Thursday, September 24, 2009

ကြားဖြတ်သတင်း

ကြားရတဲ့သတင်းလေးတစ်ခုပြောပြချင်တယ်။ အခုမြန်မာနိုင်ငံမှာ ငါးထောင် တန်တွေထုပ် တော့မယ်တဲ့။ အောက်တိုဘာ ၁ ရက်နေ့မှစပြီးသုံးလို့ရပြီတဲ့။ ငွေစက္ကူက ဆင်ဖြူ ရတနာပုံနှင့် နေပြည်တော်ကို နောက်ခံထားမှာတဲ့။ (မြန်မာ့ရုပ်မြင် သံကြားက ကြေငြာသွားတာ)

အဲဒါ ကောင်းလားဟင်? မသိလို့အဖြေလေး ပေးကြပါအုန်း။
ဤသတင်း ပြောပြပေးတဲ့ သူငယ်ချင်း သီရီကိုကျေးဇူးတင်ပါတယ်


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

6 comments:

Waing said...

ငွေကြေးဖောင်းပွမှုတော့ဖြစ်လာမှာအမှန်ပဲ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ..

5000 တန်တွေ ထုတ်တော့မယ် ဆိုတော့... အဲဒါ ကောင်းလားဟင်.. ဆိုလို့..

ကောင်းပါတယ် လို့ပဲ ဖြေရမှာပါ။

ကောင်းကျိုး ဆိုးကျိုး ကတော့ ဒွန်တွဲနေမှာပါ။

အကောင်းဘက် များလို့ ထုတ်တာ ဖြစ်မှာပါ။

ခင်မင်စွာဖြင့်
ကိုမျိုး

Talkii said...

ကောင်းဘူး

Anonymous said...

မကောင်းဘူးထင်တယ်

ဂျေဂျူဝိုင် said...

ကောင်းဘူး။ တစ်ရွက်တည်းရှိတဲ့အချိန် ကျပျောက်သွားရင် ဘယ်လိုလုပ်မလဲ။

ကိုလူထွေး said...

ဘယ်ကောင်းမလဲ
အခု ၅၀၀၀ တန်
နောက်နည်းနည်းကြာတော့ ၁၀၀၀၀ တန်
သိပ်မကြာခင်မှာ ၁ သန်းတန် ထွက်တော့မယ်
ပြန်သူတွေမှာတော့ ရတဲ့ဝင်ငွေက တိုးမလာဘူး
ကုန်ဈေးနှုန်းတွေသာ တိုးလာတော့မယ်
ပိုက်ဆံတန်ဖိုးက လျော့သထက် လျော့လာတာကိုး

း(