Tuesday, September 22, 2009

သူငယ်ချင်း

ကျမ (၉) တန်:နှစ်က သူငယ်ချင်းလိုရော မောင်နှမလိုပါ ချစ်ရတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်ရှိခဲ့တယ်။ ကျမရဲ့ သူငယ်ချင်းမိန်း ကလေးတွေက သူ့သူငယ်ချင်းဖြစ်ခဲ့သလို သူ့သူငယ်ချင်းကောင်လေးတွေကလည်း ကျမသူငယ်ချင်: တွေဖြစ်ခဲ့တယ်။သူနဲ့က ငယ်သူငယ်ချင်းတွေတော့ မဟုတ်ပါဘူး။ သူ ၉တန်:နှစ် ကမှ ကျမတို.
နယ်မြို့လေးကို သူ့မိဘတွေ တာဝန်နဲ့ပြောင်းလာကြတာ။ အဲဒီမှာပဲကျမတို့ သူငယ်ချင်းတွေ စဖြစ်ခဲ့ကျတာ။ ကျမတို့ အိမ်နဲ့ သူတို့အိမ်က အိမ်ချင်းကပ်ဆိုတော့ ပိုပြီး ရင်းနှီးသွားတာပေါ့...။

သူကစာတော်သလို အားကစားတို့ တခြားဗဟုသုတ ဘက်မှာလည်: ခေသူတစ်ယောက် မဟုတ်ခဲ့ပါဘူး...။ ပြီးတော့ သူရဲ့ အကျင့်က သူစာကျက်ရင်ပဲဖြစ်ဖြစ် စာရေးရင်ပဲ ဖြစ်ဖြစ် သီချင်းနားထောင်လေ့ရှိတယ်။ ကျမ ကတော့စာကျက်ရင် အားရပါးရအော် ကျက်မှစာရတာ။ စိတ်ထဲကကျက်ရင် အာရုံတွေက စုလို့မရဘူး.....။ သူကတော့ အဲလိုမဟုတ်ဘူး ဘယ်လိုပဲကျက်ကျက်ရ တယ်လို့ သူကျမကိုပြောခဲ့ဘူးတယ်။ ဒါပေမဲ့ သူစာအော်ကျက်တာ တစ်ခါမှမမြင်ဖူးဘူး။ ကျမလေ သူကိုအရမ်း အားကျတာပဲ သူ့လိုလဲ အဖက်ဖက်ကတော်ချင်နေခဲ့တယ်။ ဒါပေမဲ့ ကျမကသူ့လို မတော်ခဲ့ပါဘူး..............။

ကျမကစာကျက်ရမှာ ပြင်းတိုင်းသူက ကျမကို စာကျက်ဖို့ အမြဲတမ်းတိုက်တွန်းခဲ့တယ်။ သူကကျမအတွက် တကယ်.ကိုသူငယ်ချင်း ကောင်းတစ်ယောက်ပါပဲ။
၉တန်: ပြီးလို့၁၀တန်:ရောက်တော့လည်:ဒီလို ကျမမရတဲ့စာတွေကိုရှင်းပြလိုက် စာကျက်ဖို့တိုက်တွန်းလိုက်နဲ့နေလာကျတာ ပထမ နှစ်ဝက်စာမေးပွဲပြီး သူ့မိဘတွေ နယ်ပြောင်းရမယ်ဆိုတာ စာကျလာတယ်လေ။ အဲဒီတုန်းက သူပြောတာတော့ ဗန်:မော်တဲ့။ ဒီလိုနဲ့သူဗန်:မော်ကိုပြောင်းသွားတယ်။ ဒါပေမဲ့ကျမတို့ အဆက်အသွယ်မပြတ်ခဲ့ကြပါဘူး။ စာပေးစာယူပေါ့လေ ..................

သူ့စာထဲမှာသူ့ရည်:စားအကြောင်းပါသလို... ကျမစာထဲမှာလည်:အိမ်ကလူကြီ:အကြောင်းပါတာပေါ့။ နောက်တော့ ကျမကအိမ်ကလူကြီ:နဲ့လက်ထက်ပြီး သူတို့ဒေသကို ရောင်နောက်ဆံထုံးပါ လိုက်နေခဲ့ရတယ်။ ဒီလိုနည်:နဲ့ပဲ ကျမတို့သူငယ်ချင်းနှစ်ယောက် အဆက်အသွယ်ပြက်သွားခဲ့ကြတယ်။ ဒါပေမဲ့ ကျမ သူ့ကိုအမြဲသတိတရ ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ ကျမလည်: ကျွန်းနိုင်ငံ လေးကိုရောက်လာတယ်။ ကျမသူငယ်ချင်းလေးနဲ့ ၇ နှစ် ၈ နှစ်လောက်ကို အဆက်သွယ်ပြက်သွားခဲ့တယ်..................

၂၀၀၇ နိုဝင်ဘာမှာ ကျမတို့မိသားစု သားကြီး (စိုး) ကျောင်းပိတ်ရက်မှာ မလေးရှားကို အလည်သွားခဲ့ကြတယ်၊ Kuala Lumpur က မြန်မာ ရှော့ပင်းစင်တာ (ကိုတာတာရာ) လို့ထင်တာပဲ။ မှားရင်လည်:မှာနိုင်ပါတယ်။ အဲဒီမှာ မမျှော်လင့်ပဲ ကျမရဲ သူငယ်ချင်း ကိုတွေ့ခဲ့ပါတယ်။ ရုပ်ကတော့တော်တော်လေး ပြောင်းသွားတယ်.......
ကျမလေ အရမ်းကိုဝမ်းသာသွားတယ် ။ ဒီလိုနဲ့ အဆက်အသွယ်ပြန်ရခဲ့တယ်။ သူ့ရည်းစားနဲ့ ကွဲသွားပြီး သူလည်:မလေးရှားမှာ အလုပ်လုပ်နေကြောင်း ကျမကိုလည်:အမြဲသတိရကြောင်း စုံနေအောင်ပဲ ပြောကြတာပေါ့။ သူ့အကြောင်းစုံ ကျမအကြောင်းစုံ ဖလှယ်ကြတာပေါ့။

ကျမတို့တတွေ မလေးရှားက အထင်ကရနေရာတွေကို အတူသွားလည်ခဲ့ကြတယ်။ ဟိုတယ်ကို လည်း ညကြီး မိုးချုပ်မှပြန်လာပြီး အနားယူကြတာ.... ဒါတောင် ကျမတို့က ဖုန်းထဲမှာ ရှေးဟောင်း နှောင်းဖြစ်တွေကိုပြောကြတုန်း။ ကြာတော့ အိမ်ကလူကြီး ကတောင် အမြင်ကပ်လာတင်ထင်တယ်။ (သူ့မျက်နှာကြည့်ပြီး ကိုယ့်အထင် နဲ့ကိုယ်ပြောတာ )
ဒါပေမဲ့ အိမ်ကလူကြီး ကျမကိုနားလည်မူ့ရှိပါတယ်...( ကြုံတုန်း ပြောပြတာနော်..)
ကျမတို့မိသားစုလည်: မလေးရှားမှာ ၄ ရက် သုံးည အိပ်ပြီးပြန်ခဲ့ကြတယ်။ ဒီရောက်တော့လည်း တစ်ပတ်ကိုတစ်ခါ လောက်ဖုန်ခေါ်ပြီး စကားပြောဖြစ်ကြတာ။

တစ်နေ့မှာ သူ့ရဲ့သူငယ်ချင်းတစ် ယောက်က ကျမကို ဖုန်းဆက်တယ်။ အဲဒီနေ့က ၂၀၀၈ ဂျွန်လ ၁၄ရက် အချိန်ကတော့ ည၁၀နာရီ နီးပြီ။ အဲဒီနေ့ကို ကျမဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ သူကားတိုက်ခံရလို့ဆုံးပြီတဲ့။ ဖြစ်ပုံက ကျမသူငယ်ချင်း နဲ့ သူ့သူငယ်ချင်း ( ကျမကိုဖုန်းဆက်ပြောသူ) တို့ လမ်:ဖြတ်ကူးကျတာ အရင်လူက လမ်းကူးအပြီး သူကပါ လွတ်မယ်ထင်ပြီး ကူးလိုက်တာအဲဒီမှာ ကားတိုက်ခံရတာတဲ့။ နေရာကတော့ ဟိုက်ဝေး လမ်းမကြီးမှာတဲ့။ ကျမအဲဒီ သတင်းကြား ကြားချင်းကျမမူးမေ့သည်အထိ ခံစားခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ကျမမှာ ကိုယ်ဝန်ကြီ:နဲ့လေ။
ကျမသူ့ အသုဘ ကိုသွားချင်ပေမဲ့သွား ခွင့်မကြုံ ခဲ့ပါဘူး။ မွေးကာ ကလဲ နီးပြီ ..........
(ဂျူလိုင် လ ဒုတိယ အပတ်မှာကျမရဲ့ ဒုတိယ သားလေး (ထက်) ကို မွေးဖွားခဲ့ပါတယ်)

ဖြူစင်သန့်ရှင်းတဲ့ အချစ်ဆိုတာ ဘယ်သောအခါမှ မေ့ပျောက်လို့ရ မှာမဟုတ်ပါဘူး။ ကျမ နဲ့သူ နဲ့ အဆက်အသွယ်ပြက် သွားကြတော့ လည်: သူ့အ ကြောင်းကို ကျမရင်ထဲ မှာ အမြဲတမ်း သတိတရရှိနေခဲ့ပါတယ်။ အခုလို ပြန်မဆုံနိုင်တဲ့ လမ်း ကိုသူသွားပြီတော့လည်: ကျမ ရင်ထဲမှာ တစ်သက်လုံးပဲ အမှတ်ရနေမှာပါ................။

သူ့နာမည်က ငြိမ်းချမ်းဝင်း တဲ့။
( 14.06.2008) တွင်ကွယ်လွန်သွားသော ချစ်သူငယ်ချင်း ကောင်းရာသုဂတိ လားပါစေ.........။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

6 comments:

ရွက်လွင့်ခြင်း said...

စိတ်မကောင်းပါဘူးဗျာ
တစ်ချို့ ဆို အခုလေးတင် စကားပြောပြီး လမ်းခွဲရုံတင် ရှိသေး တအောင့်ကြာ အက်စိဒန့်  ဖြစ်တယ်ကြားရရော
း(

ကိုမျိုး (အညာမြေ) said...

ဖြစ်ရလေ ငြိမ်းချမ်းဝင်း ရယ်..

ခရေ နှင့် အတူ ဆုတောင်းပါတယ်။

ရောက်ရာဘုံဘ၀မှာ ငြိမ်းငြိမ်း ချမ်းချမ်း ရှိပါစေ။

ကိုလူထွေး said...

ကြားရတာ
နားဝမှာ
ခါးလှပါတယ်

ခရေညိုရယ်...

ကိုငြိမ်းချမ်းဝင်း ကတော့ ငြိမ်းချမ်းခြင်းကို ရသွားပြီပေါ့...

Anonymous said...

မိတ်ဆွေကောင်းဆိုတာ ရှားပါပါတယ်, သူငယ်ချင်းကောင်းလေး ဆုံးရှုံးသွားတဲ့ သူငယ်ချင်း မိတ်ဆွေကောင်းများ သူငယ်ချင်းကောင်းများ တွေ့ဆုံနိုင်ပါစေနော်

ဂျေဂျူဝိုင် said...

ခရေညိုနဲ့ အတူ ခရေညို့သူငယ်ချင်းလေးအတွက် ဆုတောင်းပေးလိုက်ပါတယ်

Myanmar Good Knowledg Co., Ltd said...

အစပိုင်းက သူငယ်ချင်းအကြောင်းရေးထားတာပျော်စရာ၊ နောက်ဆုံးကိုဖတ်လိုက်တော့ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။