Monday, September 21, 2009

အသိပေးခြင်း

ကျမရုံးကကွန်းပြူတာကတော့ကျမကို တာ့တာလို့နှုတ်ဆက်သွားပြီ။
ကျမကတော့ နှုတ်မဆက်ချင်ဘူး။ ( နှုတ်မဆက်နဲ့ ငိုချင်တယ်) ။
အိုင်တီသမားကပြောတယ် hard disk ပျက်ဆီးသွားတာတဲ့။
( ကိုလူထွေး ဟောတဲ့ဗေဒင် သိပ်မှန်တာပဲ)

ကျမရဲ့ ကိုယ်ရေးကိုယ်တာတွေရော အလုပ်ထဲကဟာတွေရော ပြန်မရတော့ဘူး။ အလုပ်ကတော့ပြန်လုပ်ရင်ရပါတယ် အချိန်တော့ပေးရမှာပေါ့ ၂၀၀၉ တစ်နှစ်လုံးလုပ် ထားတာကို။တကယ်တမ်:တွေးကြည့်တော့ ကိုယ့်ရဲ့ ပေါ့ဆမူ့ပဲလေ သင်ခန်:စာတော့ရလိုက်တယ်။ နောက်ပြီး သူဌေးရဲ့ အပြစ်ပေါ့ ဘိုးတော်ဘုရား လက်ထက်က ကွန်ပြူတာကြီး လဲမှမပေ:တာကို။ ဘာပဲဖြစ်ဖြစ် အသစ် သုံးရတာပေါ့။ အဆိုးထဲကအကောင်းပေါ့။ နို့မို့ဆိုရင် အသစ်ရဖို့လမ်းမမြင်ရေးချမမြင်။ သူဌေး ကော်တရာကပ်စေးနှဲ။

ကျမက တော့ ဖြေတွေးတွေးပြီး နေလိုက်တယ် ( ကိုယ့်ကွန် မှမဟုတ်တာနော့ ) နောက်တစ်ခု နှမြောတာက ကျမရဲ့ အီးဘွတ်တွေ ။ လက်ရှိမှာ ကျမ အလုပ်တွေ အရမ်းရှုပ် နေပါတယ်။ ဒါကြောင့်မို့ အသစ်တင်နိုင်မယ် မထင်ပါဘူး။ ( ရမယ်ရှာတာ ဟီ ဟိ) ဒါကြောင့် လာလည်ကြတဲ့ သူငယ်ချင်းများကို အားနာပါတယ်နော်။ တောင်းလည်းတောင်းပန်ပါတယ်။ အလုပ်တွေပါ:သွား ရင်တော့တင်ပါ့မယ် လို့ ပြောလိုပါတယ်နော်။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

2 comments:

ကိုလူထွေး said...

မှန်ရမယ်လေ...မှန်ရမယ်... ကိုလူထွေးက ဒီနည်းနဲ့ ဗြောင်လိမ်..အဲ.. ဟောစားနေတာ ကြာပီကိုး....

တကယ်တော့ ကိုယ့်စက်လည်း ဒီနည်းနဲ့ ပျက်သွားဖူးလို့ပါ... ကြားရတာလည်း စိတ်မကောင်းပါဘူး... စက်ပျက်သွားတာထက် file တွေ ပါသွားတယ် ဆိုလို့ပါ...

သင်ခန်းစာပေါ့...

းဝ)

Anonymous said...

ဒါများ အမရယ် ဟတ်ဒစ်တခုမှ ဘာမှမရှိဘူး၊ ဝယ်လိုက်တခု....။