တယ်၊ ဆိုင်ပိုင်ရှင်ကပြောတယ် ပထမ တစ်မျက်နှာကို $2 တဲ့ ဒုတိယ စာမျက်နှာကစပြီး $1ပဲယူမယ်တဲ့။ အဲဒါဆိုတော့ အားလုံးပေါင်း $20 ပေးခဲ့ရတယ်လေ။

ဒါနဲ့ပြန်ခဲ့တဲ့လမ်းမှာ ဈေးကြီးတယ်လို့ထင်ပြီး စလုံးဆိုင်ကို ဝင်မေးကြည့်တော့ ပထမ တစ်မျက်နှာကို $1 တဲ့ ဒုတိယ စာမျက်နှာကစပြီး 50cents ပဲယူမယ်တဲ့။
ကိုယ်ကတော့ မျိုးချစ်စိတ်အပြည့်နဲ့ ကိုယ့်လူမျိုးဆိုင်မှာဝင်ပြီး အားပေးတာ.... မရိတ်လောက်ပါဘူး ဈေးမှန်မှာပါလေလို့ ထင်ပြီး အားပေးခဲ့တာ...............။
တကယ်ဆို အဲဒီမြန်မာဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ လူမျိုးခြားဆိုင်တစ်ဆိုင်ရှိတယ်။
အဲဒီလူမျို:ခြားဆိုင်ကိုဝင် တောင်မမေးဘူး။

အဲဒီမြန်မာဆိုင်က အင်တာနက် လည်းသုံးလို့ရတယ် သူ့ဆိုင်က ပင်နီဆူလာ ၃ထပ်က စက်လှေကားနားကဆိုင်ပါ ( ဆိုင်နာမည် တော့မပြောပြတော့ဘူးနော်) စိတ်ထဲမှာကိုတစ်မျိုးကြီးပဲ ပိုက်ဆံ၂၀ ကိုနှမြောလို့မဟုတ်ပါဘူး ။ ကိုယ်ချင်းစာစိတ်မရှိလို့ စိတ်တိုဝမ်းနဲတာပါ။
တကယ်ဆို ခရေညို တို့လည်း ဒီမှာစီးပွါးလာရှာတာပဲလေ (လူတိုင်းဒီမှာအလုပ်လုပ်နေတာကစီးပွါးရှာနေကြတာပဲ) စီးပွါးရှာသူ အချင်းချင်း ကိုယ်ချင်းစာစိတ်ကလေးတော့ရှိအုန်းမှပေါ့နော်။

ဘယ်သူက မှ သူများနိုင်ငံမှာ ဘယ်လာနေချင်ပါ့မလဲ?
အခြေအနေအရ စီးပွါးလာရှာကြတာလေ။ ရိုင်းရိုင်းပြောရရင် သူများနိုင်ငံ မှာကျွန်ခံနေကြရတာ ...( စကားပြောကြမ်းသွားရင် ခွင့်လွတ်ပါလို့အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါတယ်)နောက်တော့ခရေညို စဉ်းစားလိုက်တယ် ကိုယ်စိတ်တိုနေရင် ကိုယ်ပဲ ခံစားရမှာ .....ဒါနဲ့စိတ်တိုတာကိုရပ်ပြီး မုဒိတာပဲပွါးနေလိုက်တယ်။ ( အမှန်တော့စိတ်တိုမပြေသေးလို့ဒီစာကိုရေးဖြစ်တယ်ဆိုတာဝံခံပါရစေ..)

စီးပွါးရှာသူအချင်းချင်းကိုယ်ချင်းစာနိုင်ကြပါစေ။


ခင်မင်စွာဖြင့်
အညာမှ
ှခရေညို

8 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

လာလည်ပါတယ် ခင်ဗျား။

မုဒိတာပွားနေတယ် ဆိုလို့ ၀မ်းသာပါတယ်.. စိတ်တို ပြေလောက်ပြီလို့လဲ ယူဆပါတယ်။ လက်တို့လိုက်အုံးမယ်... နောက်ကို မြန်မာဆိုင်တွေမှာ တစ်ခုခု ၀ယ်တော့မယ်.. လုပ်တော့မယ်..ဆိုရင်လေ.. ဈေးကို အရင်မေးကြည့်။ ဖြစ်နိုင်ရင် အဲဒီနားမှာတင် ၃ ဆိုင်လောက် မေးကြည့်.. အနည်းဆုံး ဆိုင်မှာ လုပ်။ ငွေလွှဲရင်လဲ တူတူပဲ။ တခါတလေ တဆိုင်နဲ့ တဆိုင် ဈေးက တော်တော် ကွာတာ...

ခင်မင်စွာဖြင့်
ကိုမျိုး

ဂျူနို said...

အချင်းချင်းဆို ကိုယ်က အားပေးချင်တယ်။ တနယ်တကျေးစီးပွားရှာရတာ ချင်းတူတူဆိုပြီးလေ။ အမြဲပဲ သူတို့ က ပိုဈေးကြီးတယ်။ ကြည့်ရတာ သိတ်အလုပ် မဖြစ်လို့ သူများထက် ပိုဈေးတင်တယ်ဒါမှ မဟုတ် စီးပွားရေး အထာမနှပ်လို့ လည်း ဖြစ်နိုင်တယ်။

မအယ်

မိုးစက်အိမ် said...

အေးဗျာ အဲအဖြစ်ကတော.ဆိုးပါတယ် ... ကိုယ်.အချင်းချင်းက ပိုဆိုးနေတော.တယ် ...

Kyaw Nyo Thway said...

ဒီလိုများအမရယ်ကျွန်တော်ထုတ်ပေးမှာပေါ့ ကာလာနဲ့ကို အေဖိုးတစ်ရွက် တစ်ထောင်ယူပါတယ်။ အရွက်ရေများရင် လျှော့ပေးမှာပေါ့နော့

ကိုလူထွေး said...

ခရေညိုတို့အိမ်ဘယ်နားမှာလဲ ပြောလေ...
အဲဒီနားမှာ ဆိုင်လာဖွင့်မယ်...

တွက်ချေကိုက်မှာဗျ...

းဝ)

မေလေး said...

ဟူးးးးးး ဘာမှကိုမပြောချင်တော့ဘူးမမရေ

Yu Ya said...

နောက်တစ်ခေါက်ရောက်ရင် ၀င်ကြည့်ဦးမယ်ဗျ.. ဘယ်ဆိုင်လည်းဆိုတာ

yu ya

Anonymous said...

အဲဒါကြောင့် ပြောတာပေါ အသိဆီမှာ ငါးပိမဝယ်ရဘူးတဲ့... မြန်မာ စကားပုံတောင် ရှိသေးတာပဲ..။